iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ႀကိဳက္တာကို ကိုယ့္စိတ္တိုင္းက် ၀တ္ဆင္ႏိုင္ေပမယ့္လည္း ယေန႕ေခတ္အခ်ိန္မွာ အလုပ္ခြင္အတြင္း အလုပ္လုပ္ေနရတဲ့ အမ်ိဳးသမီးေတြအတြက္ကေတာ့ တမ်ိဳးျခားနားသြားၿပန္ပါတယ္။ ကိုယ္၀တ္စားဆင္ယင္ပံု၊ ျပဳမူပံုတုိ႕က ကိုယ့္အလုပ္ခြင္ကို ထင္ဟပ္ေနတဲ့အတြက္ အရာရာတိုင္းကို ဂရုတစိုက္ရွိရပါတယ္။ ဒါေႀကာင့္ ဒီတစ္ေခါက္မွာ အလုပ္ခြင္အတြင္းကို မ၀တ္ဆင္သင့္တဲ့၊ မျပဳလုပ္သင့္တဲ့ အရာေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေျပာင္လက္လက္နဲ႕ အေရာင္ေတာက္တဲ့ ေဒါက္ဖိနပ္ေတြ

သပ္သပ္ရပ္ရပ္ရွိတဲ့ အ၀တ္အစားေတြကို ဆင္ယင္ထားတဲ့အခ်ိန္မွာ လိုက္ဖက္ညီတဲ့ ဖိနပ္ေတြကိုလည္း ေရြးခ်ယ္ဖို႕လုိအပ္ပါတယ္။ ေရႊေရာင္၊ ေငြေရာင္တို႕လုိ အေရာင္ရွိတဲ့ ဖိနပ္ေတြက ရံုးတြင္း၀တ္စားဆင္ယင္မႈကို ႀကည့္ရဆိုးသြားေစႏိုင္ပါတယ္။

မိတ္ကပ္အထူႀကီးေတြ

ရံုး၀န္ထမ္းတစ္ဦးအေနနဲ႕ ရံုးသြားဖို႕ျပင္ဆင္တဲ့အခါ မိတ္ကပ္လူးတဲ့အခ်ိန္ အေရာင္ရင့္ရင့္ႏႈတ္ခမ္းနီေတြ၊ အေရာင္ေမွာင္တဲ့အိုင္းရွဲဒိုးေတြကို မလိမ္းမိဘဲ ေပါ့ေပါ့ပါးပါးေလးနဲ႕ လွေနမယ့္ မိတ္ကပ္အသြင္လိမ္းဖို႕ကို အၿမဲသတိရပါ။

အ၀တ္အစားႀကပ္ႀကပ္ေတြ

ရံုးမွာက အခ်ိန္ျပည့္ငုတ္တုပ္ထိုင္ရင္ထုိင္၊ မထိုင္ရင္ေနရာအႏွံ႕ကိုသြားရတာနဲ႕ အလုပ္ေတြရႈပ္ေနတတ္လို႕ ကုိယ့္အတြက္တေနကုန္ သက္ေသာင့္သက္သာရွိေစမယ့္ အ၀တ္အစားေတြကိုသာ ေရြးခ်ယ္၀တ္ဆင္ပါ။

ဆံပင္ပံုစံ

ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ ပံုစံကို ညွပ္ယူႏိုင္ေပမယ့္လည္း ရံုးပတ္၀န္းက်င္မွာေတာ့ ျဖစ္သလို စိတ္တိုင္းက်ေနလို႕မရပါဘူး။ ကိုယ္၀တ္ဆင္ထားတဲ့ အ၀တ္အစားနဲ႕လိုက္ဖက္မယ့္ ဆံပင္စတိုင္ကိုညွပ္ထားတာမဟုတ္ရင္ အေတာ္ႀကည့္ရဆိုးမွာပါ။ ဒါေႀကာင့္ ဆံပင္စည္းတာျဖစ္ျဖစ္၊ ထံုးတာျဖစ္ျဖစ္က အလြယ္ကူဆံုးနဲ႕ ႀကည့္ရတာအရွင္းဆံုးပါပဲ။

