iMyanmarHouse.com - Best Property Website for Myanmar
×

ေအာက္ပါေယာက္်ားအမ်ဳိးအစားေတြကေတာ့ အေတာ္စိတ္ပ်က္စရာေကာင္းတဲ့သူေတြပါ။

သံေယာဇဥ္မၿငိတြယ္ခင္၊ ၿငိတြယ္မိရင္ရင္လည္း ျမန္ျမန္ သံေယာဇဥ္ျဖတ္သင့္တဲ့  ေယာက္်ားအမ်ဳိးအစားေတြပါပဲ။

၁။ သင္ စာပို႔တာ ဒါမွမဟုတ္ ဖုန္းေခၚတာကို လ်စ္လ်ဴ႐ႈတဲ့ ေယာက္်ား

အက်ဳိးအေၾကာင္းခုိင္လံုတဲ့ အေၾကာင္းျပခ်က္ရွိတဲ့ အခ်ိန္တစ္ခုအတြင္းမွာ သူျပန္ၿပီး တံု႔ျပန္သင့္ပါတယ္။

အဲဒီလုိမဟုတ္ဘဲ အခ်ိန္အေတာ္ၾကာ လ်စ္လ်ဴ႐ႈထားရင္ေတာ့ ေခါက္သာထားလုိက္ပါေတာ့။

၂။ ေဖာက္ျပန္တတ္တဲ့ ေယာက္်ား

ေဖာက္ျပန္တတ္တာ ေတာ္ေတာ္ဆုိးပါတယ္။ တစ္ခါျခံခုန္ဖူးတဲ့ႏြားက အႀကိမ္ႀကိမ္ခုန္ေနမွာပဲ။

၃။ ျပႆနာ မေျဖရွင္းတတ္တဲ့ ေယာက္်ား

ျပႆနာတစ္ခုခုျဖစ္ရင္ ေခါင္းေအးေအးနဲ႔ အေျဖမရွာဘဲ အလြယ္တကူ ေဒါသထြက္တတ္တဲ့သူမ်ဳိးကို ဘယ္လုိလုပ္ လက္တြဲပါ့မလဲ။ ေယာက္်ားေကာင္းတစ္ေယာက္က သင္ဘာလုိအပ္သလဲ၊ ဘာေျပာခ်င္တာလဲဆုိတာကို စိတ္ဝင္တစားနားေထာင္မွာပါ။ တစ္ခုခုၾကားတာနဲ႔ ႐ွဴး႐ွဴးရွဲရွဲ ခ်က္ခ်င္း ေဒါသထြက္တတ္တာ အဆင္မေျပပါဘူး။

၄။ ႐ႈပ္ေထြးလြန္းတဲ့ ဘဝကို ပိုင္ဆုိင္ထားတဲ့ ေယာက္်ား

သူ႔ရဲ႕အလုပ္ကို သူဘယ္လုိလုပ္ အဆင္ေျပေအာင္ လုပ္ႏုိင္မွာလဲ။ အျမဲတမ္း ႐ႈပ္ေထြးေပြလီေနတဲ့ လူတစ္ေယာက္ရဲ႕ဘဝထဲဝင္ရင္ ကိုယ္ပါ အ႐ႈပ္ထဲပါသြားပါလိမ့္မယ္။

၅။ သင့္ထက္ အလုပ္ကို ဦးစားေပးသူ

စိတ္ဝင္စားမႈဆိုတာ ဟန္ခ်က္ညီသင့္ပါတယ္။ အဲဒီလုိမဟုတ္ဘဲ အလုပ္ကိုပဲ အျမဲဦးစားေပးေနသူ ဆုိရင္ေတာ့ သင့္ကို ေပ်ာ္ရႊင္မႈ ေပးႏုိင္မွာ မဟုတ္ပါဘူး။

၆။ အရက္အရမ္းေသာက္သူ

ေယာက္်ားဆုိတာ အရက္ေသာက္တတ္တာ မဆန္းပါဘူး။ ဒါေပမဲ့ ဘယ္အခ်ိန္မွာ ရပ္သင့္တယ္ဆုိတာ သိသင့္ပါတယ္။

၇။ ကတိကဝတ္ေတြ မထားခ်င္သူ

အခ်စ္ေရးဟာ သာယာေနရင္ တျဖည္းျဖည္း ေရွ႕ဆက္ဖို႔ပဲ ရွိပါတယ္။ လူႏွစ္ေယာက္ ဘဝလက္တြဲေတာ့မယ္ ဆုိရင္ ကတိကဝတ္ေတြဆုိတာ ရွိလာရမွာပဲေလ။

၈။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနည္းသူ

အဲဒီလုိလူမ်ဳိးက ဂ႐ုစိုက္မႈခံခ်င္တယ္။ သူ႔အတြက္သူပဲ ၾကည့္တယ္။ သူ႔အတၱဟာ သင့္ရဲ႕ တက္လမ္းမွာ အတားအဆီး ျဖစ္လာႏုိင္ပါတယ္။ စြန္႔ပစ္ခံရမွာ ေၾကာက္တာကလြဲလုိ႔ သင့္ရဲ႕ ဘဝတက္လမ္းကို သူက ဂ႐ုစိုက္ေပးမွာမဟုတ္ဘူး။

