iMyanmarHouse.com - Best Property Website for Myanmar
×

သက္မြန္ျမင့္ ရဲဲ႕ သားေလး အားခ်စ္က အခုဆိုရင္ ေက်ာင္းစတက္ေနၿပီလို႕ သိရပါတယ္။ သားေလးအားခ်စ္ဟာ ငယ္စဥ္ကတည္းက လူအရမ္းေၾကာက္တတ္တာေၾကာင့္ ယခုလို ေက်ာင္းစတက္တဲ့အရြယ္မွာ ေက်ာင္းပို႕ရတဲ့ အေတြ႕အၾကံဳေလးေတြကို သူမက ေျပာျပခဲ့တာ ျဖစ္ပါတယ္။သူမလည္းစိတ္မေကာင္းျဖစ္ခဲ့ရတယ္တဲ့။

“သားသားက နဂိုကတည္းက လူေၾကာက္တယ္ေျပာရမယ္။ လူေတြအမ်ားႀကီးနဲ႕ သူမေနတတ္ဘူး။ အေမကိုလည္း အရမ္းတြယ္တဲ့သူဆုိေတာ့ အေမကိုယ္တုိင္ ေက်ာင္းပုိ႕ၿပီး တစ္စိမ္းေတြၾကားထဲမွာ အေမက ထားခဲ့တယ္ဆုိေတာ့ သူက အဲ့ဒါကို ခံစားေနရတာ။ အစကတည္းကလည္း သားသားကို ေက်ာင္းပို႕ကို ေဖႀကီးနဲ႕ညွိတယ္။ အေဖေျပာတာဆုိ သားသားက လက္ခံတယ္။ အေမက်ေတာ့သူက ခၽြဲတယ္။ ျဖစ္ခ်င္ေတာ့ သူကို ေက်ာင္းအပ္မယ့္ရက္က သူေနမေကာင္းျဖစ္ တာေတြ ဘာေတြနဲ႕ဆုိေတာ့ ေက်ာင္းအပ္ဖို႕ ေနာက္က် ။ သူျပန္တက္မယ္ဆိုေတာ့ သူအေဖကမအားျဖစ္ေနေတာ့ ကိုယ္က သြားအပ္လိုက္ရတာေပ့ါ။ အေမက သူဒီေလာက္ လူေၾကာက္တက္တာကို သူစိမ္းေတြလက္ထဲမွာ ထားခဲ့တယ္ဆိုေတာ့ သူမအရမ္းငိုတယ္။ ဆိုေတာ့ ကိုယ္လည္းစိတ္မေကာင္းျဖစ္မိတယ္”လို႕ ေျပာျပခဲ့ပါတယ္။

သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အ ႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ သက္မြန္ျမင့္ဟာ ၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ သက္မြန္ျမင့္မွာ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ ” အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ရရွိထားသူ တစ္ဦး ျဖစ္သလို ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ ဆုေပးပြဲမွာ “ခ်စ္လွစြာေသာအမုန္း” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သက်မွန်မြင့် ရဲ့ သားလေး အားချစ်က အခုဆိုရင် ကျောင်းစတက်နေပြီလို့ သိရပါတယ်။ သားလေးအားချစ်ဟာ ငယ်စဉ်ကတည်းက လူအရမ်းကြောက်တတ်တာကြောင့် ယခုလို ကျောင်းစတက်တဲ့အရွယ်မှာ ကျောင်းပို့ရတဲ့ အတွေ့အကြုံလေးတွေကို သူမက ပြောပြခဲ့တာ ဖြစ်ပါတယ်။သူမလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်တဲ့။

“သားသားက နဂိုကတည်းက လူကြောက်တယ်ပြောရမယ်။ လူတွေအများကြီးနဲ့ သူမနေတတ်ဘူး။ အမေကိုလည်း အရမ်းတွယ်တဲ့သူဆိုတော့ အမေကိုယ်တိုင် ကျောင်းပို့ပြီး တစ်စိမ်းတွေကြားထဲမှာ အမေက ထားခဲ့တယ်ဆိုတော့ သူက အဲ့ဒါကို ခံစားနေရတာ။ အစကတည်းကလည်း သားသားကို ကျောင်းပို့ကို ဖေကြီးနဲ့ညှိတယ်။ အဖေပြောတာဆို သားသားက လက်ခံတယ်။ အမေကျတော့သူက ချွဲတယ်။ ဖြစ်ချင်တော့ သူကို ကျောင်းအပ်မယ့်ရက်က သူနေမကောင်းဖြစ် တာတွေ ဘာတွေနဲ့ဆိုတော့ ကျောင်းအပ်ဖို့ နောက်ကျ ။ သူပြန်တက်မယ်ဆိုတော့ သူအဖေကမအားဖြစ်နေတော့ ကိုယ်က သွားအပ်လိုက်ရတာပေ့ါ။ အမေက သူဒီလောက် လူကြောက်တက်တာကို သူစိမ်းတွေလက်ထဲမှာ ထားခဲ့တယ်ဆိုတော့ သူမအရမ်းငိုတယ်။ ဆိုတော့ ကိုယ်လည်းစိတ်မကောင်းဖြစ်မိတယ်”လို့ ပြောပြခဲ့ပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ သက်မွန်မြင့်ဟာ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သက်မွန်မြင့်မှာ သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ” အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top