iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ စိုျပည္  ၾကည္စင္ လွပေနဖို႔ဆုိရင္ အေရျပားဆဲလ္ေသေတြ ရွင္းလင္းဖို႔ လိုအပ္ၿပီး အစိုဓာတ္ ထိန္းထားႏုိင္ဖို႔အတြက္ အလွဆီ စသျဖင့္ လိမ္းေပးဖို႔ လိုအပ္ပါတယ္။  အေရျပားဆဲလ္ေသ ဖယ္ရွားဖို႔အတြက္ အလွအပ ဝန္ေဆာင္မႈေပးတဲ့ ေနရာေတြ အမ်ားႀကီးရွိေပမယ့္ ေဈးသက္သာ၊ အက်ိဳးမ်ားၿပီး ေဘးထြက္ဆိုးက်ိဳး ကင္းကင္းနဲ႔ ကိုယ္တိုင္ လုပ္ေဆာင္ခ်င္သူေတြ အတြက္ေတာ့ ေကာ္ဖီမႈန္႔ရွိရင္ ျဖစ္ပါတယ္။ ေကာ္ဖီမွာ ဓာတ္တုိးဆန္႔က်င္ ဂုဏ္သတၱိ ရွိၿပီး ေသြးလည္ပတ္မႈ ေကာင္းေစကာ အေရျပား က်န္းမာေရးအတြက္ ေထာက္ကူေပးႏုိင္လုိ႔ပဲ ျဖစ္ပါတယ္။

ေကာ္ဖီမႈန္႔ကို သဘာဝ ေၾကးခြၽတ္ေဆးလို သံုးမယ္ဆုိရင္ ေကာ္ဖီမႈန္႔ အနည္းငယ္၊ သၾကားမႈန္႔ အနည္းငယ္နဲ႔ သံလြင္ဆီ အနည္းငယ္ကို သမေအာင္ေရာၿပီး အေရျပား ႏူးညံ့လာတဲ့အထိ တစ္ကိုယ္လံုး ညင္သာစြာပြတ္တိုက္ၿပီး ၁၅ မိနစ္ေလာက္ေနရင္ ေရခပ္ေႏြးေႏြးေလးနဲ႔ ခ်ိဳးလိုက္႐ံုပါပဲ။

မ်က္ႏွာသစ္ေဆးလို သံုးမယ္ဆုိရင္ေတာ့ ကိုကိုးမႈန္႔၊ ပ်ားရည္၊ အုန္းဆီ၊ ႏြားႏို႔ အနည္းငယ္စီနဲ႔ ေကာ္ဖီမႈန္႔ အနည္းငယ္ ေရာလိုက္ပါ။ လက္ကိုင္ပဝါ သန္႔သန္႔ေလး တစ္ခုကို ေရေႏြးစိမ္ၿပီး မ်က္ႏွာတစ္ဝိုက္မွာ ေခြၽးေပါက္ေတြပြင့္ ေအာင္သုတ္ေပးၿပီးတဲ့ အခါမွာ ခုန ေရာစပ္ထားတာေတြကို မ်က္ႏွာအႏွံ႔ သုတ္လိမ္းလုိက္ပါ။ မိနစ္ ၂၀ ေလာက္ ထားၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ႏုိင္ပါတယ္။

မ်က္ႏွာေပါင္းတင္လႊာလုိ သံုးရင္ေတာ့ သံုးၿပီးသားေကာ္ဖီမႈန္႔ (ဒါမွမဟုတ္) ႐ိုး႐ိုးေကာ္ဖီမႈန္႔ကို သံလြင္ဆီ၊ သံပရာရည္နဲ႔ ေရနည္းနည္းေရာၿပီး ခပ္ႏွစ္ႏွစ္လုပ္ၿပီး မ်က္ႏွာမွာ လိမ္းက်ံလိုက္ပါ။ ေနာက္ေရထဲကို သံပရာရည္နဲ႔ သံလြင္ဆီထည့္ၿပီး မ်က္ႏွာကို သန္႔စင္ၿပီးရင္ေတာ့ မ်က္ႏွာထပ္သစ္လိုက္ၿပီး ေရခဲတံုးေလးေတြနဲ႔ လိုက္ကပ္ကာ ေခြၽးေပါက္ေတြ ပိတ္လိုက္ပါ။

မ်က္ကြင္းညိဳတာ ေပ်ာက္ခ်င္ရင္လည္း ေကာ္ဖီမႈန္႔နဲ႔ ႏို႔နဲ႔ေရာၿပီး မ်က္လံုးကြင္းၿပီး ေျခာက္သြားရင္ ေရေဆးတာမ်ိဳး ေန႔တုိင္း လုပ္ေပးႏုိင္ပါတယ္။

ဆံပင္ေကာင္းဖို႔အတြက္ ဆုိရင္လည္း ေကာ္ဖီမႈန္႔ အနည္းငယ္ကို သံလြင္ဆီ၊ အုန္းဆီ၊ သၾကားမႈန္႔၊ သစ္ႀကံပိုးမႈန္႔၊ ၾကက္ဥအကာ၊ ေရေႏြး အနည္းငယ္၊ မတ္စတပ ္အနည္းငယ္ ေရာၿပီး အႏွစ္လုပ္ကာ ဆံပင္ ေပါင္းတင္ႏုိင္ပါတယ္။ ေနာက္ၿပီး ေဆးဆိုးထားတဲ့ ဆံပင္ေတြ ေတာက္ေျပာင္ေအာင္လည္း ေကာ္ဖီမႈန္႔ရယ္၊ ေရရယ္၊ သံလြင္ဆီရယ္ ေရာၿပီး နာရီဝက္ေလာက္ ထားကာ ေအာ္ဂဲနစ္ ေခါင္းေလွ်ာ္ရည္အျဖစ္ ဖန္တီး သံုးစြဲႏုိင္ပါတယ္။