Accessories အႀကီးႀကီးေတြ

ပါတီ သို႕မဟုတ္ မဂၤလာေဆာင္ေတြသြားမွာမဟုတ္ဘဲနဲ႕ ထိုကဲ့သို႕ ဒီဇိုင္းႀကီးႀကီး Accessories ေတြကို မ၀တ္ဆင္ပါနဲ႕။ နားကပ္ေသးေသးေလးေတြ ဒါမွမဟုတ္ နာရီေလးေတြ၊ ခါးပတ္အေသးေလးေတြကို ေရြးခ်ယ္၀တ္ဆင္ႏုိင္ပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်ကြိုက်တာကို ကိုယ့်စိတ်တိုင်းကျ ဝတ်ဆင်နိုင်ပေမယ့်လည်း ယနေ့ခေတ်အချိန်မှာ အလုပ်ခွင်အတွင်း အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက်ကတော့ တမျိုးခြားနားသွားပြန်ပါတယ်။ ကိုယ်ဝတ်စားဆင်ယင်ပုံ၊ ပြုမူပုံတို့က ကိုယ့်အလုပ်ခွင်ကို ထင်ဟပ်နေတဲ့အတွက် အရာရာတိုင်းကို ဂရုတစိုက်ရှိရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အလုပ်ခွင်အတွင်းကို မဝတ်ဆင်သင့်တဲ့၊ မပြုလုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။

ပြောင်လက်လက်နဲ့ အရောင်တောက်တဲ့ ဒေါက်ဖိနပ်တွေ

သပ်သပ်ရပ်ရပ်ရှိတဲ့ အဝတ်အစားတွေကို ဆင်ယင်ထားတဲ့အချိန်မှာ လိုက်ဖက်ညီတဲ့ ဖိနပ်တွေကိုလည်း ရွေးချယ်ဖို့လိုအပ်ပါတယ်။ ရွှေရောင်၊ ငွေရောင်တို့လို အရောင်ရှိတဲ့ ဖိနပ်တွေက ရုံးတွင်းဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးသွားစေနိုင်ပါတယ်။

မိတ်ကပ်အထူကြီးတွေ

ရုံးဝန်ထမ်းတစ်ဦးအနေနဲ့ ရုံးသွားဖို့ပြင်ဆင်တဲ့အခါ မိတ်ကပ်လူးတဲ့အချိန် အရောင်ရင့်ရင့်နှုတ်ခမ်းနီတွေ၊ အရောင်မှောင်တဲ့အိုင်းရှဲဒိုးတွေကို မလိမ်းမိဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ လှနေမယ့် မိတ်ကပ်အသွင်လိမ်းဖို့ကို အမြဲသတိရပါ။

အဝတ်အစားကြပ်ကြပ်တွေ

ရုံးမှာက အချိန်ပြည့်ငုတ်တုပ်ထိုင်ရင်ထိုင်၊ မထိုင်ရင်နေရာအနှံ့ကိုသွားရတာနဲ့ အလုပ်တွေရှုပ်နေတတ်လို့ ကိုယ့်အတွက်တနေကုန် သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

ဆံပင်ပုံစံ

ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံကို ညှပ်ယူနိုင်ပေမယ့်လည်း ရုံးပတ်ဝန်းကျင်မှာတော့ ဖြစ်သလို စိတ်တိုင်းကျနေလို့မရပါဘူး။ ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့လိုက်ဖက်မယ့် ဆံပင်စတိုင်ကိုညှပ်ထားတာမဟုတ်ရင် အတော်ကြည့်ရဆိုးမှာပါ။ ဒါကြောင့် ဆံပင်စည်းတာဖြစ်ဖြစ်၊ ထုံးတာဖြစ်ဖြစ်က အလွယ်ကူဆုံးနဲ့ ကြည့်ရတာအရှင်းဆုံးပါပဲ။

Accessories အကြီးကြီးတွေ

ပါတီ သို့မဟုတ် မင်္ဂလာဆောင်တွေသွားမှာမဟုတ်ဘဲနဲ့ ထိုကဲ့သို့ ဒီဇိုင်းကြီးကြီး Accessories တွေကို မဝတ်ဆင်ပါနဲ့။ နားကပ်သေးသေးလေးတွေ ဒါမှမဟုတ် နာရီလေးတွေ၊ ခါးပတ်အသေးလေးတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top