iMyanmarHouse.com - Best Property Website for Myanmar
×






Souce : SheFinds

Credit : Duwun

ဆံပင်ဖြူပေါက်နေတာတွေ့လို့ "ငါတော့ ဘတ်နေပြီ" ဆိုပြီး စိတ်မညစ်ပါနဲ့။ အိုင်းစတိုင်းတို့ နယူတန်တို့လို ခေါင်းကောင်းတဲ့သူတွေက ဆံပင်ဖြူတတ်ကြတယ်လို့သာ မှတ်လိုက်ပါ။

ဆံပင်ရဲ့ တကယ့်မူလအရောင်က အဖြူရောင် ဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့ လိုက်ပြီး ဆံပင်အရောင်ခြယ်ဟော်မုန်း ထွက်နှုန်းကွာခြားခြင်းတို့ကြောင့် အဖြူရောင်၊ မီးခိုးရောင်၊ ပြောင်းဖူးမွှေးရောင်၊ အဝါရောင်၊ ရွှေရောင်၊ အညိုရောင်၊ အနက်ရောင် ဆိုပြီး ဆံပင်အရောင်အနုအရင့်အမျိုးမျိုး ထွက်နေတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အသက် (၄၀) ကျော် (၅၀) လောက်မှာ ဆံပင်ရောင်ခြယ်ဟော်မုန်းတွေ ကုန်ခန်းသွားပြီး ဆံပင် စဖြူလေ့ရှိပါတယ်။ ပေါက်လာတဲ့ ဆံပင်ဖြူကို နုတ်လိုက်လို့ ဆံပင်ဖြူတစ်ချောင်းကနေ နှစ်ချောင်းပွားလာတယ်ဆိုတာ မဟုတ်ပါဘူး။

ဆံပင်ဖြူတစ်ချောင်းကို နုတ်လိုက်တဲ့အခါမှာ ဆံချည်မျှင်နဲ့အတူ ဆံပင်အမြစ်ဖြစ်တဲ့ အဆီအိတ်ပါ ပါသွားတာပါ။ နုတ်လိုက်တဲ့ ဆံပင်နေရာမှာ ဆံပင်အသစ်တစ်ချောင်း ပြန်ထွက်လာအောင် ဆဲလ်တွေနဲ့ ပြန်လည်ဖွဲ့စည်းပေးရပါတယ်။ ဦးရေပြားမှာရှိတဲ့ အခြားဆံပင်တွေက အာဟာရတွေကို မျှပြီး ပေးရပါတယ်။ နဂိုတည်းကမှ ဆံပင်ဟော်မုန်းအားနည်းနေလို့ ဖြူနေတာပါ။ အခြားဆံပင်တွေက အာဟာရလုံလုံလောက်လောက် မရတဲ့အခါ ဆံပင်တွေ ပါးလာတာ၊ ကျဲလာတာနဲ့ ထိပ်ပြောင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ ခေါင်းမှာ ဆံပင်ဖြူတွေ့ရင် အကောင်းဆုံးနည်းက မနုတ်ဘဲ ဆံပင်အရင်းနားကပ်ပြီး ကတ်ကြေးလေးနဲ့ ညှပ်လိုက်ပါ။ ညှပ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်တွေ ပိုအားနည်းပြီး ပိုဖြူလာတာ၊ ဆံပင်ကျွတ်၊ ထိပ်ကွက်ပြီး၊ ပြောင်သွားတာတွေ မဖြစ်တော့ပါဘူး။ ညှပ်လို့မနိုင်ဘူးဆိုရင်တော့ ဆံပင်မီးခိုးရောင်သာ ဆိုးချလိုက်ပါ။ ခေတ်လည်းမီသွားမယ်၊ ခေါင်းလည်း မစားတော့ပါဘူး။

Souce : SheFinds

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top