iMyanmarHouse.com - Best Property Website for Myanmar
×

တစ္သက္လံုးလက္တြဲဖို႔အတြက္ လက္ထပ္ေတာ့မယ္ဆုိရင္ အမ်ားႀကီး အခ်ိန္ယူစဥ္းစားမွ ေတာ္ကာၾကတာေလ။ ခ်စ္တာေတာ့ ခ်စ္တာေပါ့ ဒါေပမဲ့ တစ္သက္လံုး ခ်စ္ႏိုင္မလား၊ နားလည္ေပးႏိုင္ပါ့မလား ဆိုတာေတြကလည္း ႐ွိေသးတာကိုး။ ကိုယ့္ဘဝတစ္ေလွ်ာက္လံုး သူနဲ႔ပဲ ျဖတ္သန္းခ်င္လာၿပီဆုိရင္၊ လက္ထပ္ေတာ့မယ္ဆုိရင္ ဒီအေျခအေနေတြကို ျဖတ္သန္းၿပီးၿပီဆုိေတာ့မွ ဆံုးျဖတ္ေစခ်င္ပါတယ္ေနာ္။

၁။ ခရီးအတူထြက္ပါ

ခရီးတုိေလးမဟုတ္ဘဲနဲ႔ တကယ္ကို ႀကီးမားတဲ့ ခရီးတစ္ခုကို အတူတူသြားၾကည့္ပါ။ ဘယ္လိုမ်ိဳးလဲဆုိရင္ ႏွစ္ေယာက္အတူ ေပ်ာ္ရတာခ်ည္း မဟုတ္ဘဲ အတူတူလုပ္ေဆာင္ရမယ့္အရာေတြ၊ ခံစားခ်က္ေတြကို အေျပာင္းအလဲေလးေတြ ျဖစ္သြားေစမယ့္ ခရီးမ်ိဳးပါ။ ေနရာက အဓိကမက်ပါဘူး။ ႏွစ္ေယာက္လံုးအတြက္ စိန္ေခၚမႈေတြ ျဖစ္လာေစမယ့္ ခရီးမ်ိဳးကို အတူတူသြားၾကည့္ပါဦး။

၂။ အႀကီးအက်ယ္သတ္ၿပီး ေအာင္ေအာင္ျမင္ျမင္ေျပလည္သြားတယ္

တစ္ေယာက္ကိုတစ္ေယာက္ မေခၚႏုိင္မေျပာႏိုင္ ျဖစ္ရေလာက္ေအာင္ ရန္ျဖစ္ၾကၿပီးမွ ျပန္ေျပလည္သြားၾကတာမ်ိဳး ျဖစ္ဖူးၿပီလား။ တစ္ေယာက္ကိုတစ္ေယာက္ ထိခိုက္နစ္နာေအာင္မလုပ္မိဘဲ ရန္ျဖစ္ေနတာေတြကို အဆံုးသတ္ႏုိင္ခဲ့ၿပီးၿပီလား။ စကားမ်ားရန္ျဖစ္တာ စိတ္ဆိုးစိတ္ေကာက္တာက စံုတြဲတုိင္းၾကံဳေနရတဲ့ကိစၥေလ။ အဲ့လိုအခ်ိန္မ်ိဳးမွာ စိတ္ထဲနာက်င္သြားေလာက္ေအာင္ ဒဏ္ရာေတြမရေစဘဲ ေျပလည္သြားေအာင္ ေျဖရွင္းတတ္ေအာင္ ႀကိဳးစားၾကည့္ၿပီးမွ အိမ္ေထာင္သည္ဘဝကို စိတ္ကူးသင့္တယ္။

၃။ ေနာက္ခံအေၾကာင္းေတြေျပာၿပီးၿပီလား

ကိုယ့္ရဲ႕ ငယ္ဘဝကိစၥေတြ အတိတ္ျဖစ္ရပ္ေတြနဲ႔ မိသားစုအေၾကာင္းေတြ ေျပာၿပီးၾကၿပီလား။ ဖံုးကြယ္လိမ္ညာထားၿပီး လက္ထပ္တာထက္ ပြင့္ပြင့္လင္းလင္း ေျပာျပ တုိင္ပင္ၿပီးမွ ေရွ႕ဆက္ၾကတာကသာ မွန္ကန္တဲ့နည္း ျဖစ္ပါတယ္။ တကယ္ခ်စ္တဲ့လူဆုိတာ အတိတ္ကို ျပန္တူးေဖာ္ၿပီး အျပစ္ရွာေနမွာမဟုတ္ဘူး။ ေရွ႕ဆက္ဖုိ႔ကိုပဲ အာရံုစိုက္မယ့္လူမ်ိဳးပါ။

