iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း မင္းသမီး ၄ လက္ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီးလတ္တေလာမွာ ႐ုံတင္ျပသေနတဲ့ “Reflection – ေရာင္ျပန္” ႐ုပ္ရွင္ဇာတ္ကားဟာ ပရိသတ္အခ်ိဳ႕ရဲ႕ ေဝဖန္မႈေတြ ခံေနရပါတယ္။ ဒီဇာတ္ကားဟာ Fashion နဲ႔ Action ကို အသားေပးၿပီး ဒါ႐ိုက္တာလူမင္းက ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ အဓိက သ႐ုပ္ေဆာင္ မင္းသမီး ၄ ဦး ပါဝင္ၿပီး မင္းသား မပါတဲ့ထူးျခာတဲ့ ျမန္မာ့႐ုပ္ရွင္ဇာတ္ကားလို႔ ဆိုပါတယ္။ ဇာတ္ကားမွာ အဓိက သ႐ုပ္ေဆာင္မ်ား အျဖစ္ အကယ္ဒမီ မင္းသမီးႀကီး ထြန္းအိျႏၵာဗို၊ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္၊ အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ နဲ႔ ပက္ထရစ္ရွာ တို႔က ပါဝင္ သ႐ုပ္ေဆာင္ ထားၾကပါတယ္။

ဒီဇာတ္ကားက ႐ုံတင္ျပသဖို႔ Red Carpet Show မွာကတည္းက သ႐ုပ္ေဆာင္ မင္းသမီး ၄ ဦး ပြဲကို တက္ေရာက္လာခဲ့တဲ့ ဖက္ရွင္ဒီဇိုင္းမ်ားနဲ႔ ပတ္သတ္လို႔လည္း ပရိသတ္မ်ားရဲ႕ ေဝဖန္မႈကို အျပင္းအထန္ ခံခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါ ဇာတ္ကားကို သ႐ုပ္ေဆာင္မင္းသမီး အိျႏၵာေက်ာ္ဇင္ရဲ႕ ကိုယ္ပိုင္ထုတ္လုပ္ေရးျဖစ္တဲ့ “သုျဒာ ႐ုပ္ရွင္ထုတ္လုပ္ေရး” ကေန ပထမဆုံးထုတ္လုပ္႐ိုက္ကူးတဲ့ ႐ုပ္ရွင္ဇာတ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားမ႐ိုက္ကူးခင္ကတည္းက ဇာတ္ကားကန္ေတာ့ပြဲမွာ အိျႏၵာေက်ာ္ဇင္က ဒီဇာတ္ကားက အဓိက ဖက္ရွင္နဲ႔ အက္ရွင္ပိုင္းကို ဦးစားေပး႐ိုက္ကူးသြားမွာလို႔ အသိေပးေျပာၾကားခဲ့ပါတယ္။ “Reflection” ႐ုပ္ရွင္ကားအတြက္ ကုန္က်စရိတ္ သိန္း၂ ေထာင္ နီးပါး ကုန္က်ခံ ႐ိုက္ကူးခဲ့တယ္လို႔ သိရၿပီး မင္းသမီး တဦးစီတိုင္းရဲ႕ ဖက္ရွင္ မိတ္ကပ္အတြက္ Stylist တဦးခ်င္းစီက ေသခ်ာဖန္တီးေပးခဲ့ပါတယ္လို႔ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္မ်ားက ဆိုထားၾကပါတယ္။

ဒါေပမယ့္ ႐ုပ္ရွင္ဇာတ္ကား႐ုံတင္ခ်ိန္မွာေတာ့ ပရိသတ္က ဖက္ရွင္ပိုင္းကို ဦးစားေပးလြန္းျခင္း၊ အက္ရွင္ခန္းမ်ားမွာ မေသသပ္ျခင္း၊ စကားေျပာတာ အျပင္ေလာကႏွင့္ ကြာျခားလြန္းေနျခင္း စတဲ့ ေဝဖန္မႈေတြ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ ႏိုင္ငံျခား႐ုပ္ရွင္ဇာတ္ကား တခုမနဲ႔ ပုံစံတူေနတယ္ဆိုၿပီး ပရိသတ္အခ်ိဳ႕ ေဝဖန္ ေထာက္ျပမႈမ်ားလည္း ရွိေနပါတယ္။။ မင္းသမီး အိျႏၵာေက်ာ္ဇင္ကေတာ့ ေဝဖန္မႈေတြကို လက္ခံပါတယ္လို႔ အင္တာဗ်ဴးတခုမွာ ေျဖၾကားခဲ့ဖူးပါတယ္။ Facebook သုံးစြဲသူမ်ား အၾကားမွာေတာ့ ဒီဇာတ္ကားကို အစအဆုံး Review ျပန္ေရးၿပီး ေဝဖန္ေထာက္ျပထားတဲ့ post တခု ပ်ံ႕ႏွံ႔ေနပါတယ္ ။ ျမန္မာ့ႏွစ္ဆန္းတရက္ေန႔ မွာ ႐ုံတင္လာတဲ့ ဒီဇာတ္ကား ကေတာ့ လတ္တေလာ ပရိသတ္ေဝဖန္မႈ အျမင့္ဆုံး ႐ုပ္ရွင္ဇာတ္ကားတကားလည္း ျဖစ္ေနပါတယ္။

