iMyanmarHouse.com - Best Property Website for Myanmar
×

‘အေမွာင္မွာ ရြာခ်တဲ့မိုးတိမ္’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ႐ုပ္ရွင္ဇာတ္ ပုိ႔ဆုရဖို႔ ပရိသတ္ထင္ေၾကးေပးျခင္း ခံခဲ့ရေပမယ့္ လြဲေခ်ာ္ခဲ့ရတ့ဲ ဝါရင့္ ဇာတ္ပို႔သ႐ုပ္ေဆာင္ဟိန္းမင္းကုိ ယခုလိုေမးျမန္းခဲ့ပါတယ္။ ေမး- ၿပီးခဲ့တဲ့ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပဲြမွာ ဇာတ္ပို႕ဆုေတြကို မင္းသား မင္းသမီးေတြကိုသာေပးခဲ့တဲ့အေပၚ ဦးရဲ႕အျမင္ေလးေျပာျပေပးပါဦး။

ေျဖ-ၿပီးခဲ့တဲ့ အကယ္ဒမီပဲြနဲ႕ ပတ္ သက္ၿပီး ပရိသတ္ေတြလည္းသိခဲ့ မွာပါ။ ဦးတို႔လိုဇာတ္ပို႔ေတြဆိုတာ တစ္သက္မွာ တစ္ခါပဲအခြင့္အေရး ရတာျဖစ္ပါတယ္။ မင္းသားေတြ မင္းသမီးေတြကေတာ့ ဒီႏွစ္မရရင္ ေနာက္ႏွစ္ရၾကမွာပါ။ အကယ္ဒမီ ေပးတယ္ဆိုတာအလႊာလိုက္ေပး သင့္ပါတယ္။ ဘာေၾကာင့္ခဲြျခားခဲြ ျခားလုပ္တာလည္းဆိုတာ ဦးတို႕ လည္းစဥ္းစားလို႔မရပါဘူး။ မမွ်တ ဘူး။ ေနာက္သူတို႔အကယ္ဒမီေပး တဲ့သူေတြလည္း သိရမယ္။

သူတို႕ လည္း အႏုပညာရွင္ေတြပဲျဖစ္ တယ္။ သိရဲ႕သားနဲ႔မသိခ်င္ေယာင္ ေဆာင္ေနတာလား။ ႐ိုက္ကြင္း မွာဆိုရင္ ဦးကမန္ေနဂ်ာလည္း လုပ္တယ္။ သ႐ုပ္ေဆာင္လည္း လုပ္ပါတယ္။ အဲဒီမွာ ဇာတ္ကား အတြက္ သ႐ုပ္ေဆာင္ေတြသြားငွား ၿပီဆိုရင္ မင္းသားဆိုရင္ မင္းသား ႏွစ္ေယာက္အၿပိဳင္ငွားရပါတယ္။ မင္းသားႏွစ္ေယာက္ကိုပဲ တစ္ ေယာက္ကို ဇာတ္ေဆာင္၊ တစ္ ေယာက္ကိုဇာတ္ပို႔ဆိုၿပီး ငွားလို႕ မရပါဘူး။ အခုဇာတ္ပို႕ဆုရသြား တဲ့ သ႐ုပ္ေဆာင္ေတြနဲ႔ဦးေျပာ တာမဆိုင္ပါဘူး။ အကယ္ဒမီ ေပးတဲ့သူေတြနဲ႕ပဲဆိုင္ပါတယ္။ အဲဒါကသိသိနဲ႔လုပ္သလိုျဖစ္ေန ပါတယ္။ တစ္ႏွစ္လာလည္း ဒီအ တိုင္းပဲ။ အဲဒါေၾကာင့္ ျမန္မာ့႐ုပ္ ရွင္ကဘယ္ေတာ့မွလည္း တိုးတက္ လာမွာမဟုတ္ပါဘူး။ ေနာက္ အ ကယ္ဒမီဆိုတာကလည္း ဒီႏွစ္ မွာ သ႐ုပ္ေဆာင္တစ္ေယာက္က ေကာင္းလို႕ရခဲ့တယ္။ ေနာက္ႏွစ္ မွာလည္း ဆက္ေကာင္းတယ္ဆို ရင္ထပ္ေပးရမွာ။ အရင္ႏွစ္ကရ ၿပီးလို႔ မေပးေတာ့ဘူးဆိုတာမ်ိဳး လည္းမျဖစ္သင့္ပါဘူး။ အခုဟာ ကစည္းမ်ဥ္းမက်ပါဘူး။

