iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
၁ - လူတွေအားလုံးက ကိုယ့်ကို ဗဟိုပြုပြီး လုပ်ရှားနေမှ အောင်မြင်တယ်လို့ ထင်ကြပါတယ်။  ဒါဟာ မှားယွင်းနေတဲ့ ထင်မြင်မှု တစ်ခုဖြစ်ကြောင်း ခံစားမိလာတယ်။
၂ - တစ်ယောက်ယောက်က အမှားလုပ်ရင် မကျေမချမ်းဖြစ်တာ၊ ခါးခါးသီးသီးဖြစ်တာတွေ မရှိတော့ပါဘူး။ အပြုသဘောဆောင်ပြီး ကြည့်တတ်တဲ့ အကောင်းမြင်သမား ဖြစ်လာပါတယ်။
၃ - မရှုံးဘူးတဲ့လူတွေက မကြိုးစားဘူးတဲ့ လူတွေပါ။ မမှားဘူးတဲ့ လူတွေက မလုပ်ဘူးတဲ့ လူတွေပါ။ လုပ်ရင်း မှားရင်း ပြန်တည့်မတ်ရင်း ဖြစ်နေတဲ့ဘဝကို နားလည်လာတယ်။
၄ - အကူအညီတောင်းဖို့ ငြင်းဆန်တာဟာ စိတ်ခံစားချက်အရ မရင့်ကျက်တာ ဖြစ်ပါတယ်။ အကူအညီတောင်းတာဟာ သင်က အမြဲတမ်းပြည့်စုံနေတဲ့လူမဟုတ်ဘူးလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ လူတွေ သင့်ရဲ့အားနည်းချက်ကို တွေ့သွားမှာကို မစိုးရိမ်တော့တဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
၅ - ဒရမ်မာ မဆန်တော့ပါဘူး။ တည်ငြိမ်နေရတဲ့ ဘဝကို ပိုနှစ်သက်လာပြီး စိတ်ခံစားမှုများတဲ့ ဒရမ်မာဆန်ဆန်ကိစ္စတွေ လုပ်ရမှာကို မကြိုက်တော့ဘူး။
၆ - လူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာမျိုးကို အဓိကမထားတော့ဘဲ ကိုယ်ပိုင်ပုံစံနဲ့ ရပ်တည်လာပါတယ်။
၇ - သင်ပြောင်းလဲလို့ မရတာကိုလည်း ပြောင်းလဲလို့ မရဘူးလို့ လက်ခံတယ်။ ပြောင်းလဲလို့ ရတာကိုလည်း ပြောင်းလဲတယ်။
Photos & Source: Huffington
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top