၄။ ေငြေရးေၾကးေရးမွ်ေဝတယ္

သူကေတာ့ ေယာက္်ားေလးပဲ အိမ္ေထာင္က်ၿပီးရင္ လုပ္ေကၽြးေပါ့တို႔ … မင္းကပိုက္ဆံရွိတာပဲ မင္းပဲရွင္းတုိ႔ ဆုိတဲ့ တစ္ဖက္သက္ဆန္တာေတြက တကယ့္အခ်စ္မဟုတ္ဘူးေနာ္။ အတူတူ သြားၾကစားၾကတဲ့အခါ ကုန္က်စရိတ္ကို မွ်ခံတာမ်ိဳး ျဖစ္သင့္ပါတယ္။ ေငြေရးေၾကးေရးပိုင္းမွာ တစ္ေယာက္တည္းကို မွီခိုေနတာမ်ိဳးက ေရရွည္ဆုိရင္ အဆင္မေျပႏုိင္ဘူး။ ျဖစ္သင့္တာကေတာ့ ႏွစ္ေယာက္စာဘတ္ဂ်တ္ကိုထုတ္ထားၿပီး အဲ့ဒီဘတ္ဂ်တ္နဲ႔ ေလာက္ေအာင္သံုးတာ အေကာင္းဆံုးပါ။

၅။ လံုေလာက္တဲ့ရင္းႏွီးကၽြမ္းဝင္မႈ

ႏိုင္ငံျခားမွာ ဆုိရင္ေတာ့ လက္မထပ္မီ အတူတူေနၾကည့္ၾကပါေသးတယ္။ ဘဝကို အတူတူျဖတ္သန္းၾကည့္ဖုိ႔အတြက္ အဆင္ေျပ၊ မေျပဆုိတာကို သိရေအာင္လို႔ေလ။ ျမန္မာ့ယဥ္ေက်းမႈမွာေတာ့ ဒီလိုမ်ိဳးက သိပ္မရွိဘူး။ အေကာင္းဆံုးကေတာ့ ႏွစ္ေယာက္သားနီးနီးကပ္ကပ္ေနၾကည့္ဖုိ႔ပါပဲ။ သူ႔အိမ္သားေတြနဲ႔ေရာ သူနဲ႔ပါ ကိုယ္က ရင္းႏွီးကၽြမ္းဝင္ေနၿပီဆုိရင္ အေကာင္းဆံုးေပါ့။ သူ႔အက်င့္စရိုက္၊ စိတ္ေနစိတ္ထားေတြကို ဂဃနဏ သိထားၿပီးေတာ့မွ လက္ထပ္ဖုိ႔ပါပဲ။ သမီးရည္းစားဘဝတုန္းက အရမ္းခ်စ္ျပသေလာက္ အိမ္ေထာင္က်ေတာ့မွ ဆူဆဲရိုက္ပုတ္တဲ့စရိုက္ေတြ ေပၚလာလို႔ ကြဲၾကကြာၾကရတာဟာ ဒီလိုမ်ိဳးလံုေလာက္တဲ့ ရင္းႏွီးမႈ မရခဲ့လို႔ပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်သက်လုံးလက်တွဲဖို့အတွက် လက်ထပ်တော့မယ်ဆိုရင် အများကြီး အချိန်ယူစဉ်းစားမှ တော်ကာကြတာလေ။ ချစ်တာတော့ ချစ်တာပေါ့ ဒါပေမဲ့ တစ်သက်လုံး ချစ်နိုင်မလား၊ နားလည်ပေးနိုင်ပါ့မလား ဆိုတာတွေကလည်း ရှိသေးတာကိုး။ ကိုယ့်ဘဝတစ်လျှောက်လုံး သူနဲ့ပဲ ဖြတ်သန်းချင်လာပြီဆိုရင်၊ လက်ထပ်တော့မယ်ဆိုရင် ဒီအခြေအနေတွေကို ဖြတ်သန်းပြီးပြီဆိုတော့မှ ဆုံးဖြတ်စေချင်ပါတယ်နော်။

၁။ ခရီးအတူထွက်ပါ

ခရီးတိုလေးမဟုတ်ဘဲနဲ့ တကယ်ကို ကြီးမားတဲ့ ခရီးတစ်ခုကို အတူတူသွားကြည့်ပါ။ ဘယ်လိုမျိုးလဲဆိုရင် နှစ်ယောက်အတူ ပျော်ရတာချည်း မဟုတ်ဘဲ အတူတူလုပ်ဆောင်ရမယ့်အရာတွေ၊ ခံစားချက်တွေကို အပြောင်းအလဲလေးတွေ ဖြစ်သွားစေမယ့် ခရီးမျိုးပါ။ နေရာက အဓိကမကျပါဘူး။ နှစ်ယောက်လုံးအတွက် စိန်ခေါ်မှုတွေ ဖြစ်လာစေမယ့် ခရီးမျိုးကို အတူတူသွားကြည့်ပါဦး။