ဇာတ္ပို႔ ကိုေတာ့ တကယ့္ဇာတ္ပို႔ကိုပဲေပး သင့္ပါတယ္။ ဦးတို႔ဇာတ္ပို႔ေတြ မွာကိုယ္႐ိုက္ခ်င္တဲ့ဇာတ္လမ္းကို ေရြးခ်ယ္ပိုင္ခြင့္လည္းမရွိပါဘူး။ မင္းသား၊ မင္းသမီးေတြမွာေတာ့ ေရြးပိုင္ခြင့္ရွိပါတယ္။ ဇာတ္ပို႕ေတြ မွာက တစ္သက္မွာတစ္ခါေတာင္ ရခ်င္မွရတာပါ။ အဲဒါေၾကာင့္ လူ လူခ်င္းစာနာစိတ္ရွိရင္ေတာ့ ဇာတ္ ပို႕ေတြကို ၾကည့္သင့္ပါတယ္။ သူ တို႔အကဲျဖတ္အဖဲြ႕လုပ္တယ္ဆို ေတာ့ သူတို႔ပိုသိသင့္ပါတယ္။ မသိဘူးဆိုရင္လည္း အကဲျဖတ္ ဒိုင္အျဖစ္လုပ္မေနပါနဲ႔။ ပရိသတ္ ေတြေတာင္ ကြၽန္ေတာ္တို႔ေလာက အေၾကာင္းကိုမသိတာေတာင္ ပရိ သတ္ေတြေျပာျပႏိုင္တယ္။ အဲဒီ ေတာ့ သူတို႔မရွက္ၾကပါဘူး။ မင္း သားမင္းသမီးေတြနဲ႔လံုးဝမဆိုင္ ဘူး။ သူတို႔လူႀကီးေတြနဲ႕သာဆိုင္ ပါတယ္။ သူတို႔က ကြၽန္ေတာ္တို႕ နဲ႔မင္းသားမင္းသမီးေတြကိုေတာင္ ရန္တိုက္ေပးသလို ျဖစ္ေနပါတယ္။

ေမး-‘အေမွာင္မွာရြာခ်တဲ့မိုးတိမ္’ဇာတ္ကားၾကီးမွာ ပရိသတ္ေတြ ထင္ေၾကးေပးတာ ခံထားရေပမယ့္ လဲြေခ်ာ္သြားတာနဲ႕ပတ္သက္ၿပီး စိတ္ ခံစားခ်က္ေလး ေျပာျပေပးပါ။ ေျဖ-ဦးမရလို႔ေျပာေနတာလည္း မ ဟုတ္ပါဘူး။ ဦးမရဘဲ ဦးတို႔ဇာတ္ ပို႔ထဲက အျခားတစ္ဦးရမယ္ဆို လည္းေက်နပ္ပါတယ္။ ေရွ႕ဆက္ ၿပီးေတာ့လည္း ကိုယ္လုပ္စရာရွိ တာပဲ ဆက္လုပ္ေတာ့မယ္။ ေမွ်ာ္ မွန္းလို႔လည္း မရေတာ့ပါဘူး။ ဒါ ေပမဲ့လည္း ေက်နပ္တာတစ္ခုုက ေတာ့ သူတို႔မေပးခ်င္ေပမဲ့လည္း ျမန္မာတစ္ျပည္လံုးကေပးတဲ့ အကယ္ ဒမီေတာ့ ဦးရခဲ့တယ္။ ပိုတန္တယ္။ ပီတိလည္းျဖစ္ပါတယ္။ ဦးအႏွစ္ ၄ဝ ေက်ာ္ဒီသ႐ုပ္ေဆာင္ေလာကမွာ လုပ္ခဲ့တယ္။ တစ္ခါမွ ဒီလိုပရိ သတ္ေတြ အကယ္ဒမီေပးတာမ်ိဳး ကိုမရခဲ့ဖူးဘူး။ ကိုယ္လည္း ဖန္ တီးတာမဟုတ္ပါဘူး။ ဒါကလည္း ပရိသတ္ေတြရဲ႕ေမတၲာမွ်တဲ့သေဘာ ပါ။ အကယ္ဒမီမရလည္း စိတ္ ဓာတ္မက်ပါဘူး။ ဒီထက္ပိုႀကိဳး စားသြားဖို႔ပဲရွိပါတယ္။

