iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ဆံပင်လှူချင်လို့ ဆံပင်ညှပ်လိုက်ပြီလို့ သိရပါတယ်။ အရင်ဆံပင်အတိုင်းပြန်ရှည်ဖို့ လည်း တော်တော် စောင့်ရမယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

” ဆံပင်လှူချင်လို့ညှပ်လိုက်ပြီ အရင်အတိုင်းဆံပင်ပြန်ရှည်ဖို့ ၂ နှစ်လောက်တော့ထပ်စောင့်ရဦးမယ်” လို့ ဆိုပါတယ်။ ဆံပင်လေးတို သွားပေမယ့်လည်း ဂုတ်အထိဆံပင်အရှည်လေးရှိသေးတော့ ဘယ်လို နေနေ ချစ်စရာကောင်းနေတာတော့ အမှန်ပါပဲ။

သဉ္ဇာနွယ်ဝင်း ဟာ အိမ်ထောင်ပြုပြီးကတည်းက အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ပါဘူး။ ဇာတ်ကားရိုက်ကူးမှုတွေ မရှိတော့ပေမယ့် တီဗီကြော်ငြာလေးတွေတော့ လာကမ်းလှမ်းတာတွေရှိရင် လက်ခံဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top