Credit : burma irrawaddy
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး ၄ လက် ပါဝင် သရုပ်ဆောင်ထားပြီးလတ်တလောမှာ ရုံတင်ပြသနေတဲ့ “Reflection – ရောင်ပြန်” ရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေ ခံနေရပါတယ်။ ဒီဇာတ်ကားဟာ Fashion နဲ့ Action ကို အသားပေးပြီး ဒါရိုက်တာလူမင်းက ရိုက်ကူးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင် မင်းသမီး ၄ ဦး ပါဝင်ပြီး မင်းသား မပါတဲ့ထူးခြာတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားလို့ ဆိုပါတယ်။ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်များ အဖြစ် အကယ်ဒမီ မင်းသမီးကြီး ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ ပက်ထရစ်ရှာ တို့က ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

ဒီဇာတ်ကားက ရုံတင်ပြသဖို့ Red Carpet Show မှာကတည်းက သရုပ်ဆောင် မင်းသမီး ၄ ဦး ပွဲကို တက်ရောက်လာခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းများနဲ့ ပတ်သတ်လို့လည်း ပရိသတ်များရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကို သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ “သုဒြာ ရုပ်ရှင်ထုတ်လုပ်ရေး” ကနေ ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမရိုက်ကူးခင်ကတည်းက ဇာတ်ကားကန်တော့ပွဲမှာ အိန္ဒြာကျော်ဇင်က ဒီဇာတ်ကားက အဓိက ဖက်ရှင်နဲ့ အက်ရှင်ပိုင်းကို ဦးစားပေးရိုက်ကူးသွားမှာလို့ အသိပေးပြောကြားခဲ့ပါတယ်။ “Reflection” ရုပ်ရှင်ကားအတွက် ကုန်ကျစရိတ် သိန်း၂ ထောင် နီးပါး ကုန်ကျခံ ရိုက်ကူးခဲ့တယ်လို့ သိရပြီး မင်းသမီး တဦးစီတိုင်းရဲ့ ဖက်ရှင် မိတ်ကပ်အတွက် Stylist တဦးချင်းစီက သေချာဖန်တီးပေးခဲ့ပါတယ်လို့ ပါဝင်ကြတဲ့ သရုပ်ဆောင်များက ဆိုထားကြပါတယ်။

ဒါပေမယ့် ရုပ်ရှင်ဇာတ်ကားရုံတင်ချိန်မှာတော့ ပရိသတ်က ဖက်ရှင်ပိုင်းကို ဦးစားပေးလွန်းခြင်း၊ အက်ရှင်ခန်းများမှာ မသေသပ်ခြင်း၊ စကားပြောတာ အပြင်လောကနှင့် ကွာခြားလွန်းနေခြင်း စတဲ့ ဝေဖန်မှုတွေ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား တခုမနဲ့ ပုံစံတူနေတယ်ဆိုပြီး ပရိသတ်အချို့ ဝေဖန် ထောက်ပြမှုများလည်း ရှိနေပါတယ်။။ မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ ဝေဖန်မှုတွေကို လက်ခံပါတယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ဖူးပါတယ်။ Facebook သုံးစွဲသူများ အကြားမှာတော့ ဒီဇာတ်ကားကို အစအဆုံး Review ပြန်ရေးပြီး ဝေဖန်ထောက်ပြထားတဲ့ post တခု ပျံ့နှံ့နေပါတယ် ။ မြန်မာ့နှစ်ဆန်းတရက်နေ့ မှာ ရုံတင်လာတဲ့ ဒီဇာတ်ကား ကတော့ လတ်တလော ပရိသတ်ဝေဖန်မှု အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကားတကားလည်း ဖြစ်နေပါတယ်။

Credit : burma irrawaddy

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top