iMyanmarHouse.com - Best Property Website for Myanmar
×
















Credit : Ko Nyi Htet

တိုက်ဆိုင်မှုရှိခဲ့လျှင်….

တစ်ခါတလေမှာ… ကိုယ့်ရဲ့အလေးနက်စကားတစ်ခွန်းကို မထီမြဲ့မြင်ပြုခံခဲ့ရတာတွေရှိမယ်

တစ်ခါတလေမှာ.. ကိုယ့်ရဲ့စကားတစ်ခွန်းမဆုံးခင် နားမထောင်ဘဲ တစ်ဖက်ကိုအာရုံစိုက်သွားတာမျိုး

တစ်ခါတလေမှာ.. ကိုယ့်ကိုရှောင်ဖယ်ထားကြတာမျိုး

တစ်ခါတလေမှာ.. ကိုယ့်ကို ဟန်ဆောင်ပြီး ပက်သက်နေကြတယ်လို့ ခံစားမိတဲ့အခါမျိုးမှာပေါ့….

ဒီလိုမျိုးလေးတွေ မကြာခဏ ကြုံခဲ့ရတိုင်းလည်း တစ်ခါတလေ အလိုလိုနေရင်း အထီးကျန်မိသလိုလို၊ ကိုယ့်ကိုကိုယ် ဝမ်းနည်းနေမိသလိုလိုနဲ့ သိပ် ခံစားရခက်ပါတယ်။

တကယ်တမ်းကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ကြည့်မိတဲ့အခါ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေကိုမှ ကိုယ်က ဂရုစိုက်နေမိတာ က အဓိက ပြဿနာဖြစ်နေတာပါ

ကျွန်တော်တို့ရဲ့နောက်ကွယ်မှာ…. မိဘတွေရှိမယ်၊ ညီအကိုမောင်နှမတွေရှိမယ် သူတို့နဲ့စကား စ,မြည်ပြောနိုင်တယ်

ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာ… မိတ်ဆွေအပေါင်းသင်း၊ သူငယ်ချင်းတွေရှိသေးတယ်

အဝေးက အချစ်ဆုံးသူငယ်ချင်းဆီကို သတိရကြောင်း မကြာမကြာဖုန်းဆက်လို့ရတယ် Messageလေး ပို့ကြည့်မယ်.. သတိရတဲ့အကြောင်းပေါ့

ကိုယ့်အနားမှာ ဂရုတစိုက်နဲ့.. အမြဲနေပေးတဲ့သူတွေရှိမယ် ကိုယ့်ကိုချစ်တဲ့သူဘဲဖြစ်ဖြစ်၊ ကိုယ့်ကို သံယောဇဉ်တွယ်နေတဲ့သူဘဲဖြစ်ဖြစ်…

တကယ်တော့… အထီးကျန်နေမိတယ်လို့ ထင်စေမိတာဟာ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေအတွက် အလေးထား၊

အချိန်တွေပေးမိလို့ပါ တစ်နည်းပြောရရင် ရင်ထဲထည့်ထားမိလို့ပါ

ကျွန်တော့ဘက်မှာ အမြဲရှိနေပေးတဲ့သူတွေကို ပြန်ပြီး ဂရုစိုက်… နွေးထွေးကြင်နာမိတဲ့အခါ၊ စကား စ,မြည်ပြော၊ ရယ်မောမိကြတဲ့အခါ…..

ကျွန်တော်ဘာလို့ အထီးကျန်နေအုံးမှာလဲ…. ?

Credit : Ko Nyi Htet

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top