iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ ရာသီလာေနျပီဆိုတာနဲ႔ ခံစားရတတ္တဲ့ ဗိုက္ပြျခင္း၊ နာက်င္ကိုက္ခဲျခင္းေဝဒနာေတြ သက္သာေစဖို႔ ေဆးဝါးေတြ၊ အစားအစာေတြကို အားကိုးတတ္ၾကပါတယ္။ ဒါေလးနဲ႕သက္သာတယ္ၾကားရင္ စားၾကည့္လိုက္၊ ေသာက္ၾကည့္လိုက္နဲ႔ စံုလို႔ပါပဲ။ ဒါေပမယ့္ အဲဒီလို သက္သာေစတယ္ဆိုတဲ့ အစားအစာတခ်ိဳ႕က ေနာက္ပုိင္းမွာ ရာသီလာစဥ္ေဝဒနာကို ဒီထက္ေတာင္ပိုဆိုးေစနိုင္တာေတြ ရွိပါတယ္။

လက္ဖက္မစားရဘူး၊ လက္ဖက္ရည္မေသာက္ရဘူးဆိုျပီး ေျပာေလ့ရွိၾကေပမယ့္ တကယ္တမ္းမစားသင့္တဲ့အရာေတြကိုေတာ့ မသိလိုက္ဘဲ စားမိေနၾကပါတယ္။ အစားအစာေရြးခ်ယ္မႈမွားတဲ့အခါ ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေတြကို ပိုိဆိုးေစနိုင္လို႔ ေရွာင္သင့္တဲ့ အစားအစာေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) ျပဳျပင္စီမံထားတဲ့အစားအစာမ်ား

ဗိုက္ပြေနတဲ့ေဝဒနာရဲ႕ တရားခံကို သိပါရဲ႕လား။ အငန္ဓာတ္ကဲတဲ့ စားစရာေတြေပါ့။ ျပဳျပင္စီမံထားတဲ့စားစရာေတြဟာ အငန္ဓာတ္ပါဝင္မႈအမ်ားဆံုးအရင္းအျမစ္ေတြျဖစ္ပါတယ္။ ထုပ္ပိုးျပီးေရာင္းခ်တဲ့ ရယ္ဒီမိတ္အစားအေသာက္ေတြကိုေရွာင္ပါ။ အာလူးေၾကာ္ လိုမ်ိဳး သေရစာေတြအျပင္ ဆိုင္ကဝယ္စားတဲ့ အစားအစာေတြကိုလည္း ေရွာင္ပါ။

(၂) အယ္ကိုေဟာနဲ႔ကဖင္းဓာတ္

ကဖင္းနဲ႔ အယ္လ္ကိုေဟာပါဝင္တဲ့ ေသာက္စရာေတြက ဆီးရႊင္ေစပါတယ္။ ဒါေပမယ့္ ကဖင္းဓာတ္က ခႏၶာကိုယ္ကို မေကာင္းတဲ့သက္ေရာက္မႈရွိေစနိုင္ျပီး ဝိုင္၊ဘီယာနဲ႔ အရက္ေတြကိုလည္း ရာသီလာစဥ္အတြင္း ေရွာင္ထားသင့္ပါတယ္။ ေကာ္ဖီတအားေသာက္ခ်င္ေနတယ္ဆိုရင္ ေရေတြအဝေသာက္လိုက္ပါ။ ေရကမွ ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္တင္းေပးနုိင္ျပီး လုပ္ေဆာင္ခ်က္ေတြ ေခ်ာေမြ႔ေစမွာျဖစ္ပါတယ္။

(၃) အေၾကာ္ အေလွာ္မ်ားနဲ႔ ဆီေၾကာ္မုန္႔မ်ား

အခ်ိန္ၾကာၾကာေၾကာ္ထားတဲ့ အစားအစာေတြ၊ ဆီေၾကာ္မုန္႔ေတြကို ေရွာင္သင့္ပါတယ္။ သူတို႔က အက္စထရိုဂ်င္ေဟာ္မုန္းပမာဏကို ျမင့္တက္ေစနုိင္လို႔ပါ။ အက္စထရိုဂ်င္ပမာဏကို တည္ျငိမ္ေအာင္ထိန္းညွိနိုင္ရင္ ရာသီလာစဥ္နာက်င္ကိုက္ခဲျခင္းကို ေလ်ာ့ပါးသက္သာေစနုိင္ပါတယ္။

