iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္စက္ခ်ိန္မလံုေလာက္ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ အနံ႔ဆိုးမ်ား႐ွဴ႐ိႈက္မိျခင္း၊ ရာသီဥတုဒဏ္ကို ခံႏိုင္ရည္မရွိျခင္း စတဲ့အေၾကာင္းရင္းေတြေၾကာင့္ ေခါင္းကိုက္ျခင္းကို ခံစားရေစႏုိင္တယ္ဆိုတာ လူတိုင္းသိထားၿပီးျဖစ္မွာပါ။ ဒါေပမယ့္မိမိေန႔စဥ္ စားသံုးေနတဲ့အစားအစာေတြက ေခါင္းကိုက္ေ၀ဒနာကို အစပ်ဳိးေပးေစႏိုင္တယ္ဆိုတာကို သတိမမူမိတတ္ၾကပါဘူး။ ဒါေၾကာင့္ ေခါင္းကိုက္ေ၀ဒနာကို လႈံ႕ေဆာ္ေပးႏုိင္တဲ့ အစားအစာအခ်ဳိ႕ကို ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

1.   ေခ်ာကလက္

        ေခ်ာကလက္ဟာ လူတခ်ိဳ႕အတြက္ ေခါင္းကိုက္ျခင္းကိုျဖစ္ေစႏုိင္တယ္လုိ႔ International Headache Society ရဲ႕ လတ္တေလာ ေလ့လာမႈေတြအရ သိရွိရပါတယ္။ ေခ်ာကလက္မွာပါ၀င္တဲ့ ကဖင္းဓာတ္နဲ႔ phenylethylamine ဓာတ္ႏွစ္မ်ဳိးဟာ ေသြးေၾကာေတြကို တင္းက်ပ္ေစၿပီး ေခါင္းကိုက္ျခင္းကို ျဖစ္ေစႏုိင္ တာျဖစ္ပါတယ္။ ဒါေပမယ့္ လူတိုင္းေတာ့ ဒီလိုခံစားရတာ မဟုတ္ပါဘူး။ အမွန္က ေခ်ာကလက္မွာပါတဲ့ ကိုကိုးဟာ ေခါင္းတစ္ျခမ္းကိုက္တာကိုျဖစ္ေစတဲ့ အာ႐ံုေၾကာဆဲလ္ေတြကိုေတာင္ ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

2.    ၀ိုင္အနီ

        အရက္ပါ၀င္တဲ့ အေဖ်ာ္ယမကာေတြ အားလံုးဟာဦးေႏွာက္တြင္း ေသြးစီးဆင္းမႈမ်ားေစၿပီး ေရဓာတ္ ကုန္ခန္း ျခင္းကိုျဖစ္ေစႏုိင္ပါတယ္။ ၎အျခင္းအရာႏွစ္ရပ္ေၾကာင့္ပဲ အေဖ်ာ္ယမကာ ေသာက္သံုးသူ အမ်ားစုဟာ ေခါင္းကိုက္ေ၀ဒနာကို ခံစားရေလ့ရွိပါတယ္။

3.    ေကာ္ဖီ

        ေကာ္ဖီမွာပါ၀င္တယ္ဆိုတဲ့ ကဖင္းဓာတ္ဟာ အခ်ဳိ႕ေသာေခါင္းကိုက္ေပ်ာက္ေဆးေတြမွာေတာင္ ပါ၀င္တတ္ၿပီး ေခါင္းကိုက္ေ၀ဒနာကိုသက္သာေစႏုိင္ပါတယ္။ ဒါေပမယ့္ ကဖင္ဓာတ္လြန္ကဲမ်ားျပားပါက ေခါင္းကိုက္ေ၀ဒနာကို ျဖစ္ေစႏုိင္တာေၾကာင့္ တစ္ေန႔လွ်င္ 2-3 ခြက္ (ကဖင္း 200mg) ထက္ ပိုၿပီးမေသာက္မိဖို႔ေတာ့ လိုအပ္ပါတယ္။

4.    ဒိန္ခဲ

        သက္တမ္းၾကာျမင့္ေနၿပီျဖစ္တဲ့ ဒိန္ခဲမွာ tyramine ပါ၀င္မႈမ်ားတာေၾကာင့္ ေခါင္းကိုက္ေ၀ဒနာကို ခံစားရေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္ေ၀ဒနာ ခံစားေနရသူေတြအေနနဲ႔ Blue Cheese၊ Swiss Cheese၊ Cheddar၊ Gouda၊ Parmesan တို႔ကိုစားသံုးျခင္းမွ ေရွာင္က်ဥ္သင့္ပါတယ္။

