iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ


















အတွင်းခံပစ္စည်းတွေကို သန့်ရှင်းအောင်လျှော်ပါ ပီးရင် နေထိတဲ့နေရာမှာလှမ်းပါ ကျနော်တို့ ဓလေ့ထုံးစံအရ အမျိုးသမီး အတွင်းခံဆို လူမြင်မခံပဲ ချောင်ထဲမှာလှမ်းလေ့ရှိတယ် အဲ့ဒီတော့ ပိုးမွှားတွေ ကင်းစင်အောင်နေမထိတော့ပါဘူး အထူးသဖြင့်မိုးတွင်းဆိုရင် ပိုဆိုးပါတယ် ဖားဥတတ်မှာ မှိုဆွဲမှာအထိဆိုးရိမ်ရပါတယ် ဒါကြောင့် တနေရာ သတ်သတ်မှတ်မှတ်ထားပီး နေရတဲ့နေရာမှာလှမ်းပါ ပီးတော့ မီးပူတိုက်ဝတ်ပါ ပိုးသတ်ပီးသားဖြစ်အောင်လို့ပါ။



မင်္ဂလာပါ
အမျိုးသမီးအများစုဟာ အလှအပနဲ့ အဝတ်အစားအတွက်နေ့စဉ်နေ့တိုင်း ပြင်ဆင်ဝတ်းစား ချယ်သကြရတယ်
မျက်နှာမှာ မိတ်ကပ်လေးပဲလိမ်းပီးအပေါ်ယံ အလှနဲ့ တင်ကျေနပ်နေလို့မရပါဘူး တကိုယ်ရေသန့်ရှင်းရေး နဲ့ အစားအသောက် ကျန်းမာရေးတွေပါအကုန်အားလုံး ဂရုစိုက်ပါမှ ခေတ်ရဲ့ ယဉ်ကျေးမှုကိုရင်ပေါင်တန်းလိုက်နိုင်တဲ့ ယုံကြည်မှုအပြည့်နဲ့ တင့်တယ်လှပတဲ့ အမျိုးသမီးတွေဖြစ်မယ်။

ဒီပိုစ့်လေးမှာပြောချင်တာတော့ တော်တော်များများ အမှုမဲ့ အမှတ်မဲ့နေတဲ့ အတွင်းခံအဝတ်အစားများ မှန်ကန်အောင် သန့်ရှင်းအောင် ဝတ်ဆင်နည်းပဲ ဖြစ်ပါတယ်

ကျနော်တို့တွေရဲ့ ယဉ်ကျေးမှုထလေ့ထုံးဆံတွေအရ ခန္ဓာကိုယ် အတွင်းပိုင်း ကိစ္စတွေကို ကိုယ့်ပတ်ဝန်းကျင်က မိဘ ဆွေမျိုးတွေနဲ့ မိန်းကလေးမိတ်ဆွေ အချင်းချင်း ပြောဖို့ သင်ယူဖို့ အရမ်း အရှက်အကြောက်ကြီးတယ်။

ဒါဟာမှားယွင်းတဲ့ အယူအဆလို့ ကျနော်မြင်တယ် ကိုယ်ပတ်ဝန်းကျင်က အမျိုးသမီး အကြီးအကဲတွေကလည်း လူငယ် အမျိုးသမီးတွေကို ပွင့်လင်းစွာသိသင့်သိထိုက်တာတွေကို ပြောဆိုရှင်းလင်း သင်ပေးသင့်တယ် ဒီလိုပွင့်လင်းမြင်သာမှုရှိတဲ့အတွက် လူငယ်တွေအနေနဲ့ “မျက်ကန်း တဆ္တေမကြောက်” အဖြစ်မျိုးမဖြစ်ရအောင်ပါ။

အမျိုးသမီး ၈၀%ကျော်က မှားယွင်းတဲ့ အတွင်းခံ bra size တွေကိုဝတ်ကြပါတယ် bra size အမှားတွေကို ဝတ်တဲ့အခါ ကျန်းမာရေးကိုပါထိခိုက်နိုင်တယ်ဆိုတာကို သတိပြုစေချင်တယ်

ကိုယ်ဝတ်တဲ့ အတွင်းခံအကျီင်္က ကိုယ့်ရဲ့ size အမှန်မဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အချင်လေးတွေကို သတိပြုနိုင်ဖို့ မ ျှဝေလိုက်တယ်။

1. Bra ခွက်မှ လ ျှံထွက်ခြင်း

မိမိရင်သားဟာ ခွက်ရဲ့အပြင်ကိုလ ျှံထွက်နေပီဆိုရင် ကိုယ်ဝတ်တဲ့ bra size ဟာသေးနေပါတယ်။ ဒီထက်ကြီးတဲ့ cup size ကိုပြောင်းဝတ်ပါ ပီးတော့ အကျီင်္ဝတ်တဲ့ အခါမှာလည်း ရင်သားမှာ အထစ်ကြီးဖြစ်နေပီးကြည့်ရဆိုးပါတယ်။

2. Bra ခွက်ကချောင်နေခြင်း လျော့ရိလျော့ရဲ ဖြစ်ခြင်း

ခွက်ထဲမှာရင်သားဟာ နေရာပို နေရာလိုမရှိပဲ တိတိကျကျ သက်တော့သက်သာရှိရပါမယ် ခွက်ချောင်နေရင် size ကြီးနေပါပီ ပိုသေးတဲ့ခွက်ဆိုဒ်ကိုပြောင်းဝတ်ပါ။

