iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းသီးတစ္လံုး ေန႔စဥ္စားသံုးရင္ က်န္းမာၿပီးေရာဂါဘယကင္းေဝးမယ္လို႔ ဆုိၾကပါတယ္။ ပန္းသီးမဟုတ္ဘဲ ၾကက္သြန္ျဖဴတစ္ျမႊာကို ေန႔တုိင္းစားျခင္းရဲ႕ အက်ိဳးေက်းဇူးကိုေတာ့ သင္ ၾကားဖူးဦးမယ္မထင္ပါဘူး။ အနံ႔ျပင္းတဲ့ၾကက္သြန္ျဖဴကို ဒီအတုိင္းစားဖုိ႔လည္း ခက္တယ္ဆုိ ပ်ားရည္ေလးနဲ႔စိမ္ၿပီးမွ စားပါ။

ပ်ားရည္က ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္ပ်က္မႈျဖစ္စဥ္ကို ျမႇင့္တင္ေပးၿပီး ခႏၶာကိုယ္ထဲကအဆီေတြကို ေလာင္ကၽြမ္းမႈအားေကာင္းေစပါတယ္။ ၾကက္သြန္ျဖဴမွာ လူကိုက်န္းမာေစတဲ့ အစြမ္းသတၱိေတြ႐ွိပါတယ္။ အထူးသျဖင့္ ႏွလံုးကိုလည္း က်န္းမာေစပါတယ္။ Allicin ဆုိတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္ၿပီး ယင္းျဒပ္ေပါင္းဟာ ေရာဂါပိုးမႊားေတြကို ခုခံေပးႏုိင္စြမ္းရွိပါတယ္။ ဒါ့အျပင္ မဂၢနိစ္ (maganese) ၊ ဗီတာမင္ C ၊ ဗီတာမင္ B12 ၊ အမွ်င္ဓာတ္နဲ႔ ဆီလီနီယမ္ (Selenium) ဓာတ္ေတြ ပါဝင္လုိ႔ ကိုယ္ခံစြမ္းအားကို ျမင့္တက္ေစသလို ေရာဂါပိုးေတြကိုတုိက္ထုတ္ႏိုင္ပါတယ္။

ၾကက္သြန္ျဖဴကို အျမႊာေလးေတြခြဲထုတ္ထားလိုက္ပါ။ အခြံက ႏွစ္လႊာ႐ွိပါတယ္။ အေပၚခြံကိုပဲ ႏႊာထားပါ။ ေျခာက္ေသြ႔သန္႔ရွင္းတဲ့ ပုလင္းထဲကို ၾကက္သြန္ျဖဴထည့္ၿပီး အေပၚကေန ၾကက္သြန္ျဖဴျမဳပ္တဲ့အထိ ပ်ားရည္ကိုေလာင္းေပးရပါမယ္။ ပုလင္းအဖံုးပိတ္ၿပီး အခန္းအပူခ်ိန္မွာပဲ ၁၀ ရက္ခန္႔ထားလိုက္ပါ။ ၁၀ ရက္ အၾကာမွာေတာ့ စားလို႔ရပါၿပီ။ တစ္ေန႔တစ္ျမႊာစားေပးရင္ကိုပဲ က်န္းမာေရးအတြက္ လံုေလာက္တဲ့ ေစာင့္ေရွာက္မႈျဖစ္ေစပါတယ္။

Source : Style Crazy

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပန်းသီးတစ်လုံး နေ့စဉ်စားသုံးရင် ကျန်းမာပြီးရောဂါဘယကင်းဝေးမယ်လို့ ဆိုကြပါတယ်။ ပန်းသီးမဟုတ်ဘဲ ကြက်သွန်ဖြူတစ်မြွှာကို နေ့တိုင်းစားခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ သင် ကြားဖူးဦးမယ်မထင်ပါဘူး။ အနံ့ပြင်းတဲ့ကြက်သွန်ဖြူကို ဒီအတိုင်းစားဖို့လည်း ခက်တယ်ဆို ပျားရည်လေးနဲ့စိမ်ပြီးမှ စားပါ။

ပျားရည်က ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲကအဆီတွေကို လောင်ကျွမ်းမှုအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ လူကိုကျန်းမာစေတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ အထူးသဖြင့် နှလုံးကိုလည်း ကျန်းမာစေပါတယ်။ Allicin ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီး ယင်းဒြပ်ပေါင်းဟာ ရောဂါပိုးမွှားတွေကို ခုခံပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် မဂ္ဂနိစ် (maganese) ၊ ဗီတာမင် C ၊ ဗီတာမင် B12 ၊ အမျှင်ဓာတ်နဲ့ ဆီလီနီယမ် (Selenium) ဓာတ်တွေ ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြင့်တက်စေသလို ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်ပါတယ်။

ကြက်သွန်ဖြူကို အမြွှာလေးတွေခွဲထုတ်ထားလိုက်ပါ။ အခွံက နှစ်လွှာရှိပါတယ်။ အပေါ်ခွံကိုပဲ နွှာထားပါ။ ခြောက်သွေ့သန့်ရှင်းတဲ့ ပုလင်းထဲကို ကြက်သွန်ဖြူထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူမြုပ်တဲ့အထိ ပျားရည်ကိုလောင်းပေးရပါမယ်။ ပုလင်းအဖုံးပိတ်ပြီး အခန်းအပူချိန်မှာပဲ ၁၀ ရက်ခန့်ထားလိုက်ပါ။ ၁၀ ရက် အကြာမှာတော့ စားလို့ရပါပြီ။ တစ်နေ့တစ်မြွှာစားပေးရင်ကိုပဲ ကျန်းမာရေးအတွက် လုံလောက်တဲ့ စောင့်ရှောက်မှုဖြစ်စေပါတယ်။

Source : Style Crazy

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top