iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ကိုယ္ဘာလဲဆုိတာ ေဖာ္ျပ

ကိုယ္က ဘယ္လိုလူမ်ိဳးလဲ၊ ကိုယ့္အျမင္ေတြ၊ ကိုယ့္စြမ္းေဆာင္ႏိုင္မႈေတြကို သူသိပါေစ။ ႐ိုး႐ိုးသားသားနဲ႔ အ႐ွိကုိအ႐ွိတုိင္း ယံုၾကည္မႈ႐ွိရွိ ေဖာ္ျပႏိုင္မႈဟာ စမတ္က်ၿပီး ေယာက္်ားေတြႏွစ္သက္တဲ့ပံုစံမ်ိဳးပါပဲ။ အထင္လည္းၾကီးၾကပါတယ္။

၂။ သူ႔ေခါင္းထဲမွာ ေနရာယူ

အီစီကလီေတြ မလုပ္ပါနဲ႔။ ခၽြဲႏြဲ႕ေနတာမ်ိဳးက အသက္ ၂၀ ေအာက္ ေကာင္မေလးေတြရဲ႕အထာပါ။ ကိုယ္က ေနရာတစ္ခုမွာ ရပ္တည္ေနႏိုင္ၿပီဆုိရင္ တကူးတက သြားၿပီးအီေနစရာမလိုပါဘူး။ သူ သေဘာက်ႏိုင္မယ့္အရာေတြကို ကိုယ္ကလုပ္ျပပါ။ သူ႔အျမင္ေတြကို ေဆြးေႏြးေပးျခင္းဟာ သူကိုယ့္ဆီ တိမ္းညႊတ္လာေစမယ့္နည္းတစ္ခုပါပဲ။

ဆက္စပ္ဖတ္႐ႈခ်င္စရာ ---> အမ်ိဳးသားေတြ ဘဝလက္တဲြေဖာ္အျဖစ္ စဥ္းစားေလ့ရွိတဲ့ အမ်ိဳးသမီးေတြဆိုတာ

၃။ မိမိကိုယ္ကိုယ္ယံုၾကည္မႈ

အလကားေန စိတ္ပ်က္အားငယ္တဲ့ပံုစံေၾကာင့္ ဘယ္သူမွ ကိုယ့္အနားကို မကပ္ခ်င္ပါဘူး။ ရဲရင့္ပါ။ တက္ၾကြၿပီး ရင္ဆုိင္ႏိုင္စြမ္း႐ွိပါ။ မဟုတ္မခံစိတ္နဲ႔ ႀကိဳးစားလိုစိတ္႐ွိတဲ့ အမ်ိဳးသမီးေတြဟာ ေယာက္်ားေတြရဲ႕ အာ႐ံုစိုက္မႈကို ရရွိပါတယ္။ မိမိကိုယ္ကိုယ္ ယံုၾကည္မႈ႐ွိတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ မိတ္ကပ္မလိမ္းဘဲန႔ဲေတာင္ ဆြဲေဆာင္မႈ႐ွိေနတာမ်ိဳးေလ။

၄။ ခပ္ေခ်ေခ်ေနပါ

တခါတေလမွာ ျငင္းဆန္ဖုိ႔ လိုအပ္ပါတယ္။ သူခ်ိန္းတိုင္း၊ ေတာင္းဆုိတိုင္း လိုက္ေလ်ာလို႔ မျဖစ္ပါဘူး။ သူ႔ဘက္က ဘယ္ေလာက္ပဲရိုမန္႔တစ္ဆန္ဆန္ ျပင္ဆင္ထားပါေစ အဲ့ဒီ ညစာစားပြဲေလးကို ျငင္းသင့္ရင္ျငင္းလိုက္ပါ။ သူက စကားစ႐ံု႐ွိေသး ကိုယ္က ဖိနပ္ေလးေကာက္စီးၿပီး သြားလိုက္မယ္ဆို သိပ္ကိုလြယ္လြန္းသြားပါလိမ့္မယ္။ လူေတြက အလြယ္တကူရရင္ သိပ္စိတ္မဝင္စားတတ္ဘူးဆိုတာလည္း မေမ့ပါနဲ႔။

ဆက္စပ္ဖတ္႐ႈခ်င္စရာ ---> ကိုယ့္ခ်စ္သူအေပၚ မိန္းကေလးေတြ မျပဳမူသင့္တဲ့အရာ (၄) ခု

၅။ ထိကပါးရိကပါး

သိတာ သိပ္မၾကာေသးဘဲနဲ႔ လိင္နဲ႔ဆက္ႏႊယ္ေနတဲ့စကားေတြ ထိကပါးရိပါးေျပာလာရင္ လက္မခံပါနဲ႔။ ကိုယ့္မွာ ကိုယ္ပိုင္တန္ဖုိး႐ွိပါတယ္။ ကိုယ့္ကို သူက ေလးစားမႈနဲ႔ တန္ဖိုးထားမႈ ရွိရပါမယ္။ သူ႔ဘက္က စေျပာရင္ မႏွစ္သက္ေၾကာင္း ျငင္းဆန္ပါ။ ကိုယ့္ဘက္ကလည္း လက္ခံေျပာမိရင္ ကိုယ္က ဘယ္လိုမွ အထာမက်ေတာ့ပါဘူး။ ပြင့္လင္းပါ ဒါေပမဲ့ အဆံုးစြန္ထိေရာက္စရာ မလိုပါဘူး။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ ကိုယ်ဘာလဲဆိုတာ ဖော်ပြ

ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ကိုယ့်အမြင်တွေ၊ ကိုယ့်စွမ်းဆောင်နိုင်မှုတွေကို သူသိပါစေ။ ရိုးရိုးသားသားနဲ့ အရှိကိုအရှိတိုင်း ယုံကြည်မှုရှိရှိ ဖော်ပြနိုင်မှုဟာ စမတ်ကျပြီး ယောက်ျားတွေနှစ်သက်တဲ့ပုံစံမျိုးပါပဲ။ အထင်လည်းကြီးကြပါတယ်။

၂။ သူ့ခေါင်းထဲမှာ နေရာယူ

အီစီကလီတွေ မလုပ်ပါနဲ့။ ချွဲနွဲ့နေတာမျိုးက အသက် ၂၀ အောက် ကောင်မလေးတွေရဲ့အထာပါ။ ကိုယ်က နေရာတစ်ခုမှာ ရပ်တည်နေနိုင်ပြီဆိုရင် တကူးတက သွားပြီးအီနေစရာမလိုပါဘူး။ သူ သဘောကျနိုင်မယ့်အရာတွေကို ကိုယ်ကလုပ်ပြပါ။ သူ့အမြင်တွေကို ဆွေးနွေးပေးခြင်းဟာ သူကိုယ့်ဆီ တိမ်းညွှတ်လာစေမယ့်နည်းတစ်ခုပါပဲ။

ဆက်စပ်ဖတ်ရှုချင်စရာ ---> အမျိုးသားတွေ ဘဝလက်တွဲဖော်အဖြစ် စဉ်းစားလေ့ရှိတဲ့ အမျိုးသမီးတွေဆိုတာ

၃။ မိမိကိုယ်ကိုယ်ယုံကြည်မှု

အလကားနေ စိတ်ပျက်အားငယ်တဲ့ပုံစံကြောင့် ဘယ်သူမှ ကိုယ့်အနားကို မကပ်ချင်ပါဘူး။ ရဲရင့်ပါ။ တက်ကြွပြီး ရင်ဆိုင်နိုင်စွမ်းရှိပါ။ မဟုတ်မခံစိတ်နဲ့ ကြိုးစားလိုစိတ်ရှိတဲ့ အမျိုးသမီးတွေဟာ ယောက်ျားတွေရဲ့ အာရုံစိုက်မှုကို ရရှိပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ မိတ်ကပ်မလိမ်းဘဲနဲ့တောင် ဆွဲဆောင်မှုရှိနေတာမျိုးလေ။

၄။ ခပ်ချေချေနေပါ

တခါတလေမှာ ငြင်းဆန်ဖို့ လိုအပ်ပါတယ်။ သူချိန်းတိုင်း၊ တောင်းဆိုတိုင်း လိုက်လျောလို့ မဖြစ်ပါဘူး။ သူ့ဘက်က ဘယ်လောက်ပဲရိုမန့်တစ်ဆန်ဆန် ပြင်ဆင်ထားပါစေ အဲ့ဒီ ညစာစားပွဲလေးကို ငြင်းသင့်ရင်ငြင်းလိုက်ပါ။ သူက စကားစရုံရှိသေး ကိုယ်က ဖိနပ်လေးကောက်စီးပြီး သွားလိုက်မယ်ဆို သိပ်ကိုလွယ်လွန်းသွားပါလိမ့်မယ်။ လူတွေက အလွယ်တကူရရင် သိပ်စိတ်မဝင်စားတတ်ဘူးဆိုတာလည်း မမေ့ပါနဲ့။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ကိုယ့်ချစ်သူအပေါ် မိန်းကလေးတွေ မပြုမူသင့်တဲ့အရာ (၄) ခု

၅။ ထိကပါးရိကပါး

သိတာ သိပ်မကြာသေးဘဲနဲ့ လိင်နဲ့ဆက်နွှယ်နေတဲ့စကားတွေ ထိကပါးရိပါးပြောလာရင် လက်မခံပါနဲ့။ ကိုယ့်မှာ ကိုယ်ပိုင်တန်ဖိုးရှိပါတယ်။ ကိုယ့်ကို သူက လေးစားမှုနဲ့ တန်ဖိုးထားမှု ရှိရပါမယ်။ သူ့ဘက်က စပြောရင် မနှစ်သက်ကြောင်း ငြင်းဆန်ပါ။ ကိုယ့်ဘက်ကလည်း လက်ခံပြောမိရင် ကိုယ်က ဘယ်လိုမှ အထာမကျတော့ပါဘူး။ ပွင့်လင်းပါ ဒါပေမဲ့ အဆုံးစွန်ထိရောက်စရာ မလိုပါဘူး။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top