၂။ အကြီးအကျယ်သတ်ပြီး အောင်အောင်မြင်မြင်ပြေလည်သွားတယ်

တစ်ယောက်ကိုတစ်ယောက် မခေါ်နိုင်မပြောနိုင် ဖြစ်ရလောက်အောင် ရန်ဖြစ်ကြပြီးမှ ပြန်ပြေလည်သွားကြတာမျိုး ဖြစ်ဖူးပြီလား။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နစ်နာအောင်မလုပ်မိဘဲ ရန်ဖြစ်နေတာတွေကို အဆုံးသတ်နိုင်ခဲ့ပြီးပြီလား။ စကားများရန်ဖြစ်တာ စိတ်ဆိုးစိတ်ကောက်တာက စုံတွဲတိုင်းကြုံနေရတဲ့ကိစ္စလေ။ အဲ့လိုအချိန်မျိုးမှာ စိတ်ထဲနာကျင်သွားလောက်အောင် ဒဏ်ရာတွေမရစေဘဲ ပြေလည်သွားအောင် ဖြေရှင်းတတ်အောင် ကြိုးစားကြည့်ပြီးမှ အိမ်ထောင်သည်ဘဝကို စိတ်ကူးသင့်တယ်။

၃။ နောက်ခံအကြောင်းတွေပြောပြီးပြီလား

ကိုယ့်ရဲ့ ငယ်ဘဝကိစ္စတွေ အတိတ်ဖြစ်ရပ်တွေနဲ့ မိသားစုအကြောင်းတွေ ပြောပြီးကြပြီလား။ ဖုံးကွယ်လိမ်ညာထားပြီး လက်ထပ်တာထက် ပွင့်ပွင့်လင်းလင်း ပြောပြ တိုင်ပင်ပြီးမှ ရှေ့ဆက်ကြတာကသာ မှန်ကန်တဲ့နည်း ဖြစ်ပါတယ်။ တကယ်ချစ်တဲ့လူဆိုတာ အတိတ်ကို ပြန်တူးဖော်ပြီး အပြစ်ရှာနေမှာမဟုတ်ဘူး။ ရှေ့ဆက်ဖို့ကိုပဲ အာရုံစိုက်မယ့်လူမျိုးပါ။

၄။ ငွေရေးကြေးရေးမျှဝေတယ်

သူကတော့ ယောက်ျားလေးပဲ အိမ်ထောင်ကျပြီးရင် လုပ်ကျွေးပေါ့တို့ … မင်းကပိုက်ဆံရှိတာပဲ မင်းပဲရှင်းတို့ ဆိုတဲ့ တစ်ဖက်သက်ဆန်တာတွေက တကယ့်အချစ်မဟုတ်ဘူးနော်။ အတူတူ သွားကြစားကြတဲ့အခါ ကုန်ကျစရိတ်ကို မျှခံတာမျိုး ဖြစ်သင့်ပါတယ်။ ငွေရေးကြေးရေးပိုင်းမှာ တစ်ယောက်တည်းကို မှီခိုနေတာမျိုးက ရေရှည်ဆိုရင် အဆင်မပြေနိုင်ဘူး။ ဖြစ်သင့်တာကတော့ နှစ်ယောက်စာဘတ်ဂျတ်ကိုထုတ်ထားပြီး အဲ့ဒီဘတ်ဂျတ်နဲ့ လောက်အောင်သုံးတာ အကောင်းဆုံးပါ။

၅။ လုံလောက်တဲ့ရင်းနှီးကျွမ်းဝင်မှု

နိုင်ငံခြားမှာ ဆိုရင်တော့ လက်မထပ်မီ အတူတူနေကြည့်ကြပါသေးတယ်။ ဘဝကို အတူတူဖြတ်သန်းကြည့်ဖို့အတွက် အဆင်ပြေ၊ မပြေဆိုတာကို သိရအောင်လို့လေ။ မြန်မာ့ယဉ်ကျေးမှုမှာတော့ ဒီလိုမျိုးက သိပ်မရှိဘူး။ အကောင်းဆုံးကတော့ နှစ်ယောက်သားနီးနီးကပ်ကပ်နေကြည့်ဖို့ပါပဲ။ သူ့အိမ်သားတွေနဲ့ရော သူနဲ့ပါ ကိုယ်က ရင်းနှီးကျွမ်းဝင်နေပြီဆိုရင် အကောင်းဆုံးပေါ့။ သူ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေကို ဂဃနဏ သိထားပြီးတော့မှ လက်ထပ်ဖို့ပါပဲ။ သမီးရည်းစားဘဝတုန်းက အရမ်းချစ်ပြသလောက် အိမ်ထောင်ကျတော့မှ ဆူဆဲရိုက်ပုတ်တဲ့စရိုက်တွေ ပေါ်လာလို့ ကွဲကြကွာကြရတာဟာ ဒီလိုမျိုးလုံလောက်တဲ့ ရင်းနှီးမှု မရခဲ့လို့ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top