ေမး-ဇာတ္ပို႕ေတြအတြက္ ႀကံဳေတြ႕ ေနရတဲ့အခက္အခဲေတြကေရာ..။ ေျဖ-ဒါကေတာ့ အမ်ားဆံုးၾကံဳရ တာျဖစ္ပါတယ္။ ေငြေရးေၾကးေရး မွာလည္းမင္းသားမင္းသမီးေတြ က အႏုပညာေၾကးတစ္မ်ိဳးပါ။ ကြၽန္ေတာ္တို႔လို ဇာတ္ပို႔ေတြကို ေတာ့ ညႇစ္တာမွၾကံရည္လိုပါပဲ။ ဦးတို႔ကလည္း စားဝတ္ေနေရးအ ဆင္ေျပဖို႔ရတဲ့ေငြေၾကးနဲ႔႐ိုက္ရပါ တယ္။ ကိုယ္ေတြကေစ်းမတည့္လို႔ မလုပ္ဘူးဆိုရင္လည္း ကိုယ့္ေန ရာကို သူမ်ားလုပ္မွာျဖစ္ပါတယ္။အဲဒါေၾကာင့္ ရတာေလးနဲ႔လုပ္ရ တယ္။ သ႐ုပ္ေဆာင္ရတာပင္ပန္း ေပမယ့္ ပင္ပန္းရက်ိဳးမနပ္ခဲ့ပါဘူး။

ေမး-အရင္က အကယ္ဒမီကိုႏိုင္ငံ ေတာ္ အစိုးရကခ်ီးျမႇင့္တယ္။ အခုေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အ စည္းအ႐ံုးကေပးတာဆိုေတာ့ ဦး အေနနဲ႕က်ေတာ့ ကြာျခားခ်က္က ေရာ ဘယ္လိုရွိမလဲ။ ေျဖ-အရင္ကေတာ့ အကယ္ဒမီ ဆိုတာကိုႏိုင္ငံေတာ္က ခ်ီးျမႇင့္ေပး တာျဖစ္ပါတယ္။ အခုက ကိုယ့္အ ဖဲြ႕အစည္းကလုပ္လိုက္တဲ့အခ်ိန္ မွာ ပိုနစ္နာပါတယ္။ ပိုေကာင္းမ လားဆိုၿပီး ေမွ်ာ္လင့္ထားေပမယ့္ ပိုဆိုးသြားပါတယ္။ ႏိုင္ငံေတာ္က ခ်ီးျမႇင့္တာကိုတန္ဖိုးထားပါတယ္။ ႏိုင္ငံေတာ္က ခ်ီးျမႇင့္တာပဲပိုႀကိဳက္ ပါတယ္။ အခုဟာက ကိုယ့္လူကို လုပ္မွ ပိုဆိုးတယ္။ ေရွ႕ေနငွားမွ ေထာင္လံုးလံုးက်ဆိုသလိုျဖစ္ေန ပါတယ္။ ႏိုင္ငံေတာ္ကလုပ္တာပဲ သေဘာက်တယ္။ ကိုယ့္လူအခ်င္း ခ်င္း လုပ္တာပိုခံရခက္ပါတယ္။ ႐ုပ္ရွင္ေလာကတိုးတက္ဖို႔အတြက္ အလႊာအသီးသီးကလူေတြကို တန္း တူညီမွ်ဆက္ဆံသင့္ပါတယ္။