3. ဘော်လီကြိုးမှ အနီရောင်အရာနဲ့ အသားပေါ်မှ အရာများထင်ခြင်း

ဘော်လီကြိုးကြောင့် အရာတွေထင်နေမယ် အသားနီနေမယ်ဆိုရင် မိမိရွေးချယ်တဲ့ bra ဟာ size မှားနေပါတယ် bra တခုရဲ့ ထိမ်းသိမ်းပံ့ပိုးမှုဟာ ကိုယ်လုံးပတ်လည်က အပတ်ကနေရပါတယ်။ ချောင်တဲ့ဟာကိုဝယ်မိလို့ ကြိုးကို အတင်းဆွဲကျပ်ထားမယ်ဆိုရင် ပခုံးနဲ့ ကျောပေါ်မှာ အရာတွေထင်ပီး နောက်ဆုံး အမာရွတ်လိုပါဖြစ်နိုင်ပါတယ် မှန်ကန်တဲ့ ကိုယ်လုံးပတ်size ကိုရွေးပါ။

4. ဘော်လီကြိုး အပေါ် (သို့မဟုတ်) အောက်သို့ကျနေခြင်း

ဘော်လီကြိုးဟာ ကိုယ့် ကျောပေါ်မှာ ရေပြင်ညီမျည်းအတိုင်ရှိနေသင့်ပါတယ် ပေါ်တတ်နေမယ် အောက်ကျနေမယ်ဆို sizeကြီးလို့ပါ မှန်ကန်တဲ့ size ကိုပြောင်းလဲဝတ်ဆင်ပါ။

5. Bra အောက်ခံ wire သံကြိုး ကြောင့် ရင်ဘတ်အောင့်ခြင်း

Bra တော်တော်များများ အောက်ခံ wire ဝါယာ သံချောင်းလေးတွေပါ ပါတယ် မိမိရဲ့ size အမှန်ကို မဝတ်တဲ့အခါ အဲ့ဒီ့ သံကြိုးတွေက ရင်ဘတ်နဲ့ ချိုင်းနားတွေကို ဖိမိသလိုဖြစ်ပီး သက်တောင့်သတ်ာမရှိပဲ အောင့်တတ်ပါတယ် ဒီလိုမျိုးဖြစ်လာရင် လ ျှစ်လျူမရှုပဲ မှန်ကန်တဲ့ sizeကိုပြောင်းဝတ်ပါ။

6. ဘော်လီပတ်လည်ကြိုး size မမှန်ခြင်း

ကိုယ်လုံးပတ်ထိမ်းကြိုးဟာ သတ်တောင့်သတ်သာရှိရပါမယ် ဘော်လီအသစ်ဝယ်မယ်ဆိုရင် အလယ်ချိတ်မှာတပ်ပီး ချိပ်တပ်ထားတဲ့ကျောနောက်မှာ လက် ၂လုံးထည့်လို့ရတဲ့အနေ အထားမှာရှိရပါမယ် ဒီ့ထက်ကျပ်တယ် ချောင်တယ်ဆိုရင် ကိုယ့် size အမှန်မဟုတ်ပါဘူး။

အတွင်းခံပစ္စည်းတွေကို သန့်ရှင်းအောင်လေ ျှာ်ပါ ပီးရင် နေထိတဲ့နေရာမှာလှမ်းပါ ကျနော်တို့ ဓလေ့ထုံးစံအရ အမျိုးသမီး အတွင်းခံဆို လူမြင်မခံပဲ ချောင်ထဲမှာလှမ်းလေ့ရှိတယ် အဲ့ဒီတော့ ပိုးမွှားတွေ ကင်းစင်အောင်နေမထိတော့ပါဘူး အထူးသဖြင့်မိုးတွင်းဆိုရင် ပိုဆိုးပါတယ် ဖားဥတတ်မှာ မှိုဆွဲမှာအထိဆိုးရိမ်ရပါတယ် ဒါကြောင့် တနေရာ သတ်သတ်မှတ်မှတ်ထားပီး နေရတဲ့နေရာမှာလှမ်းပါ ပီးတော့ မီးပူတိုက်ဝတ်ပါ ပိုးသတ်ပီးသားဖြစ်အောင်လို့ပါ။

နောက်ဆုံးအကြံပေးချင်တာက ကျနော်တို့ မြန်မာ အမျိုးသမီး အများစုဟာ ရေလဲထမီဝတ်တယ် ဘော်လီကို အပေါ်ကထပ်ဝတ် ပီးရင် ထမီကို ဆွဲချပီးမှ ဘော်လီကို အံဝင်ခွင်ကျဖြစ်အောင်ဝတ်လေ့ရှိတယ် ဒီအကျင့်ကြောင့် ကြာရင်ရင်သားတွဲတာ ပုံပျက်တာတွေဖြစ်လာနိုင်ပါတယ် ဘော်လီချိတ်ကို နောက်ကနေချိတ်တတ်အောင်လေ့ကျင့်ပါ အကျင့်ကောင်းလေးတခုပါ ကျနော့်အမေ ကျနော်ငယ်ငယ်ထဲက သင်ပေးထားတာပါ။

Credit : Original Uploader

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top