(၄) အဆီမ်ားတဲ့အသားမ်ား

အဆီမ်ားတဲ့အသားေတြက ရာသီကိုက္ခဲမႈေတြကို ပိုဆိုးေစနိုင္တဲ့ ျပည့္ဝဆီေတြပါဝင္မႈမ်ားပါတယ္။ အဲဒိအဆီေတြမွာပါတဲ့ arachidonic acid က prostaglandins  ေတြထြက္ရွိေစျပီး prostaglandins  ေတြေၾကာင့္ သားအိမ္က်ဳံ႕ေစျခင္းနဲ႔ နာက်င္ကိုက္ခဲမႈေတြျဖစ္ေစပါတယ္။ အဆီမ်ားတဲ့စားစရာေတြ စားသံုးျခင္းေၾကာင့္ ရာသီလာတဲ့ပထမရက္မွာပဲ  ဗိုက္ပြျခင္း၊ ရင္သားတင္းျပီးနာက်င္ျခင္း၊ဝက္ျခံထြက္ျခင္းေတြ ျဖစ္ေစနိုင္ပါတယ္။

(၅) နို႔ထြက္ပစၥည္းမ်ား

နို႔ထြက္ပစၥည္းေတြက ဗိုက္ပြျခင္းကို ပိုဆိုးေစရံုမက နာက်င္ကိုက္ခဲမႈကိုပါ ျပင္းထန္လာေစနိုင္ပါတယ္။ ႏြားနိုု႔၊ ခ်ိစ္၊ ေရခဲမုန္႔ တို႔လို စားစရာေတြမွာ omega-6 fatty acid တစ္မ်ိဳးျဖစ္တဲ့ arachidonic acid၊ ပါဝင္ျပီး ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈနဲ႔ ေရာင္ရမ္းျခင္းတို႔ကို ပိုဆိုးေစနုိင္ပါတယ္။

(၆) အခ်ိဳဓာတ္

ရာသီလာခ်ိန္မွာဆို ေသြးတြင္းသၾကားဓာတ္က ရိုလာကိုစတာလို ထိုးတက္သြားတာပဲ လို႔ ဆရာဝန္ေတြကေျပာပါတယ္။ အခ်ိဳမ်ားတာေတြ ပိုစားမိရင္ နဂိုကမွ ျမင့္တက္ေနတဲ့ သၾကားဓာတ္ကို မီးေလာင္ရာေလပင့္သလို ျဖစ္သြားေစနိုင္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သၾကားဓာတ္က ေရာင္ရမ္းမႈကိုအားေပးလို႔ နာက်င္ကိုက္ခဲမႈေဝဒနာကို ပိုဆိုးေစနိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတွေဟာ ရာသီလာနေပြီဆိုတာနဲ့ ခံစားရတတ်တဲ့ ဗိုက်ပွခြင်း၊ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ သက်သာစေဖို့ ဆေးဝါးတွေ၊ အစားအစာတွေကို အားကိုးတတ်ကြပါတယ်။ ဒါလေးနဲ့သက်သာတယ်ကြားရင် စားကြည့်လိုက်၊ သောက်ကြည့်လိုက်နဲ့ စုံလို့ပါပဲ။ ဒါပေမယ့် အဲဒီလို သက်သာစေတယ်ဆိုတဲ့ အစားအစာတချို့က နောက်ပိုင်းမှာ ရာသီလာစဉ်ဝေဒနာကို ဒီထက်တောင်ပိုဆိုးစေနိုင်တာတွေ ရှိပါတယ်။

လက်ဖက်မစားရဘူး၊ လက်ဖက်ရည်မသောက်ရဘူးဆိုပြီး ပြောလေ့ရှိကြပေမယ့် တကယ်တမ်းမစားသင့်တဲ့အရာတွေကိုတော့ မသိလိုက်ဘဲ စားမိနေကြပါတယ်။ အစားအစာရွေးချယ်မှုမှားတဲ့အခါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်လို့ ရှောင်သင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ပြုပြင်စီမံထားတဲ့အစားအစာများ

