iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းခြင္ရဲ႕ ဖိအားေတြျဖစ္တဲ့ စိတ္ဖိစီးမႈေတြျဖစ္ျခင္း၊ အိပ္ေရးမဝျခင္း၊ လႈပ္ရွားမႈနည္းျခင္း၊ အစားအေသာက္မမွန္ျခင္း စတာေတြက ကိုယ္ဝန္ရဖို႔ ျပႆနာေတြျဖစ္လာေစပါတယ္။

လက္ရွိလုပ္ေနတဲ့ အလုပ္ေၾကာင့္လည္း ကိုယ္ဝန္ရဖို႔ ခက္ခဲေစႏိုင္ပါတယ္။ အလုပ္ ျပင္းျပင္းထန္ထန္လုပ္တဲ့ အမ်ိဳးသမီးေတြမွာ ကိုယ္ဝန္ရဖို႔ ခက္ခဲေစတာကို ေတြ႕ရပါတယ္။ အလုပ္ျပင္းျပင္းထန္္ထန္လုပ္တဲ့ အမ်ိဳးသမီးေတြနဲ႔ သာမန္အမ်ိဳးသမီးေတြကို ႏိႈင္းယွဥ္တဲ့အခါမွာ အလုပ္ျပင္းျပင္းထန္ထန္လုပ္တဲ့ အမ်ိဳးသမီးေတြမွာ မမ်ိဳးဥေၾကြႏႈန္း( ၁၄.၁)ရာခိုင္ႏႈန္းခန္႔ ပိုနည္းသြားတာကို ေတြ႕ရပါတယ္။

အသက္(၃၅)ႏွစ္အထက္ ျဖစ္ေနျခင္း၊ မ်ိဳး႐ိုးဗီဇတူေနျခင္း၊ endometriosis ေရာဂါရွိျခင္း၊ အမ်ိဳးသမီးေတြမွာ အန္ဒ႐ိုဂ်င္(က်ားေဟာ္မုန္း)မ်ားတဲ့ ေရာဂါလကၡဏာရွိျခင္းစတာေတြေၾကာင့္ ကိုယ္ဝန္ရဖို႔ ခက္ခဲႏိုင္ပါတယ္။ ေနာက္ထပ္ ကိုယ္ဝန္ရဖို႔ ခက္ခဲေနတဲ့ ျပႆနာေတြ ရွိေနပါေသးတယ္။ ေနထိုင္မႈ ပံုစံအေျပာင္းအလဲေတြကလည္း ကိုယ္ဝန္ရဖို႔ အခက္အခဲေတြ ရွိလာေစပါတယ္။

ဘာေၾကာင့္ ဒီလိုေတြ ျဖစ္လာရတာလဲ
လုပ္ငန္းခြင္ရဲ႕ စိတ္ဖိစီးမႈ၊ အိပ္ေရးမဝျခင္း၊ ေလ့က်င့္ခန္းပံုမွန္မျပဳႏိုင္ျခင္းေတြနဲ႔ ပံုစံမမွန္တဲ့ အစားအေသာက္ေတြေၾကာင့္ မမ်ိဳးဥေၾကြတဲ့ ရာခိုင္ႏႈန္းနည္းသြားရတာပါ။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္မွာ အလုပ္ႀကိဳးစားေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ျခင္း၊ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာေတြကို စားသံုးျခင္းနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးသက္သာေအာင္ ျပဳလုပ္ေပးဖို႔ လိုပါတယ္။ အိပ္ေရးဝဝ အိပ္ေပးဖို႔ကိုလည္း ျပဳလုပ္ေပးရပါမယ္။ ကိုယ္ဝန္ယူမယ့္အမ်ိဳးသမီးေတြအေနနဲ႔ လုပ္ငန္းခြင္မွာ သတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း အလုပ္လုပ္ေပးတာက အေကာင္းဆံုးျဖစ္ပါတယ္။ ကိုယ္ဝန္ယူမယ့္အမ်ိဳးသမီးေတြအေနနဲ႔ ျပည့္ျပည့္ဝဝ အနားယူေပးဖို႔လည္း လိုအပ္တာေၾကာင့္ လုပ္ငန္းခြင္မွာ အလုပ္အလြန္အကၽြံမလုပ္ဖို႔ သတိထားရပါမယ္။

