iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမတစ္ေယာက္က ေယာက်္ားတစ္ေယာက္ကို မွီခိုခ်င္တဲ့ စိတ္နဲ႔ ေရြးခ်ယ္တယ္ ဆိုတာ ခပ္ညံ့ညံ့ အေတြးအေခၚပါ ။ ကိုယ္ပိုင္အစြမ္းအစ ရွိတဲ့ မိန္းမ တစ္ေယာက္ဟာ ေယာက်္ားတစ္ေယာက္ကို ဘဝခရီးေဖာ္ အျဖစ္ ေရြးခ်ယ္ လိုက္ရင္ေတာင္ မွီခိုအားကိုးစိတ္ လံုးဝမရွိဘူး ။ သူ ့ဘဝအတြက္ ရဲေဘာ္ရဲဖက္ ဆိုးအတူ ေကာင္းဖက္အျဖစ္ ေရြးခ်ယ္တာ ။

လူတိုင္းဟာ ေမြးလာထဲက အဆင္ေျပတဲ့ ဘဝဆိုတာကို ပိုက္ေပြ႔ၿပီး ဘယ္သူမွ ေမြးလာတာ မဟုတ္ပါဘူး ။ မခံခ်င္တဲ့စိတ္ ရယ္ မိန္းမတစ္ေယာက္ရဲ့ သိကၡာကို တန္ဖိုး ထိန္းသိမ္းတဲ့ မိန္းမတိုင္း ေယာက်္ားတစ္ေယာက္ရဲ့ ေလာင္းရိပ္ေအာက္ မေနလိုပါဘူး ။ သူေပးမွ စားရမယ္ ' သူေပးမွ ဝတ္ရမယ္ ဆိုတဲ့ အလုပ္ဟာ အေတာ္ေလး ခံရခက္ေစတဲ့ လုပ္ရပ္ လို ့ထင္ပါတယ္ ။

ကိုယ္ပိုင္အစြမ္းစ ရွိတဲ့ မိန္းမတိုင္း လိုခ်င္တာ ရွာေကြ်းမဲ့ ေယာက်္ားမဟုတ္ပါဘူး။ အနားကေန ေအးအတူပူအမွ် ေကာင္းတူဆိုးဖက္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ အေဖာ္မြန္ပါ ။ လမ္းျပေပးမဲ့ ေယာက်္ားထက္ ေဖးမေပးတဲ့ ေယာက်္ားမ်ိဳး ။ လိုသမွ် ျဖည္းဆည္းေပးတဲ့ ေယာက်္ားထက္ ေႏြးေထြးၾကင္နာ တတ္တဲ့ သူ ပါ ။ ဦးေဆာင္ တတ္တဲ့သူထက္ မိမိအေပၚ ဂရုတစိုက္ရွိတဲ့ ေယာက်္ားတစ္ေယာက္ပါ ။

စီးပြားေရး ရွာေနလို ့ဆိုတဲ့ အေၾကာင္းျပခ်က္နဲ ့ မၾကာမၾကာ လ်စ္လွ်ဴျပဳျခင္း ခံရတဲ့ မိန္းမတစ္ေယာက္ရဲ့ နွလံုးသားဟာ တေျဖးေျဖး ေအးစက္လာတာ အျပစ္မဟုတ္ပါဘူး ။ အလုပ္မအားလို ့ပါ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ ့ အခ်ိန္ေတာ္ေတာ္ ၾကာ ပစ္ထားၿပီး ငါ့ အေပၚ ဆက္ဆံေရးေတြ ေျပာင္းလဲသြားၿပီလို႔ မစြတ္စြဲပါနဲ႔။ သူလည္း ခံစားတတ္တဲ့ နွလံုးသား ရွိပါတယ္ ။

အဆင္မေျပေသးတဲ့ ဘဝမို ့ ရုန္းကန္ေနရတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ ့ ေႏြးေထြးမႈမေပး ၾကင္နာမႈ မရွိလို ့ ေက်ာခိုင္းသြားရင္ အျပစ္မတင္ပါနဲ ့ ။ သူေနတတ္သြားေအာင္ အခ်ိန္ေတြၾကာၾကာ ပစ္ထားခဲ့တာ ဘယ္သူလည္း ။ သူေျပာင္းလဲသြားတဲ့  ေအးစက္စက္ ဆက္ဆံေရးအျဖစ္ ဘယ္သူ ဖန္တီးထားခဲ့တာလည္း ။ သူေက်ာခိုင္းသြားေအာင္ တြန္းပို ့ခဲ့တာ ဘယ္သူလည္း ။