ဗိုက်ပွနေတဲ့ဝေဒနာရဲ့ တရားခံကို သိပါရဲ့လား။ အငန်ဓာတ်ကဲတဲ့ စားစရာတွေပေါ့။ ပြုပြင်စီမံထားတဲ့စားစရာတွေဟာ အငန်ဓာတ်ပါဝင်မှုအများဆုံးအရင်းအမြစ်တွေဖြစ်ပါတယ်။ ထုပ်ပိုးပြီးရောင်းချတဲ့ ရယ်ဒီမိတ်အစားအသောက်တွေကိုရှောင်ပါ။ အာလူးကြော် လိုမျိုး သရေစာတွေအပြင် ဆိုင်ကဝယ်စားတဲ့ အစားအစာတွေကိုလည်း ရှောင်ပါ။

(၂) အယ်ကိုဟောနဲ့ကဖင်းဓာတ်

ကဖင်းနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေက ဆီးရွှင်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်က ခန္ဓာကိုယ်ကို မကောင်းတဲ့သက်ရောက်မှုရှိစေနိုင်ပြီး ဝိုင်၊ဘီယာနဲ့ အရက်တွေကိုလည်း ရာသီလာစဉ်အတွင်း ရှောင်ထားသင့်ပါတယ်။ ကော်ဖီတအားသောက်ချင်နေတယ်ဆိုရင် ရေတွေအဝသောက်လိုက်ပါ။ ရေကမှ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး လုပ်ဆောင်ချက်တွေ ချောမွေ့စေမှာဖြစ်ပါတယ်။

(၃) အကြော် အလှော်များနဲ့ ဆီကြော်မုန့်များ

အချိန်ကြာကြာကြော်ထားတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေကို ရှောင်သင့်ပါတယ်။ သူတို့က အက်စထရိုဂျင်ဟော်မုန်းပမာဏကို မြင့်တက်စေနိုင်လို့ပါ။ အက်စထရိုဂျင်ပမာဏကို တည်ငြိမ်အောင်ထိန်းညှိနိုင်ရင် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။

(၄) အဆီများတဲ့အသားများ

အဆီများတဲ့အသားတွေက ရာသီကိုက်ခဲမှုတွေကို ပိုဆိုးစေနိုင်တဲ့ ပြည့်ဝဆီတွေပါဝင်မှုများပါတယ်။ အဲဒိအဆီတွေမှာပါတဲ့ arachidonic acid က prostaglandins  တွေထွက်ရှိစေပြီး prostaglandins  တွေကြောင့် သားအိမ်ကျုံ့စေခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဖြစ်စေပါတယ်။ အဆီများတဲ့စားစရာတွေ စားသုံးခြင်းကြောင့် ရာသီလာတဲ့ပထမရက်မှာပဲ  ဗိုက်ပွခြင်း၊ ရင်သားတင်းပြီးနာကျင်ခြင်း၊ဝက်ခြံထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၅) နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေက ဗိုက်ပွခြင်းကို ပိုဆိုးစေရုံမက နာကျင်ကိုက်ခဲမှုကိုပါ ပြင်းထန်လာစေနိုင်ပါတယ်။ နွားနိုု့၊ ချိစ်၊ ရေခဲမုန့် တို့လို စားစရာတွေမှာ omega-6 fatty acid တစ်မျိုးဖြစ်တဲ့ arachidonic acid၊ ပါဝင်ပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းခြင်းတို့ကို ပိုဆိုးစေနိုင်ပါတယ်။

(၆) အချိုဓာတ်

ရာသီလာချိန်မှာဆို သွေးတွင်းသကြားဓာတ်က ရိုလာကိုစတာလို ထိုးတက်သွားတာပဲ လို့ ဆရာဝန်တွေကပြောပါတယ်။ အချိုများတာတွေ ပိုစားမိရင် နဂိုကမှ မြင့်တက်နေတဲ့ သကြားဓာတ်ကို မီးလောင်ရာလေပင့်သလို ဖြစ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သကြားဓာတ်က ရောင်ရမ်းမှုကိုအားပေးလို့ နာကျင်ကိုက်ခဲမှုဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top