5.    ပဲငံျပာရည္အေနာက္ရည္ (ၾကာညိဳ႕)

        ပဲငံျပာရည္အေနာက္ရည္မွာပါ၀င္တဲ့ Monosodium Glutamate (MSG) က ေခါင္းတစ္ျခမ္းကိုက္ ေ၀ဒနာကို ျဖစ္ေပၚေစတတ္ပါတယ္။ ဒီ MSG ေၾကာင့္ပဲ ႂကြက္တက္ျခင္း၊ ၀မ္းေလွ်ာျခင္းနဲ႔ ဆုိးဆိုးရြားရြား ေခါင္းကိုက္ျခင္းတို႔ကို ေခါင္းတစ္ျခမ္းကိုက္ေ၀ဒနာခံစားေနရသူ 15% ေလာက္မွာေတြ႕ရပါတယ္။ ဒါ့အျပင္ ပဲငံျပာရည္ အေနာက္ရည္ကိုယ္တုိင္က အငန္ဓာတ္မ်ားတဲ့အတြက္ ေရဓာတ္ခန္းေျခာက္ျခင္းနဲ႔ ေခါင္းကိုက္ျခင္းတုိ႔ကို ျဖစ္ေစႏုိင္ပါတယ္။

6.    ေရခဲ

        အလြန္အမင္းပူအိုက္လာတဲ့အခ်ိန္၊ ကုိယ္ကာယေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွာ ေအးခဲလြန္းတဲ့အစားအစာ တစ္မ်ိဳးမ်ိဳးကို ခ်က္ခ်င္းစားလိုက္ပါက ေခါင္းကိုက္ျခင္းကိုျဖစ္ေစႏုိင္ပါတယ္။ ဒါဟာ ခႏၶာကိုယ္က ႐ုတ္တရက္ အပူအေအး မညီမွ်တာေၾကာင့္ အာ႐ံုေၾကာကို လႈံ႕ေဆာ္ေပးသလိုျဖစ္ၿပီး ေခါင္းကိုက္ေ၀ဒနာကို ခံစားရေစတာျဖစ္ပါတယ္။

7.    ငွက္ေပ်ာသီးအမွ်င္

        ငွက္ေပ်ာသီးအခြံရဲ႕ အတြင္းသားမွာပါရွိတဲ့ အမွ်င္ေတြမွာေခါင္းကိုက္ျခင္းကို လႈံ႕ေဆာ္ေပးႏုိင္တဲ့ tyramine ဓာတ္မ်ားျပားစြာ ပါ၀င္ေနပါတယ္။ဒါေၾကာင့္ ငွက္ေပ်ာသားမွာ ကပ္ၿငိေနတဲ့ ၎အမွ်င္ေတြကို ဖယ္ရွားၿပီးမွ စားတာအေကာင္းဆံုးျဖစ္ပါတယ္။

8.    တာရွည္ခံေအာင္ျပဳလုပ္ထားတဲ့ အသားဟင္းမ်ား

        ျပဳျပင္မြမ္းမံထားတဲ့ အသားေတြမွာ tyramine ဓာတ္နဲ႔ တာရွည္ခံေဆးေတြ ပါ၀င္တာေၾကာင့္ ေခါင္းကိုက္ေ၀ဒနာကို အစပ်ဳိးေစႏုိင္ပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ သန္႔ရွင္းလတ္ဆတ္မႈရွိတဲ့ အသားငါးေတြကိုသာ ေရြးခ်ယ္စားသံုးသင့္ပါတယ္။

Credit : Dr Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိပ်စက်ချိန်မလုံလောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အနံ့ဆိုးများရှူရှိုက်မိခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်တယ်ဆိုတာ လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့်မိမိနေ့စဉ် စားသုံးနေတဲ့အစားအစာတွေက ခေါင်းကိုက်ဝေဒနာကို အစပျိုးပေးစေနိုင်တယ်ဆိုတာကို သတိမမူမိတတ်ကြပါဘူး။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာကို လှုံ့ဆော်ပေးနိုင်တဲ့ အစားအစာအချို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။



