iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ဆံပင္က အနံ႔ျပင္းျပင္းရွိေနတယ္ဆိုရင္ ေတာ္ေတာ္ေလးေနရခက္ၾကပါတယ္။ ဆံပင္လႈပ္ရွားတိုင္းအနံ႔ထြက္ေနမွာေပါ့။ ဒါေပမယ့္ ဒါကိုသတိထားမိတာက ကိုယ္တစ္ေယာက္တည္းမဟုတ္ေလာက္ပါဘူး။ ေဘးနားကသူငယ္ခ်င္းေတြ၊မိသားစု၊လုပ္ေဖာ္ကိုင္ဖက္ေတြအျပင္ လိုင္းကားအတူစီးသူေတြပါ သတိထားမိျပီဆိုရင္ေတာ့ ျပႆနာရွိလာပါျပီ။

ေခါင္းကနံေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈလည္းက်ဆင္းျပီး လူေတြနားသြားတိုင္း ငါဆံပင္ကနံေနမလားဆိုျပီး မလံုမလဲျဖစ္ရပါတယ္။ ေခါင္းလည္းပံုမွန္ေလွ်ာ္ေနလ်က္နဲ႔ ဒီလိုဘာေၾကာင့္နံေနရတာလဲ။ အေရးၾကီးတဲ့အခ်က္ကေတာ့ ေခါင္းေလွ်ာ္ျပီးတာေတာင္အနံ႔ဆိုးကက်န္ေနေသးတယ္ဆိုရင္ ဆံပင္ကနံတာမဟုတ္ဘဲ ဦးေရျပားကအနံ႔ထြက္ေစတာျဖစ္ပါတယ္။ ဒါဆိုရင္ ဆံပင္ကိုေရာ၊ဦးေရျပားက်န္းမာေရးကိုပါ ဂရုစိုက္ရေတာ့မွာျဖစ္ပါတယ္။ ေခါင္းေခြ်းနံရတဲ့ျဖစ္နိုင္ေျခအမ်ားဆံုးအေၾကာင္းရင္း(၈)ခုကို ေဖာ္ျပလိုက္ပါတယ္။

(၁) ေခါင္းမွန္မွန္မေလွ်ာ္ျခင္း

ေခါင္းမေလွ်ာ္ဘဲေနေလ ဦးေရျပားမွာအဆီေတြပိုျပန္ေလျဖစ္ပါတယ္။ ေခါင္းမေလွ်ာ္ဘဲ ၃ ရက္ေက်ာ္လာျပီဆိုရင္ ျဖစ္လာတဲ့အဆီေတြေၾကာင့္ ဦးေရျပားမွာသဘာဝအတိုင္းရွိေနတဲ့ဘက္တီးရီးယားေတြေသဆံုးျပီး အနံ႔ဆိုးေတြျဖစ္လာေစပါတယ္။

(၂) ေခါင္းခဏခဏေလွ်ာ္ျခင္း

ေခါင္းေလွ်ာ္တယ္ဆိုလည္း ခဏခဏေလွ်ာ္လြန္းတာကမေကာင္းပါဘူး။ ဆံသားကိုပ်က္စီးေစျပီးဦးေရျပားကိုေျခာက္ေသြ႕သြားေစပါတယ္။ ေခါင္းေလွ်ာ္လိုက္ရင္ အနံ႔ေပ်ာက္ေစတာမွန္ေပမယ့္ ခဏခဏေလွ်ာ္ရင္ ဆန္႔က်င္ဘက္ရလဒ္ျဖစ္လာေစနိုင္ပါတယ္။ တစ္ပတ္အတြင္းသံုးေလးၾကိမ္ ေခါင္းေလွ်ာ္တဲ့အခါ ဆံပင္မွာရွိတဲ့သဘာဝအဆီဓာတ္ေတြခန္းေျခာက္ေစတာေၾကာင့္  ဦးေရျပားကအဆီပိုျပန္လာပါလိမ့္မယ္။ ဆံပင္မွာအဆီေတြပိုျပန္လာမယ္၊ေခြ်းေတြပိုထြက္မယ္၊အနံပိုထြက္လာပါလိမ့္မယ္။