Ref: healthmeup

Credit : 7Day
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေ စိုပြည်  ကြည်စင် လှပနေဖို့ဆိုရင် အရေပြားဆဲလ်သေတွေ ရှင်းလင်းဖို့ လိုအပ်ပြီး အစိုဓာတ် ထိန်းထားနိုင်ဖို့အတွက် အလှဆီ စသဖြင့် လိမ်းပေးဖို့ လိုအပ်ပါတယ်။  အရေပြားဆဲလ်သေ ဖယ်ရှားဖို့အတွက် အလှအပ ဝန်ဆောင်မှုပေးတဲ့ နေရာတွေ အများကြီးရှိပေမယ့် ဈေးသက်သာ၊ အကျိုးများပြီး ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ ကိုယ်တိုင် လုပ်ဆောင်ချင်သူတွေ အတွက်တော့ ကော်ဖီမှုန့်ရှိရင် ဖြစ်ပါတယ်။ ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိပြီး သွေးလည်ပတ်မှု ကောင်းစေကာ အရေပြား ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

ကော်ဖီမှုန့်ကို သဘာဝ ကြေးချွတ်ဆေးလို သုံးမယ်ဆိုရင် ကော်ဖီမှုန့် အနည်းငယ်၊ သကြားမှုန့် အနည်းငယ်နဲ့ သံလွင်ဆီ အနည်းငယ်ကို သမအောင်ရောပြီး အရေပြား နူးညံ့လာတဲ့အထိ တစ်ကိုယ်လုံး ညင်သာစွာပွတ်တိုက်ပြီး ၁၅ မိနစ်လောက်နေရင် ရေခပ်နွေးနွေးလေးနဲ့ ချိုးလိုက်ရုံပါပဲ။

မျက်နှာသစ်ဆေးလို သုံးမယ်ဆိုရင်တော့ ကိုကိုးမှုန့်၊ ပျားရည်၊ အုန်းဆီ၊ နွားနို့ အနည်းငယ်စီနဲ့ ကော်ဖီမှုန့် အနည်းငယ် ရောလိုက်ပါ။ လက်ကိုင်ပဝါ သန့်သန့်လေး တစ်ခုကို ရေနွေးစိမ်ပြီး မျက်နှာတစ်ဝိုက်မှာ ချွေးပေါက်တွေပွင့် အောင်သုတ်ပေးပြီးတဲ့ အခါမှာ ခုန ရောစပ်ထားတာတွေကို မျက်နှာအနှံ့ သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ လောက် ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်နိုင်ပါတယ်။

မျက်နှာပေါင်းတင်လွှာလို သုံးရင်တော့ သုံးပြီးသားကော်ဖီမှုန့် (ဒါမှမဟုတ်) ရိုးရိုးကော်ဖီမှုန့်ကို သံလွင်ဆီ၊ သံပရာရည်နဲ့ ရေနည်းနည်းရောပြီး ခပ်နှစ်နှစ်လုပ်ပြီး မျက်နှာမှာ လိမ်းကျံလိုက်ပါ။ နောက်ရေထဲကို သံပရာရည်နဲ့ သံလွင်ဆီထည့်ပြီး မျက်နှာကို သန့်စင်ပြီးရင်တော့ မျက်နှာထပ်သစ်လိုက်ပြီး ရေခဲတုံးလေးတွေနဲ့ လိုက်ကပ်ကာ ချွေးပေါက်တွေ ပိတ်လိုက်ပါ။

မျက်ကွင်းညိုတာ ပျောက်ချင်ရင်လည်း ကော်ဖီမှုန့်နဲ့ နို့နဲ့ရောပြီး မျက်လုံးကွင်းပြီး ခြောက်သွားရင် ရေဆေးတာမျိုး နေ့တိုင်း လုပ်ပေးနိုင်ပါတယ်။

ဆံပင်ကောင်းဖို့အတွက် ဆိုရင်လည်း ကော်ဖီမှုန့် အနည်းငယ်ကို သံလွင်ဆီ၊ အုန်းဆီ၊ သကြားမှုန့်၊ သစ်ကြံပိုးမှုန့်၊ ကြက်ဥအကာ၊ ရေနွေး အနည်းငယ်၊ မတ်စတပ ်အနည်းငယ် ရောပြီး အနှစ်လုပ်ကာ ဆံပင် ပေါင်းတင်နိုင်ပါတယ်။ နောက်ပြီး ဆေးဆိုးထားတဲ့ ဆံပင်တွေ တောက်ပြောင်အောင်လည်း ကော်ဖီမှုန့်ရယ်၊ ရေရယ်၊ သံလွင်ဆီရယ် ရောပြီး နာရီဝက်လောက် ထားကာ အော်ဂဲနစ် ခေါင်းလျှော်ရည်အဖြစ် ဖန်တီး သုံးစွဲနိုင်ပါတယ်။

Ref: healthmeup

Credit : 7Day

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top