iMyanmarHouse.com - Best Property Website for Myanmar
×











Credit : Hlatawthar

ပျိုမေတို့အနေနဲ့ ဘီကီနီဝတ်လိုတဲ့အခါ ပြေပြစ်ကျော့ရှင်းလှပစေဖို့အတွက် ရှက်ရှက်မွှေးတွေကို ရိတ်ထားဖို့ လိုအပ်ပါတယ်။တချို့ကလည်း သန့်ရှင်းတယ်ထင်ရအောင်လို့ တမင်ရိတ်ကြပါတယ်။

ဘီကီနီ ဝတ်ဖို့ပဲဖြစ်ဖြစ်၊ရှက်ရှက်လေး ရှင်းသန့်နေစေဖို့ပဲ ဖြစ်ဖြစ် ရိတ်ကြတဲ့အခါ အခြားမဆိုင်တဲ့ နေရာတွေ ထိခိုက်ပွန်းပဲ့မှုမရှိအောင်နဲ့ အဆင်ပြေလွယ်ကူအောင် ရိတ်တတ်စေဖို့ အပြာမယ်တစ်ဦးဖြစ်တဲ့ဒီလီယမ်ဟာပါ က သူမရဲ့ လုပ်ဆောင်ပုံလေးတွေကို ပြောပြထားပါတယ်။

ဒီလီယမ်ဟာပါ ဟာ အပြာမယ်တစ်ဦးဖြစ်တာနဲ့အညီ ဘီကီနီတွေ အဝတ်များပါတယ်။ ထိုသို့ဝတ်ရတဲ့အခါ သူမရဲ့ ရှက်ရှက်နေရာကို လည်း အမြဲကျော့ရှင်းလှပနေအောင် လုပ်ဆောင်ရလေ့ရှိပါတယ်။

“ကျွန်မကတော့ အမွှေးရိတ်ရတာကို အနုပညာရပ်တစ်ခုလို့မြင်တယ်။ဂရုတစိုက်နဲ့ ပညာသားပါပါရိတ်ရတယ်” လို့ သူမက ဆိုပါတယ်။

သူမအနေနဲ့ အမြဲတမ်း ရှက်ရှက်မွှေးတွေကို နူးညံ့ပျော့ပျောင်းသွားအောင်လို့ အမွှေးလျှော်ရည်(ခေါင်းလျှော်ရည်) နဲ့ အမွှေးပျော့ဆေး(ဆံပင်ပျော့ဆေး) သုံးပြီးမှ ဘရိတ်ဓားအသစ်နဲ့ ရိတ်တယ်လို့ ပြောကြားပါတယ်။

အဲလိုလုပ်ပြီးရင် အမွှေးကို စချွတ်ဖို့ လုပ်ပါတယ်တဲ့။ချွတ်တဲ့အခါမှာလည်း ဖယောင်းကပ်ပြီးချွတ်တာ(waxing) ထက် ရိတ်ရတာ(shaving)ကို ပိုပြီး သဘောကျတယ်လို့ သူမက ဆိုပါတယ်။

သူမက ရိတ်တဲ့အခါမှာလည်း ရှက်ရှက်နေရာက ရှိသမျှအမွှေးအကုန်ရိတ်တယ်လို့ဆိုတဲ့အပြင် ပထဦးဆုံး စလုပ်မယ့်သူတွေအတွက်တော့ အထူးဂရုစိုက်ရမယ် သတိပေးလိုက်ပါတယ်။

ဒီလိုလုပ်ရမှာ ကြောက်တယ်ဆိုရင်လည်း “ရှက်ရှက်နှုတ်ခမ်း အပေါ် နေရာနည်းနည်း နဲ့ ရှက်ရှက်ခလုတ် အပေါ် နေရာနည်းနည်းကို ရိတ်ပေးလို့ရပါတယ်” လို့ သူမ အကြံပေးပါတယ်။

အဲလိုလုပ်ပြီးရင်တော့ မညီမညာဖြစ်နေတဲ့ အမွှေးအမျှင်တွေကို လိုက်တိပေးလိုက်ပါလို့ သူမကဆိုပါတယ်။

“ရေလျှော်ပြီးရင်လည်း အမွှေးနုလေးတွေ ကျန်နေတာကို သန့်စင်ဖို့ မမေ့ပါနဲ့။ကျွန်မကတော့ ကြမ်းနေတာမျိုး ပွန်းပဲ့ရှတာမျိုးမဖြစ်စေဖို့ အမွှေးနုလေးတွေလည်း သေချာရိတ်ပါတယ်။ပြီးရင်တော့ ရေခြောက်အောင်သုတ်ပြီး ရှားစောင်းလက်ပတ်ဂျယ် လေး လိမ်းတာပဲ ဖြစ်ဖြစ် ၊ ရေနွေးတပတ်လေး အုပ်ပေးထားတာပဲ ဖြစ်ဖြစ် လုပ်တယ်” လို့ သူမက အကြံပေးပါတယ်။

Credit : Hlatawthar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top