(၃) ဆံသားအလွကုန္ေတြနဲ႔ဓာတ္ျပဳျခင္း

တခ်ိဳ႕အလွကုန္ေတြက သင့္ရဲ႕သဘာဝအဆီေတြနဲ႔မေကာင္းတဲ့ဓာတ္ျပဳမႈေတြရွိနိုင္ပါတယ္။ေခါင္းေလွ်ာ္ရည္ သို႔မဟုတ္ ေပါင္းေဆး တစ္ခုခုကို သံုးလုိက္တဲ့ေနာက္ပိုင္း ဆံပင္ကအနံ႔ဆိုးလာတာမ်ိဳးုျဖစ္နိုင္ပါတယ္။

(၄) ဆံသားအနံ႔ျပင္းလကၡဏာ(SHS)

ဦးေရျပားမွာေခြ်းနဲ႔အဆီဂလင္းေတြလုပ္ေဆာင္ခ်က္လြန္ကဲတဲ့အခါ SHS လကၡဏာျဖစ္လာေစပါတယ္။ ဦးေရျပားက အဆီနဲ႔ေခြ်းေတြထြက္တာမ်ားလြန္းရင္ အနံ႔ထြက္လြယ္ပါတယ္။ ဒါ့အျပင္ ေဟာ္မုန္းမညီမွ်မႈေၾကာင့္လည္း ဒီျပႆနာကိုျဖစ္ေစပါတယ္။

(၅) မိႈပိုးဝင္ျခင္း

တစ္ခါတေလအဆီဂလင္းေတြမွာ မိႈပိုးဝင္တတ္ျပီး ဦးေရျပားကိုအနံ႔ဆိုးထြက္ေစနိုင္ပါတယ္။ ဒါကို tinea capitis လို႔ေခၚျပီး ကူးစက္လြယ္တာေၾကာင့္ တစ္အိမ္တည္းအတူေနသူခ်င္းကူးစက္ျပန္႔ပြားနိုင္ပါတယ္။

(၆) ေခြ်းဂလင္းရဲ႕လုပ္ေဆာင္ခ်က္

ဦးေခါင္းမွာရွိတဲ့apocrine ေခြ်းဂလင္းေတြက အဆီပါတဲ့ေခြ်းေတြကိုထြက္ရွိေစတတ္ပါတယ္။အဲဒီ့ေခြ်းေတြက ဦးေရျပားေပၚကဘက္တီးရီးယားေတြကိုေသေစတဲ့အခါအနံ႔ဆိုးထြက္ေစပါတယ္။

(၇) စိတ္ဖိစီးမႈ

စိတ္ဖိစီးမႈမ်ားျခင္းက စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာမွာပါက်န္းမာေရးျပႆနာေတြအမ်ားၾကီးျဖစ္ေစပါတယ္။  ဒါ့ေၾကာင့္ ဆံသားနဲ႔ဦးေရျပားမွာလည္းထိခိုက္ေစနိုင္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္လည္း ဆံပင္ေတြပါးလာတာ၊ ဆံပင္ကြ်တ္တာေတြျဖစ္ေစတတ္ပါတယ္။ စိတ္ဖိစီးမႈနဲ႔စိတ္လႈပ္ရွားမႈေတြေၾကာင့္ ဦးေရျပားမွာအဆီပိုျဖစ္ေစျပီး အနံ႔ဆိုးထြက္ေစပါတယ္။ အဆီျပန္တဲ့ဦးေရျပားမွာ အနံ႔အသက္ပိုစြဲျပီး အနံ႔ပိုျပင္းတတ္ပါတယ္။

(၈) အစားအေသာက္ေၾကာင့္

ဦးေရျပားအနံ႔အသက္ဆိုးျခင္းက သင့္ရဲ႕အစားအေသာက္နဲ႔တိုက္ရိုက္ပတ္သက္ဆက္ႏႊယ္ေနနိုင္ပါတယ္။ အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြက တိုက္ဆိုင္မႈမရွိဘူးဆိုရင္ေတာ့ ကုိယ့္ရဲ႕စားေသာက္ပံုအာဟာရကို ျပန္ဆန္းစစ္သင့္ပါတယ္။ ကိုယ္စားသံုးတဲ့အစာအာဟာရထဲမွာ တေဆးပါဝင္မႈလြန္ကဲေနနိုင္ပါတယ္။ တေဆးစားသံုးမိတာမ်ားရင္ သိသိသာသာခ်ဥ္စုပ္တဲ့အနံ႔မ်ိဳးထြက္နိုင္ပါတယ္။ တေဆးပါဝင္တဲ့အစားအစာ ဘယ္ပမာဏေလာက္စားမိသလဲသတိထားၾကည့္ျပီး ေလွ်ာ့စားရင္ အနံ႔အသက္ေလ်ာ့ပါးေစနုိင္ပါတယ္။
ဘယ္လိုေျဖရွင္းမလဲ