၉။ တြက္ကပ္သူ

ပထမဆံုး ဒိတ္လုပ္တဲ့အခ်ိန္ေတြမွာ ကုန္က်စရိတ္ေတြကို သူထုတ္ေပးရဲ႕လား။ ဒါက ခ်မ္းသာတာ ဆင္းရဲတာနဲ႔ မဆုိင္သလို အျမဲတမ္း သူပဲ ေငြရွင္းရမယ္လုိ႔ မဆုိလိုပါဘူး။ ဒါေပမဲ့ ဒိတ္လုပ္ခါစမွာေတာ့ ေယာက္်ားေလးက ပိုက္ဆံထုတ္ရွင္းသင့္ပါတယ္။ အဲဒီေငြပမာဏေတာင္ ထုတ္ေပးဖို႔ အာ႐ံုမလာတဲ့ ေယာက္်ားမ်ဳိးက သင္တကယ္အားကိုးေလာက္တဲ့ ေယာက္်ားမ်ဳိးမဟုတ္ဘူး။

Source : The Bolde

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အောက်ပါယောက်ျားအမျိုးအစားတွေကတော့ အတော်စိတ်ပျက်စရာကောင်းတဲ့သူတွေပါ။

သံယောဇဉ်မငြိတွယ်ခင်၊ ငြိတွယ်မိရင်ရင်လည်း မြန်မြန် သံယောဇဉ်ဖြတ်သင့်တဲ့  ယောက်ျားအမျိုးအစားတွေပါပဲ။

၁။ သင် စာပို့တာ ဒါမှမဟုတ် ဖုန်းခေါ်တာကို လျစ်လျူရှုတဲ့ ယောက်ျား

အကျိုးအကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ရှိတဲ့ အချိန်တစ်ခုအတွင်းမှာ သူပြန်ပြီး တုံ့ပြန်သင့်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ အချိန်အတော်ကြာ လျစ်လျူရှုထားရင်တော့ ခေါက်သာထားလိုက်ပါတော့။

၂။ ဖောက်ပြန်တတ်တဲ့ ယောက်ျား

ဖောက်ပြန်တတ်တာ တော်တော်ဆိုးပါတယ်။ တစ်ခါခြံခုန်ဖူးတဲ့နွားက အကြိမ်ကြိမ်ခုန်နေမှာပဲ။

၃။ ပြဿနာ မဖြေရှင်းတတ်တဲ့ ယောက်ျား

ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းအေးအေးနဲ့ အဖြေမရှာဘဲ အလွယ်တကူ ဒေါသထွက်တတ်တဲ့သူမျိုးကို ဘယ်လိုလုပ် လက်တွဲပါ့မလဲ။ ယောက်ျားကောင်းတစ်ယောက်က သင်ဘာလိုအပ်သလဲ၊ ဘာပြောချင်တာလဲဆိုတာကို စိတ်ဝင်တစားနားထောင်မှာပါ။ တစ်ခုခုကြားတာနဲ့ ရှူးရှူးရှဲရှဲ ချက်ချင်း ဒေါသထွက်တတ်တာ အဆင်မပြေပါဘူး။

၄။ ရှုပ်ထွေးလွန်းတဲ့ ဘဝကို ပိုင်ဆိုင်ထားတဲ့ ယောက်ျား

သူ့ရဲ့အလုပ်ကို သူဘယ်လိုလုပ် အဆင်ပြေအောင် လုပ်နိုင်မှာလဲ။ အမြဲတမ်း ရှုပ်ထွေးပွေလီနေတဲ့ လူတစ်ယောက်ရဲ့ဘဝထဲဝင်ရင် ကိုယ်ပါ အရှုပ်ထဲပါသွားပါလိမ့်မယ်။

၅။ သင့်ထက် အလုပ်ကို ဦးစားပေးသူ

စိတ်ဝင်စားမှုဆိုတာ ဟန်ချက်ညီသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အလုပ်ကိုပဲ အမြဲဦးစားပေးနေသူ ဆိုရင်တော့ သင့်ကို ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။

၆။ အရက်အရမ်းသောက်သူ

ယောက်ျားဆိုတာ အရက်သောက်တတ်တာ မဆန်းပါဘူး။ ဒါပေမဲ့ ဘယ်အချိန်မှာ ရပ်သင့်တယ်ဆိုတာ သိသင့်ပါတယ်။

၇။ ကတိကဝတ်တွေ မထားချင်သူ

အချစ်ရေးဟာ သာယာနေရင် တဖြည်းဖြည်း ရှေ့ဆက်ဖို့ပဲ ရှိပါတယ်။ လူနှစ်ယောက် ဘဝလက်တွဲတော့မယ် ဆိုရင် ကတိကဝတ်တွေဆိုတာ ရှိလာရမှာပဲလေ။

၈။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းသူ

အဲဒီလိုလူမျိုးက ဂရုစိုက်မှုခံချင်တယ်။ သူ့အတွက်သူပဲ ကြည့်တယ်။ သူ့အတ္တဟာ သင့်ရဲ့ တက်လမ်းမှာ အတားအဆီး ဖြစ်လာနိုင်ပါတယ်။ စွန့်ပစ်ခံရမှာ ကြောက်တာကလွဲလို့ သင့်ရဲ့ ဘဝတက်လမ်းကို သူက ဂရုစိုက်ပေးမှာမဟုတ်ဘူး။

၉။ တွက်ကပ်သူ

ပထမဆုံး ဒိတ်လုပ်တဲ့အချိန်တွေမှာ ကုန်ကျစရိတ်တွေကို သူထုတ်ပေးရဲ့လား။ ဒါက ချမ်းသာတာ ဆင်းရဲတာနဲ့ မဆိုင်သလို အမြဲတမ်း သူပဲ ငွေရှင်းရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒိတ်လုပ်ခါစမှာတော့ ယောက်ျားလေးက ပိုက်ဆံထုတ်ရှင်းသင့်ပါတယ်။ အဲဒီငွေပမာဏတောင် ထုတ်ပေးဖို့ အာရုံမလာတဲ့ ယောက်ျားမျိုးက သင်တကယ်အားကိုးလောက်တဲ့ ယောက်ျားမျိုးမဟုတ်ဘူး။

Source : The Bolde

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top