လိင္ကိစၥေလ်ာ့နည္းတဲ့ ျပႆနာ
ျပင္းျပင္းထန္ထန္အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြမွာ လိင္ကိစၥေလ်ာ့နည္းတာကို ေတြ႕ရပါတယ္။ လိင္ဆက္ဆံတာေတြက ကိုယ္ဝန္ရဖို႔အတြက္ အဓိကအေရးပါတဲ့ ေနရာကေန ရွိပါတယ္။ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြနဲ႔ ပင္းပန္းႏြမ္းနယ္တာေတြေၾကာင့္ လိင္ဆက္ဆံခ်င္စိတ္ေတြ ေလ်ာ့နည္းလာပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ယူမယ့္ အမ်ိဳးသမီးေတြအေနနဲ႔ အလုပ္အလြန္အကၽြံမလုပ္ဖုိ႔လိုပါတယ္။

တန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း ကိုယ္ဝန္ယူမယ့္ အမ်ိဳးသမီးေတြအေနနဲ႔ လုပ္ငန္းခြင္နဲ႔ ဘဝကို ဟန္ခ်က္ညီေအာင္ ထိန္းခ်ဳပ္ေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit : Kalay with
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လုပ်ငန်းခွင်ရဲ့ ဖိအားတွေဖြစ်တဲ့ စိတ်ဖိစီးမှုတွေဖြစ်ခြင်း၊ အိပ်ရေးမဝခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အစားအသောက်မမှန်ခြင်း စတာတွေက ကိုယ်ဝန်ရဖို့ ပြဿနာတွေဖြစ်လာစေပါတယ်။

လက်ရှိလုပ်နေတဲ့ အလုပ်ကြောင့်လည်း ကိုယ်ဝန်ရဖို့ ခက်ခဲစေနိုင်ပါတယ်။ အလုပ် ပြင်းပြင်းထန်ထန်လုပ်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ ခက်ခဲစေတာကို တွေ့ရပါတယ်။ အလုပ်ပြင်းပြင်းထန်ထန်လုပ်တဲ့ အမျိုးသမီးတွေနဲ့ သာမန်အမျိုးသမီးတွေကို နှိုင်းယှဉ်တဲ့အခါမှာ အလုပ်ပြင်းပြင်းထန်ထန်လုပ်တဲ့ အမျိုးသမီးတွေမှာ မမျိုးဥကြွေနှုန်း( ၁၄.၁)ရာခိုင်နှုန်းခန့် ပိုနည်းသွားတာကို တွေ့ရပါတယ်။

အသက်(၃၅)နှစ်အထက် ဖြစ်နေခြင်း၊ မျိုးရိုးဗီဇတူနေခြင်း၊ endometriosis ရောဂါရှိခြင်း၊ အမျိုးသမီးတွေမှာ အန်ဒရိုဂျင်(ကျားဟော်မုန်း)များတဲ့ ရောဂါလက္ခဏာရှိခြင်းစတာတွေကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်ပါတယ်။ နောက်ထပ် ကိုယ်ဝန်ရဖို့ ခက်ခဲနေတဲ့ ပြဿနာတွေ ရှိနေပါသေးတယ်။ နေထိုင်မှု ပုံစံအပြောင်းအလဲတွေကလည်း ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ရှိလာစေပါတယ်။

ဘာကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ
လုပ်ငန်းခွင်ရဲ့ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ လေ့ကျင့်ခန်းပုံမှန်မပြုနိုင်ခြင်းတွေနဲ့ ပုံစံမမှန်တဲ့ အစားအသောက်တွေကြောင့် မမျိုးဥကြွေတဲ့ ရာခိုင်နှုန်းနည်းသွားရတာပါ။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။ အိပ်ရေးဝဝ အိပ်ပေးဖို့ကိုလည်း ပြုလုပ်ပေးရပါမယ်။ ကိုယ်ဝန်ယူမယ့်အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း အလုပ်လုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ဝန်ယူမယ့်အမျိုးသမီးတွေအနေနဲ့ ပြည့်ပြည့်ဝဝ အနားယူပေးဖို့လည်း လိုအပ်တာကြောင့် လုပ်ငန်းခွင်မှာ အလုပ်အလွန်အကျွံမလုပ်ဖို့ သတိထားရပါမယ်။

လိင်ကိစ္စလျော့နည်းတဲ့ ပြဿနာ
ပြင်းပြင်းထန်ထန်အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေမှာ လိင်ကိစ္စလျော့နည်းတာကို တွေ့ရပါတယ်။ လိင်ဆက်ဆံတာတွေက ကိုယ်ဝန်ရဖို့အတွက် အဓိကအရေးပါတဲ့ နေရာကနေ ရှိပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေနဲ့ ပင်းပန်းနွမ်းနယ်တာတွေကြောင့် လိင်ဆက်ဆံချင်စိတ်တွေ လျော့နည်းလာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ့် အမျိုးသမီးတွေအနေနဲ့ အလုပ်အလွန်အကျွံမလုပ်ဖို့လိုပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ကိုယ်ဝန်ယူမယ့် အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင်နဲ့ ဘဝကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : Kalay with

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top