1.   ချောကလက်

        ချောကလက်ဟာ လူတချို့အတွက် ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တယ်လို့ International Headache Society ရဲ့ လတ်တလော လေ့လာမှုတွေအရ သိရှိရပါတယ်။ ချောကလက်မှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ phenylethylamine ဓာတ်နှစ်မျိုးဟာ သွေးကြောတွေကို တင်းကျပ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင် တာဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းတော့ ဒီလိုခံစားရတာ မဟုတ်ပါဘူး။ အမှန်က ချောကလက်မှာပါတဲ့ ကိုကိုးဟာ ခေါင်းတစ်ခြမ်းကိုက်တာကိုဖြစ်စေတဲ့ အာရုံကြောဆဲလ်တွေကိုတောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

2.    ဝိုင်အနီ

        အရက်ပါဝင်တဲ့ အဖျော်ယမကာတွေ အားလုံးဟာဦးနှောက်တွင်း သွေးစီးဆင်းမှုများစေပြီး ရေဓာတ် ကုန်ခန်း ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ၎င်းအခြင်းအရာနှစ်ရပ်ကြောင့်ပဲ အဖျော်ယမကာ သောက်သုံးသူ အများစုဟာ ခေါင်းကိုက်ဝေဒနာကို ခံစားရလေ့ရှိပါတယ်။

3.    ကော်ဖီ

        ကော်ဖီမှာပါဝင်တယ်ဆိုတဲ့ ကဖင်းဓာတ်ဟာ အချို့သောခေါင်းကိုက်ပျောက်ဆေးတွေမှာတောင် ပါဝင်တတ်ပြီး ခေါင်းကိုက်ဝေဒနာကိုသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ကဖင်ဓာတ်လွန်ကဲများပြားပါက ခေါင်းကိုက်ဝေဒနာကို ဖြစ်စေနိုင်တာကြောင့် တစ်နေ့လျှင် 2-3 ခွက် (ကဖင်း 200mg) ထက် ပိုပြီးမသောက်မိဖို့တော့ လိုအပ်ပါတယ်။

4.    ဒိန်ခဲ

        သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဒိန်ခဲမှာ tyramine ပါဝင်မှုများတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရသူတွေအနေနဲ့ Blue Cheese၊ Swiss Cheese၊ Cheddar၊ Gouda၊ Parmesan တို့ကိုစားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

5.    ပဲငံပြာရည်အနောက်ရည် (ကြာညို့)

        ပဲငံပြာရည်အနောက်ရည်မှာပါဝင်တဲ့ Monosodium Glutamate (MSG) က ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီ MSG ကြောင့်ပဲ ကြွက်တက်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ဆိုးဆိုးရွားရွား ခေါင်းကိုက်ခြင်းတို့ကို ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားနေရသူ 15% လောက်မှာတွေ့ရပါတယ်။ ဒါ့အပြင် ပဲငံပြာရည် အနောက်ရည်ကိုယ်တိုင်က အငန်ဓာတ်များတဲ့အတွက် ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

6.    ရေခဲ

        အလွန်အမင်းပူအိုက်လာတဲ့အချိန်၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အေးခဲလွန်းတဲ့အစားအစာ တစ်မျိုးမျိုးကို ချက်ချင်းစားလိုက်ပါက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်က ရုတ်တရက် အပူအအေး မညီမျှတာကြောင့် အာရုံကြောကို လှုံ့ဆော်ပေးသလိုဖြစ်ပြီး ခေါင်းကိုက်ဝေဒနာကို ခံစားရစေတာဖြစ်ပါတယ်။

7.    ငှက်ပျောသီးအမျှင်

        ငှက်ပျောသီးအခွံရဲ့ အတွင်းသားမှာပါရှိတဲ့ အမျှင်တွေမှာခေါင်းကိုက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ tyramine ဓာတ်များပြားစွာ ပါဝင်နေပါတယ်။ဒါကြောင့် ငှက်ပျောသားမှာ ကပ်ငြိနေတဲ့ ၎င်းအမျှင်တွေကို ဖယ်ရှားပြီးမှ စားတာအကောင်းဆုံးဖြစ်ပါတယ်။

8.    တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသားဟင်းများ

        ပြုပြင်မွမ်းမံထားတဲ့ အသားတွေမှာ tyramine ဓာတ်နဲ့ တာရှည်ခံဆေးတွေ ပါဝင်တာကြောင့် ခေါင်းကိုက်ဝေဒနာကို အစပျိုးစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့ အသားငါးတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။

Credit : Dr Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top