iMyanmarHouse.com - Best Property Website for Myanmar
×

သင္အႀကိဳက္ဆံုး အႏွစ္သက္ဆံုးအေရာင္က ဘာပါလဲ။ အဲဒီအေရာင္ေတြက သင့္ရဲ႕ စိတ္ေတြ၊ သင့္အေၾကာင္းေတြကို ေဖာ္ျပေနပါတယ္။

ဒီတခါေျပာျပမယ့္ အေရာင္ေတြကေျပာတဲ့ သင့္အေၾကာင္းမွာေတာ့ အေရာင္ေတြ သိပ္မစံုေပမယ့္ လူႀကိဳက္မ်ားတတ္တဲ့အေရာင္ေတြကို မွ်ေဝေပးလိုက္ပါတယ္။

ပန္းေရာင္

ပန္းေရာင္ကေတာ့ လူငယ္ဆန္ျခင္း သြက္လက္ျခင္းကို ပံုေဆာင္ပါတယ္။ သင္ဟာ ခ်စ္စရာေကာင္းၿပီး ေအးေဆးတဲ့သူျဖစ္တယ္။ မိန္းမဆန္ၿပီး စြန္းခ်စ္စရာေကာင္းသူေတြပါ။ တျခားသူေတြရဲ႕ စိတ္ဝင္စားမႈ ဂရုစိုက္မႈကိုလည္း လိုခ်င္သူျဖစ္ပါတယ္။

အဝါေရာင္

အဝါေရာင္က ၂၀၁၈ မွာ ေခတ္စားေနတဲ့ အေရာင္လည္းျဖစ္ပါတယ္။ အဝါေရာင္ကိုဝတ္ဆင္သူေတြကေတာ့ ေပ်ာ္ရႊင္တတ္တယ္၊ ေႏြးေထြးၾကင္နာတတ္သူေတြျဖစ္ပါတယ္။ ေမွ်ာ္လင့္ျခင္းရဲ႕ သေကၤတလည္းျဖစ္ပါတယ္။ အဝါေရာင္ကေတာ့ ေပ်ာ္ရႊင္ျခင္း ရယ္ေမာစရာေကာင္းျခင္း အခုိက္အတန္႔ကို ပံုေဆာင္လို႔ အဝါေရာင္ႀကိဳက္သူေတြက ေပ်ာ္ရႊင္ျခင္း ရယ္ေမာျခင္းကို ႀကိဳက္ႏွစ္သက္သူျဖစ္ပါတယ္။ စိတ္ၾကည္လင္ ေအးခ်မ္းတဲ့ ခံစားခ်က္ကိုလည္း ရရွိေနတယ္လို႔ အဓိပၸာယ္ရပါတယ္။

ခရမ္းေရာင္

ခရမ္းေရာင္ကိုႀကိဳက္သူေတြကေတာ့ တီထြင္ႀကံဆမႈဥာဏ္ရွိတယ္။ စိတ္ကူးအိပ္မက္ေတြရွိတယ္။ ၾကြယ္ဝခ်မ္းသာမႈ၊ အထက္တန္းက်မႈ၊ ေလးစားမႈေတြနဲ႔ ျပည့္ႏွကေနသူပါ။ သင္ဟာ ထက္ျမတ္သူျဖစ္တယ္။ မာနရွိတယ္။ မိမိေျခေထာက္ေပၚ မိမိရပ္တည္ႏိုင္သူျဖစ္ပါတယ္။

အနီေရာင္

အနီေရာင္ကို ႏွစ္သက္သူေတြက စိတ္အားထက္သန္မႈရွိသူ ခ်စ္တတ္သူ ျဖစ္ပါတယ္။ ေသြးကို ကိုယ္စားျပဳတဲ့အေရာင္ျဖစ္ၿပီး အနီေရာင္ဟာ သင့္ရဲ႕ စိတ္ဖိစီးမႈေတြကို ခြန္အားနဲ႔ ေက်ာ္လႊားမယ္လို႔ အဓိပၸာယ္ရပါတယ္။ သင္ဟာ ေဒါသကို တတ္ႏိုင္သေလာက္ ထိန္းခ်ဳပ္မယ္ဆိုရင္ ေအာင္ျမင္မႈကိုရရွိမွာပါ။

လိေမၼာ္ေရာင္

လိေမၼာ္ေရာင္ကို ဝတ္ဆင္တဲ့သူဟာ တီထြင္ႀကံဆႏိုင္စြမ္းရွိၿပီး စိတ္ကူးစိတ္သန္းေကာင္းသူေတြျဖစ္ပါတယ္။ လိေမၼာ္ေရာင္က သင့္အတြက္အေကာင္းဆံုးကို ယူေဆာင္လာေပးမွာပါ။ စိတ္ကိုၾကည္လင္ေစၿပီး အာရံုစူးစိုက္မႈ ပိုေကာင္းေစပါတယ္။

