iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ စမုိင္းလ္ ဟာ အခုခ်ိန္မွာ ကိုယ္ပုိင္စီးပြားေရးေတြလည္းအမ်ားႀကီးပုိင္ဆုိင္ထားသလုိ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရး ကုိလည္း စီစဥ္ေဆာင္ရြက္ေနသူတစ္ဦးပါ။ ဒီလုိပုိင္ဆုိင္မႈေတြ ရွိလာႏုိင္ေအာင္လည္း ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရတာေတြရွိတယ္လုိ႔ ေျပာျပခဲ့ပါတယ္။

'' အစ္မတုိ႔က ခ်က္ခ်င္းႀကီး ခ်မ္းသာလာတာေတာ့ မဟုတ္ဘူး ပင္ပင္ပန္းပန္း ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားခဲ့ရတယ္။ ပုိဆုိးတာက အစ္မ တုိ႔က ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္က်သြားတာဆုိေတာ့ ဆင္းရဲဒုကၡမ်ဳိးစုံခံရတယ္။ အဓိကေျပာခ်င္တာကေတာ့ ႀကိဳးစားပါ ဘုရား တရားကုိ မေမ့ပါနဲ႔လုိ႔ ေျပာခ်င္ပါတယ္'' လုိ႔ ဆုိပါတယ္။

ေအာင္ျမင္တဲ့အိမ္ေထာင္ေရးတစ္ခုျဖစ္ဖုိ႔ ႀကိဳးစားခဲ့ရတာေတြလည္း ေျပာျပခဲ့ပါတယ္။

'' ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးျဖစ္ဖုိ႔ဆုိတာ သူ႔ဘက္ကလည္း ႀကိဳးစားသလို အစ္မက မိန္းမဆုိေတာ့ အိမ္ေထာင္ေရးကုိလည္း ထိန္းသိမ္းရတာေပါ့ေနာ္။ ႏွစ္ေယာက္စလုံး ညီညီမွ်မွ်လုပ္မွလည္း ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးျဖစ္မွာပဲေလ'' လို႔ ဆုိပါတယ္။

ပရိသတ္ေတြအားက်လြန္းတဲ့ သရုပ္ေဆာင္ စမုိင္းလ္ရဲ႔ ခမ္းနားတဲ့ အိမ္ႀကီးကေတာ့ ....

'' အစ္မတုိ႔ အဂၤလန္မွာကတည္းက ကုိယ့္အိမ္ေလးဆုိရင္ ဘယ္လုိေနခ်င္တယ္ ဆုိတာကုိ ပုံေလးဆြဲတယ္။ ဓာတ္ပုံေလးေတြလည္း စုတယ္။ ျမန္မာျပည္ေရာက္ေတာ့ အစ္မတုိ႔ ကြန္ဒုိေလးဝယ္တယ္ ၿပီးေတာ့မွ ျခံေလးဝယ္ၿပီး ဒီအိမ္ကုိ ေဆာက္မယ္ေပါ့။ တျဖည္းျဖည္းနဲ႔ ကုိယ္လုိခ်င္တဲ့ အုိင္ဒီယာမ်ဳိး ေဆာက္ခဲ့တာေပါ့။ အိမ္ရဲ႕ တန္ဖုိးကလည္း လုိတာေတြ ထပ္ထည့္ေနတာ ဆုိေတာ့ ေသခ်ာမသိေသးဘူး'' လုိ႔ စမုိင္းလ္က ေျပာပါတယ္။

သရုပ္ေဆာင္စမုိင္းလ္ဟာ အခုဆုိရင္ စမုိင္းလ္ရုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလုိ ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖုိ႔ သရုပ္ေဆာင္အလုပ္ေတြပါ ျပန္လုပ္ေနၿပီလုိ႔ သိရပါတယ္။

Photo: စမုိင္းလ္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်းအများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာတွေရှိတယ်လို့ ပြောပြခဲ့ပါတယ်။

'' အစ်မတို့က ချက်ချင်းကြီး ချမ်းသာလာတာတော့ မဟုတ်ဘူး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်။ ပိုဆိုးတာက အစ်မ တို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာဆိုတော့ ဆင်းရဲဒုက္ခမျိုးစုံခံရတယ်။ အဓိကပြောချင်တာကတော့ ကြိုးစားပါ ဘုရား တရားကို မမေ့ပါနဲ့လို့ ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

အောင်မြင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ ကြိုးစားခဲ့ရတာတွေလည်း ပြောပြခဲ့ပါတယ်။

'' အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ဆိုတာ သူ့ဘက်ကလည်း ကြိုးစားသလို အစ်မက မိန်းမဆိုတော့ အိမ်ထောင်ရေးကိုလည်း ထိန်းသိမ်းရတာပေါ့နော်။ နှစ်ယောက်စလုံး ညီညီမျှမျှလုပ်မှလည်း အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်မှာပဲလေ'' လို့ ဆိုပါတယ်။

ပရိသတ်တွေအားကျလွန်းတဲ့ သရုပ်ဆောင် စမိုင်းလ်ရဲ့ ခမ်းနားတဲ့ အိမ်ကြီးကတော့ ....

'' အစ်မတို့ အင်္ဂလန်မှာကတည်းက ကိုယ့်အိမ်လေးဆိုရင် ဘယ်လိုနေချင်တယ် ဆိုတာကို ပုံလေးဆွဲတယ်။ ဓာတ်ပုံလေးတွေလည်း စုတယ်။ မြန်မာပြည်ရောက်တော့ အစ်မတို့ ကွန်ဒိုလေးဝယ်တယ် ပြီးတော့မှ ခြံလေးဝယ်ပြီး ဒီအိမ်ကို ဆောက်မယ်ပေါ့။ တဖြည်းဖြည်းနဲ့ ကိုယ်လိုချင်တဲ့ အိုင်ဒီယာမျိုး ဆောက်ခဲ့တာပေါ့။ အိမ်ရဲ့ တန်ဖိုးကလည်း လိုတာတွေ ထပ်ထည့်နေတာ ဆိုတော့ သေချာမသိသေးဘူး'' လို့ စမိုင်းလ်က ပြောပါတယ်။

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင်အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။

Photo: စမိုင်းလ်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top