Credit : Yangon Media Group
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
‘အမှောင်မှာ ရွာချတဲ့မိုးတိမ်’ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ် ပို့ဆုရဖို့ ပရိသတ်ထင်ကြေးပေးခြင်း ခံခဲ့ရပေမယ့် လွဲချော်ခဲ့ရတဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင်ဟိန်းမင်းကို ယခုလိုမေးမြန်းခဲ့ပါတယ်။ မေး- ပြီးခဲ့တဲ့မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဇာတ်ပို့ဆုတွေကို မင်းသား မင်းသမီးတွေကိုသာပေးခဲ့တဲ့အပေါ် ဦးရဲ့အမြင်လေးပြောပြပေးပါဦး။

ဖြေ-ပြီးခဲ့တဲ့ အကယ်ဒမီပွဲနဲ့ ပတ် သက်ပြီး ပရိသတ်တွေလည်းသိခဲ့ မှာပါ။ ဦးတို့လိုဇာတ်ပို့တွေဆိုတာ တစ်သက်မှာ တစ်ခါပဲအခွင့်အရေး ရတာဖြစ်ပါတယ်။ မင်းသားတွေ မင်းသမီးတွေကတော့ ဒီနှစ်မရရင် နောက်နှစ်ရကြမှာပါ။ အကယ်ဒမီ ပေးတယ်ဆိုတာအလွှာလိုက်ပေး သင့်ပါတယ်။ ဘာကြောင့်ခွဲခြားခွဲ ခြားလုပ်တာလည်းဆိုတာ ဦးတို့ လည်းစဉ်းစားလို့မရပါဘူး။ မမျှတ ဘူး။ နောက်သူတို့အကယ်ဒမီပေး တဲ့သူတွေလည်း သိရမယ်။

သူတို့ လည်း အနုပညာရှင်တွေပဲဖြစ် တယ်။ သိရဲ့သားနဲ့မသိချင်ယောင် ဆောင်နေတာလား။ ရိုက်ကွင်း မှာဆိုရင် ဦးကမန်နေဂျာလည်း လုပ်တယ်။ သရုပ်ဆောင်လည်း လုပ်ပါတယ်။ အဲဒီမှာ ဇာတ်ကား အတွက် သရုပ်ဆောင်တွေသွားငှား ပြီဆိုရင် မင်းသားဆိုရင် မင်းသား နှစ်ယောက်အပြိုင်ငှားရပါတယ်။ မင်းသားနှစ်ယောက်ကိုပဲ တစ် ယောက်ကို ဇာတ်ဆောင်၊ တစ် ယောက်ကိုဇာတ်ပို့ဆိုပြီး ငှားလို့ မရပါဘူး။ အခုဇာတ်ပို့ဆုရသွား တဲ့ သရုပ်ဆောင်တွေနဲ့ဦးပြော တာမဆိုင်ပါဘူး။ အကယ်ဒမီ ပေးတဲ့သူတွေနဲ့ပဲဆိုင်ပါတယ်။ အဲဒါကသိသိနဲ့လုပ်သလိုဖြစ်နေ ပါတယ်။ တစ်နှစ်လာလည်း ဒီအ တိုင်းပဲ။ အဲဒါကြောင့် မြန်မာ့ရုပ် ရှင်ကဘယ်တော့မှလည်း တိုးတက် လာမှာမဟုတ်ပါဘူး။ နောက် အ ကယ်ဒမီဆိုတာကလည်း ဒီနှစ် မှာ သရုပ်ဆောင်တစ်ယောက်က ကောင်းလို့ရခဲ့တယ်။ နောက်နှစ် မှာလည်း ဆက်ကောင်းတယ်ဆို ရင်ထပ်ပေးရမှာ။ အရင်နှစ်ကရ ပြီးလို့ မပေးတော့ဘူးဆိုတာမျိုး လည်းမဖြစ်သင့်ပါဘူး။ အခုဟာ ကစည်းမျဉ်းမကျပါဘူး။