အနံ႔အသက္ထြက္ေနတဲ့ဦးေရျပားနဲ႔ဆံသားကို ေျဖရွင္းနိုင္မယ့္နည္းလမ္းေလးေတြရွိပါတယ္။

    ေခါင္းေလွ်ာ္တဲ့ရက္ကို သတ္သတ္မွတ္မွတ္ထားပါ။ ေလွ်ာ္ဖို႔မပ်င္းပါနဲ႔။ အလြန္အကြ်ံမေလွ်ာ္ပါနဲ႔။
    အေမႊးနံ႔ကို အဓိကထုတ္လုပ္တဲ့ေခါင္းေလွ်ာ္ရည္ကိုေရြးပါ။ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္လည္းသံုးနိုင္ပါတယ္။
    ပန္းကန္လံုးတစ္လံုးထဲမွာ ပန္းသီးရွာလကာရည္နဲ႔ေရကိုဆတူေရာျပီးဆံသားမွာဆြတ္လိမ္းပါ။ ေျခာက္တဲ့အထိထားျပီး ေခါင္းေလွ်ာ္ခ်ပါ။
    ေရတစ္ဖလားထဲကို မုန္႔ဖုတ္ဆိုဒါအနည္းငယ္ထည့္ထားပါ။ ပံုမွန္အတိုင္းေခါင္းေလွ်ာ္လို႔ျပီးတဲ့အခါမွ အဲဒီေရနဲ႔ေလာင္းေလွ်ာ္ပါ။
    ရို႕စ္ေမရီ သို႔မဟုတ္ သံလြင္ဆီ စတဲ့ အဆီတစ္မ်ိဳးမ်ိဳးထဲကို သံပရာရည္ညွစ္ထည့္ျပီး ဦးေရျပားမွာလိမ္းေပးပါ။ ျပီးမွေခါင္းေလွ်ာ္ပါ။ သံပရာသီးကအနံ႔အသက္ေပ်ာက္ျပီး ပိုးေသေစပါတယ္။
    ဆံပင္ေပ်ာ့ေဆးလံုးဝမသံုးသင့္ပါ။ အနံ႔အသက္ထြက္ေနတဲ့ဦးေရျပားမွာ ဆံပင္ေပ်ာ့ေဆးသံုးလိုက္တာက အဲဒီမွာရွိိေနတဲ့အဏုဇီဝပိုးေတြကို အာဟာရေကြ်းလိုက္သလိုျဖစ္ေစနိုင္တာေၾကာင့္ ပိုေတာင္အနံ႔ဆိုးေစနိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင် တော်တော်လေးနေရခက်ကြပါတယ်။ ဆံပင်လှုပ်ရှားတိုင်းအနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကိုသတိထားမိတာက ကိုယ်တစ်ယောက်တည်းမဟုတ်လောက်ပါဘူး။ ဘေးနားကသူငယ်ချင်းတွေ၊မိသားစု၊လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။

ခေါင်းကနံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်ကနံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင်အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်ကနံတာမဟုတ်ဘဲ ဦးရေပြားကအနံ့ထွက်စေတာဖြစ်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ခေါင်းချွေးနံရတဲ့ဖြစ်နိုင်ခြေအများဆုံးအကြောင်းရင်း(၈)ခုကို ဖော်ပြလိုက်ပါတယ်။

(၁) ခေါင်းမှန်မှန်မလျှော်ခြင်း

ခေါင်းမလျှော်ဘဲနေလေ ဦးရေပြားမှာအဆီတွေပိုပြန်လေဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ဘက်တီးရီးယားတွေသေဆုံးပြီး အနံ့ဆိုးတွေဖြစ်လာစေပါတယ်။

(၂) ခေါင်းခဏခဏလျှော်ခြင်း

ခေါင်းလျှော်တယ်ဆိုလည်း ခဏခဏလျှော်လွန်းတာကမကောင်းပါဘူး။ ဆံသားကိုပျက်စီးစေပြီးဦးရေပြားကိုခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ်ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်းသုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင်မှာရှိတဲ့သဘာဝအဆီဓာတ်တွေခန်းခြောက်စေတာကြောင့်  ဦးရေပြားကအဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာအဆီတွေပိုပြန်လာမယ်၊ချွေးတွေပိုထွက်မယ်၊အနံပိုထွက်လာပါလိမ့်မယ်။