အနက္ေရာင္

လူေတြ စိတ္မေပ်ာ္ရႊင္တဲ့အခါမွာ ဝတ္ဆင္ေလ့ရွိတဲ့အေရာင္ျဖစ္ေပမယ့္ သင့္ရဲ႕ စြမ္းအားျပည့္ဝမႈကိုလည္း ေဖာ္ျပေနတဲ့အေရာင္ျဖစ္ပါတယ္။ သင္ဟာလွပၿပီး ဥာဏ္ရည္ထက္ျမက္တယ္လို႔လည္း အနက္ေရာင္က ေဖာ္ျပေနပါတယ္ေနာ္။

Photo:www.blushybabe.com

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်အကြိုက်ဆုံး အနှစ်သက်ဆုံးအရောင်က ဘာပါလဲ။ အဲဒီအရောင်တွေက သင့်ရဲ့ စိတ်တွေ၊ သင့်အကြောင်းတွေကို ဖော်ပြနေပါတယ်။

ဒီတခါပြောပြမယ့် အရောင်တွေကပြောတဲ့ သင့်အကြောင်းမှာတော့ အရောင်တွေ သိပ်မစုံပေမယ့် လူကြိုက်များတတ်တဲ့အရောင်တွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်

ပန်းရောင်ကတော့ လူငယ်ဆန်ခြင်း သွက်လက်ခြင်းကို ပုံဆောင်ပါတယ်။ သင်ဟာ ချစ်စရာကောင်းပြီး အေးဆေးတဲ့သူဖြစ်တယ်။ မိန်းမဆန်ပြီး စွန်းချစ်စရာကောင်းသူတွေပါ။ တခြားသူတွေရဲ့ စိတ်ဝင်စားမှု ဂရုစိုက်မှုကိုလည်း လိုချင်သူဖြစ်ပါတယ်။

အဝါရောင်

အဝါရောင်က ၂၀၁၈ မှာ ခေတ်စားနေတဲ့ အရောင်လည်းဖြစ်ပါတယ်။ အဝါရောင်ကိုဝတ်ဆင်သူတွေကတော့ ပျော်ရွှင်တတ်တယ်၊ နွေးထွေးကြင်နာတတ်သူတွေဖြစ်ပါတယ်။ မျှော်လင့်ခြင်းရဲ့ သင်္ကေတလည်းဖြစ်ပါတယ်။ အဝါရောင်ကတော့ ပျော်ရွှင်ခြင်း ရယ်မောစရာကောင်းခြင်း အခိုက်အတန့်ကို ပုံဆောင်လို့ အဝါရောင်ကြိုက်သူတွေက ပျော်ရွှင်ခြင်း ရယ်မောခြင်းကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ စိတ်ကြည်လင် အေးချမ်းတဲ့ ခံစားချက်ကိုလည်း ရရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ခရမ်းရောင်

ခရမ်းရောင်ကိုကြိုက်သူတွေကတော့ တီထွင်ကြံဆမှုဉာဏ်ရှိတယ်။ စိတ်ကူးအိပ်မက်တွေရှိတယ်။ ကြွယ်ဝချမ်းသာမှု၊ အထက်တန်းကျမှု၊ လေးစားမှုတွေနဲ့ ပြည့်နှကနေသူပါ။ သင်ဟာ ထက်မြတ်သူဖြစ်တယ်။ မာနရှိတယ်။ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်သူဖြစ်ပါတယ်။

အနီရောင်

အနီရောင်ကို နှစ်သက်သူတွေက စိတ်အားထက်သန်မှုရှိသူ ချစ်တတ်သူ ဖြစ်ပါတယ်။ သွေးကို ကိုယ်စားပြုတဲ့အရောင်ဖြစ်ပြီး အနီရောင်ဟာ သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ခွန်အားနဲ့ ကျော်လွှားမယ်လို့ အဓိပ္ပာယ်ရပါတယ်။ သင်ဟာ ဒေါသကို တတ်နိုင်သလောက် ထိန်းချုပ်မယ်ဆိုရင် အောင်မြင်မှုကိုရရှိမှာပါ။

လိမ္မော်ရောင်

လိမ္မော်ရောင်ကို ဝတ်ဆင်တဲ့သူဟာ တီထွင်ကြံဆနိုင်စွမ်းရှိပြီး စိတ်ကူးစိတ်သန်းကောင်းသူတွေဖြစ်ပါတယ်။ လိမ္မော်ရောင်က သင့်အတွက်အကောင်းဆုံးကို ယူဆောင်လာပေးမှာပါ။ စိတ်ကိုကြည်လင်စေပြီး အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။

အနက်ရောင်

လူတွေ စိတ်မပျော်ရွှင်တဲ့အခါမှာ ဝတ်ဆင်လေ့ရှိတဲ့အရောင်ဖြစ်ပေမယ့် သင့်ရဲ့ စွမ်းအားပြည့်ဝမှုကိုလည်း ဖော်ပြနေတဲ့အရောင်ဖြစ်ပါတယ်။ သင်ဟာလှပပြီး ဉာဏ်ရည်ထက်မြက်တယ်လို့လည်း အနက်ရောင်က ဖော်ပြနေပါတယ်နော်။

Photo:www.blushybabe.com

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top