iMyanmarHouse.com - Best Property Website for Myanmar
×

စက္မ်ားျဖင့္ ေငြထုတ္သည့္ စနစ္မ်ား ေခတ္စားလာခ်ိန္တြင္ အလြန္ေသးငယ္ေသာ ပင္အပ္ေခါင္း အ႐ြယ္ အေပါက္ေလးမ်ားထဲတြင္ ေခတ္မီကင္မရာ မွန္ဘီလူးေလးမ်ားကို ထည့္ၿပီး ေငြထုတ္သူမ်ား၏ လွ်ဳိ႕ဝွက္ကုတ္နံပါတ္မ်ားကို ေစာင့္ၾကည့္ခိုးယူမႈမ်ား လန္ဒန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း The Mirror သတင္းတြင္ ေဖာ္ျပထားသည္။

လန္ဒန္ၿမဳိ႕လယ္၊ စိန္႔ေပါလ္ဘုရားေက်ာင္းဝင္း အတြင္းရွိ ေငြထုတ္စက္ တစ္လုံးတြင္ ပင္အပ္ေခါင္းအ႐ြယ္ အေပါက္ေလးမ်ားကို ေတြ႔ရာမွ မသကၤာသျဖင့္ စစ္ေဆးၾကည့္ရာ အတြင္း၌ လွ်ဳိ႕ဝွက္ထည့္ထားေသာ ကင္မရာေလးမ်ားကို ေတြ႔ရၿပီးေနာက္၊ ယင္းပတ္ဝန္းက်င္ရွိ ေငြထုတ္စက္မ်ားတြင္လည္း လွ်ဳိ႕ဝွက္ကင္မရာေလးမ်ားကို ရွာေဖြေတြ႔ရွိေၾကာင္း ယင္းသတင္းက ဆိုသည္။

ကင္မရာမ်ားကို စစ္ေဆးၾကည့္ရာတြင္ ေငြထုတ္သူမ်ား၏ လွ်ဳိ႕ဝွက္ကုတ္မ်ားကို မွတ္တမ္းယူထားေၾကာင္း ေတြ႔ရွိရသည္ဟု ရဲတပ္ဖြဲ႔ စုံစမ္းေရးဌာနက ထုတ္ျပန္ေျပာၾကားသည္။

ရဲတပ္ဖြဲ႔က ေငြထုတ္စက္မ်ားတြင္ တပ္ဆင္ထားသည့္ လွ်ဳိ႕ဝွက္ေစာင့္ၾကည့္ အေပါက္ေသးေသးေလးမ်ားႏွင့္ ကင္မရာ ဓာတ္ပုံမ်ားကို ထုတ္ျပန္ထားၿပီး ျပည္သူမ်ားကို သတိထားၾကရန္ႏွင့္ ေတြ႔ရွိပါက သတင္းေပးၾကရန္ ႏိႈးေဆာ္ထားသည္။

ကတ္ထိုးထည့္သည့္ အေပါက္မ်ား ေခ်ာင္ေနျခင္း၊ နံပါတ္မ်ား ႏွိပ္သည့္ ေနရာဝန္းက်င္တြင္ မသကၤာဖြယ္ရာ အေပါက္ေလးမ်ား ေတြ႔ပါက ေငြထုတ္ျခင္း မျပဳဘဲ နီးစပ္ရာ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားရန္ လန္ဒန္ၿမဳိ႕ေတာ္ မႈခင္းတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔မွဴး မတ္ကလပ္က ေျပာၾကားသည္။

Credit : The Voice Myanmar
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စက်များဖြင့် ငွေထုတ်သည့် စနစ်များ ခေတ်စားလာချိန်တွင် အလွန်သေးငယ်သော ပင်အပ်ခေါင်း အရွယ် အပေါက်လေးများထဲတွင် ခေတ်မီကင်မရာ မှန်ဘီလူးလေးများကို ထည့်ပြီး ငွေထုတ်သူများ၏ လျှို့ဝှက်ကုတ်နံပါတ်များကို စောင့်ကြည့်ခိုးယူမှုများ လန်ဒန်တွင် ဖြစ်ပွားခဲ့ကြောင်း The Mirror သတင်းတွင် ဖော်ပြထားသည်။

လန်ဒန်မြို့လယ်၊ စိန့်ပေါလ်ဘုရားကျောင်းဝင်း အတွင်းရှိ ငွေထုတ်စက် တစ်လုံးတွင် ပင်အပ်ခေါင်းအရွယ် အပေါက်လေးများကို တွေ့ရာမှ မသင်္ကာသဖြင့် စစ်ဆေးကြည့်ရာ အတွင်း၌ လျှို့ဝှက်ထည့်ထားသော ကင်မရာလေးများကို တွေ့ရပြီးနောက်၊ ယင်းပတ်ဝန်းကျင်ရှိ ငွေထုတ်စက်များတွင်လည်း လျှို့ဝှက်ကင်မရာလေးများကို ရှာဖွေတွေ့ရှိကြောင်း ယင်းသတင်းက ဆိုသည်။

ကင်မရာများကို စစ်ဆေးကြည့်ရာတွင် ငွေထုတ်သူများ၏ လျှို့ဝှက်ကုတ်များကို မှတ်တမ်းယူထားကြောင်း တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ စုံစမ်းရေးဌာနက ထုတ်ပြန်ပြောကြားသည်။

ရဲတပ်ဖွဲ့က ငွေထုတ်စက်များတွင် တပ်ဆင်ထားသည့် လျှို့ဝှက်စောင့်ကြည့် အပေါက်သေးသေးလေးများနှင့် ကင်မရာ ဓာတ်ပုံများကို ထုတ်ပြန်ထားပြီး ပြည်သူများကို သတိထားကြရန်နှင့် တွေ့ရှိပါက သတင်းပေးကြရန် နှိုးဆော်ထားသည်။

ကတ်ထိုးထည့်သည့် အပေါက်များ ချောင်နေခြင်း၊ နံပါတ်များ နှိပ်သည့် နေရာဝန်းကျင်တွင် မသင်္ကာဖွယ်ရာ အပေါက်လေးများ တွေ့ပါက ငွေထုတ်ခြင်း မပြုဘဲ နီးစပ်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားရန် လန်ဒန်မြို့တော် မှုခင်းတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှူး မတ်ကလပ်က ပြောကြားသည်။

Credit : The Voice Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top