(၃) ဆံသားအလှကုန်တွေနဲ့ဓာတ်ပြုခြင်း

တချို့အလှကုန်တွေက သင့်ရဲ့သဘာဝအဆီတွေနဲ့မကောင်းတဲ့ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ခေါင်းလျှော်ရည် သို့မဟုတ် ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်ကအနံ့ဆိုးလာတာမျိုးုဖြစ်နိုင်ပါတယ်။

(၄) ဆံသားအနံ့ပြင်းလက္ခဏာ(SHS)

ဦးရေပြားမှာချွေးနဲ့အဆီဂလင်းတွေလုပ်ဆောင်ချက်လွန်ကဲတဲ့အခါ SHS လက္ခဏာဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ချွေးတွေထွက်တာများလွန်းရင် အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင် ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကိုဖြစ်စေပါတယ်။

(၅) မှိုပိုးဝင်ခြင်း

တစ်ခါတလေအဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကိုအနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကို tinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်းကူးစက်ပြန့်ပွားနိုင်ပါတယ်။

(၆) ချွေးဂလင်းရဲ့လုပ်ဆောင်ချက်

ဦးခေါင်းမှာရှိတဲ့apocrine ချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကိုထွက်ရှိစေတတ်ပါတယ်။အဲဒီ့ချွေးတွေက ဦးရေပြားပေါ်ကဘက်တီးရီးယားတွေကိုသေစေတဲ့အခါအနံ့ဆိုးထွက်စေပါတယ်။

(၇) စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေပါတယ်။  ဒါ့ကြောင့် ဆံသားနဲ့ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာအဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။

(၈) အစားအသောက်ကြောင့်

ဦးရေပြားအနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့တိုက်ရိုက်ပတ်သက်ဆက်နွှယ်နေနိုင်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။ ကိုယ်စားသုံးတဲ့အစာအာဟာရထဲမှာ တဆေးပါဝင်မှုလွန်ကဲနေနိုင်ပါတယ်။ တဆေးစားသုံးမိတာများရင် သိသိသာသာချဉ်စုပ်တဲ့အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့အစားအစာ ဘယ်ပမာဏလောက်စားမိသလဲသတိထားကြည့်ပြီး လျှော့စားရင် အနံ့အသက်လျော့ပါးစေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ

အနံ့အသက်ထွက်နေတဲ့ဦးရေပြားနဲ့ဆံသားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။

    ခေါင်းလျှော်တဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပါ။ လျှော်ဖို့မပျင်းပါနဲ့။ အလွန်အကျွံမလျှော်ပါနဲ့။
    အမွှေးနံ့ကို အဓိကထုတ်လုပ်တဲ့ခေါင်းလျှော်ရည်ကိုရွေးပါ။ ဗောက်ပျောက်ခေါင်းလျှော်ရည်လည်းသုံးနိုင်ပါတယ်။
    ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်နဲ့ရေကိုဆတူရောပြီးဆံသားမှာဆွတ်လိမ်းပါ။ ခြောက်တဲ့အထိထားပြီး ခေါင်းလျှော်ချပါ။
    ရေတစ်ဖလားထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ထားပါ။ ပုံမှန်အတိုင်းခေါင်းလျှော်လို့ပြီးတဲ့အခါမှ အဲဒီရေနဲ့လောင်းလျှော်ပါ။
    ရို့စ်မေရီ သို့မဟုတ် သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးထဲကို သံပရာရည်ညှစ်ထည့်ပြီး ဦးရေပြားမှာလိမ်းပေးပါ။ ပြီးမှခေါင်းလျှော်ပါ။ သံပရာသီးကအနံ့အသက်ပျောက်ပြီး ပိုးသေစေပါတယ်။
    ဆံပင်ပျော့ဆေးလုံးဝမသုံးသင့်ပါ။ အနံ့အသက်ထွက်နေတဲ့ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးလိုက်တာက အဲဒီမှာရှိနေတဲ့အဏုဇီဝပိုးတွေကို အာဟာရကျွေးလိုက်သလိုဖြစ်စေနိုင်တာကြောင့် ပိုတောင်အနံ့ဆိုးစေနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top