ဇာတ်ပို့ ကိုတော့ တကယ့်ဇာတ်ပို့ကိုပဲပေး သင့်ပါတယ်။ ဦးတို့ဇာတ်ပို့တွေ မှာကိုယ်ရိုက်ချင်တဲ့ဇာတ်လမ်းကို ရွေးချယ်ပိုင်ခွင့်လည်းမရှိပါဘူး။ မင်းသား၊ မင်းသမီးတွေမှာတော့ ရွေးပိုင်ခွင့်ရှိပါတယ်။ ဇာတ်ပို့တွေ မှာက တစ်သက်မှာတစ်ခါတောင် ရချင်မှရတာပါ။ အဲဒါကြောင့် လူ လူချင်းစာနာစိတ်ရှိရင်တော့ ဇာတ် ပို့တွေကို ကြည့်သင့်ပါတယ်။ သူ တို့အကဲဖြတ်အဖွဲ့လုပ်တယ်ဆို တော့ သူတို့ပိုသိသင့်ပါတယ်။ မသိဘူးဆိုရင်လည်း အကဲဖြတ် ဒိုင်အဖြစ်လုပ်မနေပါနဲ့။ ပရိသတ် တွေတောင် ကျွန်တော်တို့လောက အကြောင်းကိုမသိတာတောင် ပရိ သတ်တွေပြောပြနိုင်တယ်။ အဲဒီ တော့ သူတို့မရှက်ကြပါဘူး။ မင်း သားမင်းသမီးတွေနဲ့လုံးဝမဆိုင် ဘူး။ သူတို့လူကြီးတွေနဲ့သာဆိုင် ပါတယ်။ သူတို့က ကျွန်တော်တို့ နဲ့မင်းသားမင်းသမီးတွေကိုတောင် ရန်တိုက်ပေးသလို ဖြစ်နေပါတယ်။

မေး-‘အမှောင်မှာရွာချတဲ့မိုးတိမ်’ဇာတ်ကားကြီးမှာ ပရိသတ်တွေ ထင်ကြေးပေးတာ ခံထားရပေမယ့် လွဲချော်သွားတာနဲ့ပတ်သက်ပြီး စိတ် ခံစားချက်လေး ပြောပြပေးပါ။ ဖြေ-ဦးမရလို့ပြောနေတာလည်း မ ဟုတ်ပါဘူး။ ဦးမရဘဲ ဦးတို့ဇာတ် ပို့ထဲက အခြားတစ်ဦးရမယ်ဆို လည်းကျေနပ်ပါတယ်။ ရှေ့ဆက် ပြီးတော့လည်း ကိုယ်လုပ်စရာရှိ တာပဲ ဆက်လုပ်တော့မယ်။ မျှော် မှန်းလို့လည်း မရတော့ပါဘူး။ ဒါ ပေမဲ့လည်း ကျေနပ်တာတစ်ခုုက တော့ သူတို့မပေးချင်ပေမဲ့လည်း မြန်မာတစ်ပြည်လုံးကပေးတဲ့ အကယ် ဒမီတော့ ဦးရခဲ့တယ်။ ပိုတန်တယ်။ ပီတိလည်းဖြစ်ပါတယ်။ ဦးအနှစ် ၄ဝ ကျော်ဒီသရုပ်ဆောင်လောကမှာ လုပ်ခဲ့တယ်။ တစ်ခါမှ ဒီလိုပရိ သတ်တွေ အကယ်ဒမီပေးတာမျိုး ကိုမရခဲ့ဖူးဘူး။ ကိုယ်လည်း ဖန် တီးတာမဟုတ်ပါဘူး။ ဒါကလည်း ပရိသတ်တွေရဲ့မေတ္တာမျှတဲ့သဘော ပါ။ အကယ်ဒမီမရလည်း စိတ် ဓာတ်မကျပါဘူး။ ဒီထက်ပိုကြိုး စားသွားဖို့ပဲရှိပါတယ်။

