iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ပေါ်ပြူလာ ဇာတ်လမ်း
၃။ သူငယ်ချင်း ဇာတ်လမ်း
၆။ တစ်ဖက်သတ် ဇာတ်လမ်း
Source : Cosmopolitan
Credit : Duwun
ပို့သပေးပါတယ်။
၁။ တိုက်တွန်းတဲ့ ဇာတ်လမ်း
ဟိုဘက်သူငယ်ချင်းတွေ၊ ဒီဘက်သူငယ်ချင်းတွေက ဝိုင်းလှော်ပေးကြလို့ နှစ်ယောက်သား တဖြည်းဖြည်း စိတ်ဝင်စားလာကြရာကနေ ချစ်မိသွားကြတဲ့ အချစ်ဇာတ်လမ်းမျိုးပါ။ ဒါကတော့ ကျောင်းသားဘဝမှာကြုံလေ့ကြုံထအရှိဆုံး အခြေအနေလည်းဖြစ်ပါတယ်။
၂။ ပေါ်ပြူလာ ဇာတ်လမ်း
သူကလည်းလူသိများတဲ့သူ၊ ကိုယ်ကလည်း ဆရာ၊ဆရာမတွေရဲ့အချစ်တော် အဲ့လိုမျိုးပေါ်ပြူလာဖြစ်တဲ့သူနှစ်ယောက်က အချင်းချင်း အကဲခတ်ချင်လာတယ်။ စိတ်ဝင်စားလာတယ်။ ဒီကြားထဲမှာမှ ကိုယ်သဘောကျတဲ့ပုံစံမျိုးဖြစ်နေရင် တစ်ယောက်နဲ့တစ်ယောက် လွယ်လွယ်ဇာတ်လမ်းလေးတွေဖြစ်သွားကြပြန်ရောပေါ့။
၃။ သူငယ်ချင်း ဇာတ်လမ်း
အစကတော့ သူနဲ့ကိုယ်က သူငယ်ချင်းပါ။ အနေနီးလေ၊ သံယောဇဉ်တွယ်လေ၊ ပိုပိုချစ်မိလေနဲ့ နောက်တော့လည်း ချစ်သူတွေဖြစ်သွားကြရော။
၄။ မတော်တဆချစ်မိသွားတဲ့ ရန်ဘက်တွေ
ကိုယ်ကလည်းသူ့ကိုဆိုကြည့်လို့မရ၊ သူကလည်းကိုယ့်ကို မျက်နှာချင်းကိုမဆိုင်ချင်ပေမယ့် အောင်သွယ်ကောင်းလို့ပဲဖြစ်ဖြစ်၊ အကြောင်းဖန်လာလို့ပဲဖြစ်ဖြစ် မတော်တဆချစ်မိရာကနေ ဇာတ်လမ်းလေးတစ်ခုတွင်လာတာပေါ့။
၅။ စီနီယာ၊ ဂျူနီယာ ဇာတ်လမ်း
သူကစီနီယာ၊ ကိုယ်ကဂျူနီယာ၊ အားကိုးချင်စရာကောင်းလို့ ချစ်မိတာမျိုး။ ကိုယ်ကစီနီယာ၊ သူကဂျူနီယာ၊ ကလေးဆန်ပြီးတက်ကြွနေတဲ့ သူ့ကိုချစ်စရာလေးဆိုပြီး ချစ်ချင်မိတာမျိုးပေါ့။
၆။ တစ်ဖက်သတ် ဇာတ်လမ်း
ဒါကတော့ တော်တော်များများကြုံဖူးမှာပါ။ ကိုယ်က တစ်ဖက်သတ်ချစ်နေရတာ၊ ကြိတ်ကြွေနေရတာမျိုးတွေလေ။ Crush ကို အသည်းအသန်ကြွေဖူးသူတိုင်း သိမှာပါ။
၇။ သုံးပွင့်ဆိုင် ဇာတ်လမ်း
ဒါကတော့ အရှုပ်ဆုံးနဲ့ ဖြေရှင်းရအခက်ဆုံး အခြေအနေပါပဲ။ ရွေးချယ်မှုမှန်ကန်မှ အဆင်ပြေမယ့် အချစ်ဇာတ်လမ်းမျိုးဆိုလည်းမမှားပါဘူး။
Source : Cosmopolitan
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top