မိန္းမဆိုတာ နူးညံ့သိမ္ေမြ ့ျခင္းကို လက္ကိုင္ထားတတ္တဲ့ အမ်ိဳးပါ ။ ေၾကာင္ေတြလိုပဲ အခ်ိန္ မေရြး လက္သာယာ ပါသြားတတ္ပါတယ္ ။ အေတာ္ေလး သည္းခံစြမ္းရွိတဲ့ မိန္းမေတြသာ ေယာက်္ားတစ္ေယာက္ရဲ့ ဥပကၡာ ဒဏ္ကို ရင္စီးခံလိမ့္မယ္ ။ ခံနိုင္ရည္ မရွိတဲ့ မိန္းမတစ္ေယာက္ဟာ ဘယ္ေလာက္ထိ ခ်စ္တဲ့သူျဖစ္ပါေစ ဥပကၡာရဲ့  အေဝးဆံုးအရပ္ကို ထြက္သြား ပါလိမ့္မယ္။ ဒါဟာ သစၥာမဲ့ျခင္း  မဟုတ္ပါဘူး ။

မိန္းမတိုင္း မွာ တူညီတဲ့အခ်က္က နာမည္ပ်က္ခံၿပီး ေယာက်္ားတစ္ေယာက္ကို မပတ္သက္ဘူး ။ ခ်စ္ျခင္းတရားမွာ ထုတ္ေျပာတတ္တာနဲ ့မေျပာတာပဲ ရွိတယ္ ေယာက်္ားေတြထက္ ပိုပါတယ္ ။ မိန္းမသားေတြဟာ အခ်စ္တြက္နဲ ့ ပိုၿပီးမိုက္ရူးရဲ ဆန္ရဲသလို ပိုၿပီးလည္း ျပတ္သားတတ္ပါတယ္ ။

ဒါေၾကာင့္ မိမိ အမွန္တကယ္ တန္ဖိုးထားတဲ့ ခ်စ္သူအေပၚ ဥပကၡာျပဳျခင္းကို မၾကာခဏ မလုပ္ပါနဲ ့။ ဘယ္ေလာက္ အလုပ္မ်ားေနပါေစ ဖုန္း တစ္မိနစ္စာေလာက္ အခ်ိန္ေပး နိုင္ေအာင္ ၾကိဳးစားပါ ။ ဘယ္ေလာက္ အဆင္မေျပ ျဖစ္ေနပါေစ ညည္းညဴျခင္းနဲ ့ စိတ္ဒုကၡ မျဖစ္ေစပဲ ဂရုတစိုက္ ၾကင္နာျပျခင္းနဲ ့ ၾကာရွည္ေစတဲ့ ခ်စ္ျခင္းကို ရယူပါ  ။

ကိုယ္ပိုင္ အစြမ္းအစရွိတဲ့ မိန္းမေတြဟာ ေယာက်္ားတစ္ေယာက္ကို ေသေလာက္ေအာင္ ခ်စ္ရင္ေတာင္ ဥပကၡာျပဳတာ မ်ားလာရင္ အခ်ိန္မေရြး ေက်ာခိုင္းရဲ တတ္ၾကတယ္ ။ မွိီခိုအားထားဖို ့ ေယာက်္ားတစ္ေယာက္ကို ခ်စ္ခဲ့တာ မဟုတ္လို ့ သူတို ့ျပတ္သားရင္ ေနာက္လွည့္မၾကည့္ေတာ့ဘူး။ ဘာကိုမွလည္း ငဲ့ညွာလိမ့္မယ္ မထင္နဲ ့ ။ အခ်စ္ဆိုတဲ့ အရာမွာ သာယာမေနတတ္ဘူး။ ေႏြးေထြးတဲ့ ေမတၱာတရားနဲ ့ဂရုစိုက္ ၾကင္နာမႈ သာ သူတို ့ရဲ့ အလိုခ်င္ဆံုးေသာ ဆႏၵေတြျဖစ္ပါတယ္ ။

Credit : Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်ကို မှီခိုချင်တဲ့ စိတ်နဲ့ ရွေးချယ်တယ် ဆိုတာ ခပ်ညံ့ညံ့ အတွေးအခေါ်ပါ ။ ကိုယ်ပိုင်အစွမ်းအစ ရှိတဲ့ မိန်းမ တစ်ယောက်ဟာ ယောကျ်ားတစ်ယောက်ကို ဘဝခရီးဖော် အဖြစ် ရွေးချယ် လိုက်ရင်တောင် မှီခိုအားကိုးစိတ် လုံးဝမရှိဘူး ။ သူ့ဘဝအတွက် ရဲဘော်ရဲဖက် ဆိုးအတူ ကောင်းဖက်အဖြစ် ရွေးချယ်တာ ။

