iMyanmarHouse.com - Best Property Website for Myanmar
×


နောက်တစ်ချက် ကိုယ့်ကိုလာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး










No ပါ












Credit – mmpost
ပို့သပေးပါတယ်။

ဘယ်လိုမှ မတူနိုင်ဘူးပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီးရှိတာပဲ

နောက်တစ်ချက် ကိုယ့်ကိုလာတောင်းလို့ ကိုုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ်

ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုးသူ့ သား က လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီး ကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့

ပြီးတော့ နောက်တစ်ချက် တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့်အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ်

နောက်တစ်ခု ပြောရရင်အခုခေတ်မှာ living together တွေ များလာတယ်ရည်းစားဆိုတာနဲ့ အဆင့်ကျော်ကြတယ်

တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေကိုယ်နေတာက မြန်မာပြည်မြန်မာမိန်းကလေးတစ်ယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ်

Living together နေပြီး RS goals လို့ ထင်နေတဲ့သူတွေရောနေလိုက်ပါပြီရဲ့ အာ့ တစ်ယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တစ်ယောက်နဲ့လား

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲဖာသည်မတွေတောင် ဘဝပေးအခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ်

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါအရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ်ထင်သလား
No ပါ

ယောကျာ်းဆိုတာမျိုးက 10 မှာ9 ယောက်က မရခင်သာ လိုချင်တာ လက်တည့်စမ်းချင်တာရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ

ယောကျာ်း အကုန်လုံးတော့မဟုတ်ပါဘူးဒါပေမယ့် ကောင်းတဲ့1ယောက်နဲ့ တွေ့နိုင်မယ် ထင်သလား

ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှစစ်မယ်ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ

ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပဲဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ်ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ်

တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက်လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ်

အပျိုစင်ဘဝဆိုတာ ကိုယ့်ကိုတန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့်ယောကျာ်းတစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ

ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးပါ

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လိုမိန်းကလေး အများကြီးရှိနေတာ ဂုဏ်ယူမိတယ်

ကျွန်မ sts လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တစ်ယောက်လောက် ရှိမယ်ဆိုရင်တောင် ကျေနပ်မိတယ်

Credit – mmpost

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top