မေး-ဇာတ်ပို့တွေအတွက် ကြုံတွေ့ နေရတဲ့အခက်အခဲတွေကရော..။ ဖြေ-ဒါကတော့ အများဆုံးကြုံရ တာဖြစ်ပါတယ်။ ငွေရေးကြေးရေး မှာလည်းမင်းသားမင်းသမီးတွေ က အနုပညာကြေးတစ်မျိုးပါ။ ကျွန်တော်တို့လို ဇာတ်ပို့တွေကို တော့ ညှစ်တာမှကြံရည်လိုပါပဲ။ ဦးတို့ကလည်း စားဝတ်နေရေးအ ဆင်ပြေဖို့ရတဲ့ငွေကြေးနဲ့ရိုက်ရပါ တယ်။ ကိုယ်တွေကဈေးမတည့်လို့ မလုပ်ဘူးဆိုရင်လည်း ကိုယ့်နေ ရာကို သူများလုပ်မှာဖြစ်ပါတယ်။အဲဒါကြောင့် ရတာလေးနဲ့လုပ်ရ တယ်။ သရုပ်ဆောင်ရတာပင်ပန်း ပေမယ့် ပင်ပန်းရကျိုးမနပ်ခဲ့ပါဘူး။

မေး-အရင်က အကယ်ဒမီကိုနိုင်ငံ တော် အစိုးရကချီးမြှင့်တယ်။ အခုတော့ မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးကပေးတာဆိုတော့ ဦး အနေနဲ့ကျတော့ ကွာခြားချက်က ရော ဘယ်လိုရှိမလဲ။ ဖြေ-အရင်ကတော့ အကယ်ဒမီ ဆိုတာကိုနိုင်ငံတော်က ချီးမြှင့်ပေး တာဖြစ်ပါတယ်။ အခုက ကိုယ့်အ ဖွဲ့အစည်းကလုပ်လိုက်တဲ့အချိန် မှာ ပိုနစ်နာပါတယ်။ ပိုကောင်းမ လားဆိုပြီး မျှော်လင့်ထားပေမယ့် ပိုဆိုးသွားပါတယ်။ နိုင်ငံတော်က ချီးမြှင့်တာကိုတန်ဖိုးထားပါတယ်။ နိုင်ငံတော်က ချီးမြှင့်တာပဲပိုကြိုက် ပါတယ်။ အခုဟာက ကိုယ့်လူကို လုပ်မှ ပိုဆိုးတယ်။ ရှေ့နေငှားမှ ထောင်လုံးလုံးကျဆိုသလိုဖြစ်နေ ပါတယ်။ နိုင်ငံတော်ကလုပ်တာပဲ သဘောကျတယ်။ ကိုယ့်လူအချင်း ချင်း လုပ်တာပိုခံရခက်ပါတယ်။ ရုပ်ရှင်လောကတိုးတက်ဖို့အတွက် အလွှာအသီးသီးကလူတွေကို တန်း တူညီမျှဆက်ဆံသင့်ပါတယ်။

Credit : Yangon Media Group

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top