လူတိုင်းဟာ မွေးလာထဲက အဆင်ပြေတဲ့ ဘဝဆိုတာကို ပိုက်ပွေ့ပြီး ဘယ်သူမှ မွေးလာတာ မဟုတ်ပါဘူး ။ မခံချင်တဲ့စိတ် ရယ် မိန်းမတစ်ယောက်ရဲ့ သိက္ခာကို တန်ဖိုး ထိန်းသိမ်းတဲ့ မိန်းမတိုင်း ယောကျ်ားတစ်ယောက်ရဲ့ လောင်းရိပ်အောက် မနေလိုပါဘူး ။ သူပေးမှ စားရမယ် ' သူပေးမှ ဝတ်ရမယ် ဆိုတဲ့ အလုပ်ဟာ အတော်လေး ခံရခက်စေတဲ့ လုပ်ရပ် လို့ထင်ပါတယ် ။

ကိုယ်ပိုင်အစွမ်းစ ရှိတဲ့ မိန်းမတိုင်း လိုချင်တာ ရှာကျွေးမဲ့ ယောကျ်ားမဟုတ်ပါဘူး။ အနားကနေ အေးအတူပူအမျှ ကောင်းတူဆိုးဖက် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖော်မွန်ပါ ။ လမ်းပြပေးမဲ့ ယောကျ်ားထက် ဖေးမပေးတဲ့ ယောကျ်ားမျိုး ။ လိုသမျှ ဖြည်းဆည်းပေးတဲ့ ယောကျ်ားထက် နွေးထွေးကြင်နာ တတ်တဲ့ သူ ပါ ။ ဦးဆောင် တတ်တဲ့သူထက် မိမိအပေါ် ဂရုတစိုက်ရှိတဲ့ ယောကျ်ားတစ်ယောက်ပါ ။

စီးပွားရေး ရှာနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာမကြာ လျစ်လျှူပြုခြင်း ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ တဖြေးဖြေး အေးစက်လာတာ အပြစ်မဟုတ်ပါဘူး ။ အလုပ်မအားလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ အချိန်တော်တော် ကြာ ပစ်ထားပြီး ငါ့ အပေါ် ဆက်ဆံရေးတွေ ပြောင်းလဲသွားပြီလို့ မစွတ်စွဲပါနဲ့။ သူလည်း ခံစားတတ်တဲ့ နှလုံးသား ရှိပါတယ် ။

အဆင်မပြေသေးတဲ့ ဘဝမို့ ရုန်းကန်နေရတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နွေးထွေးမှုမပေး ကြင်နာမှု မရှိလို့ ကျောခိုင်းသွားရင် အပြစ်မတင်ပါနဲ့ ။ သူနေတတ်သွားအောင် အချိန်တွေကြာကြာ ပစ်ထားခဲ့တာ ဘယ်သူလည်း ။ သူပြောင်းလဲသွားတဲ့  အေးစက်စက် ဆက်ဆံရေးအဖြစ် ဘယ်သူ ဖန်တီးထားခဲ့တာလည်း ။ သူကျောခိုင်းသွားအောင် တွန်းပို့ခဲ့တာ ဘယ်သူလည်း ။

မိန်းမဆိုတာ နူးညံ့သိမ်မွေ့ခြင်းကို လက်ကိုင်ထားတတ်တဲ့ အမျိုးပါ ။ ကြောင်တွေလိုပဲ အချိန် မရွေး လက်သာယာ ပါသွားတတ်ပါတယ် ။ အတော်လေး သည်းခံစွမ်းရှိတဲ့ မိန်းမတွေသာ ယောကျ်ားတစ်ယောက်ရဲ့ ဥပက္ခာ ဒဏ်ကို ရင်စီးခံလိမ့်မယ် ။ ခံနိုင်ရည် မရှိတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လောက်ထိ ချစ်တဲ့သူဖြစ်ပါစေ ဥပက္ခာရဲ့  အဝေးဆုံးအရပ်ကို ထွက်သွား ပါလိမ့်မယ်။ ဒါဟာ သစ္စာမဲ့ခြင်း  မဟုတ်ပါဘူး ။

မိန်းမတိုင်း မှာ တူညီတဲ့အချက်က နာမည်ပျက်ခံပြီး ယောကျ်ားတစ်ယောက်ကို မပတ်သက်ဘူး ။ ချစ်ခြင်းတရားမှာ ထုတ်ပြောတတ်တာနဲ့မပြောတာပဲ ရှိတယ် ယောကျ်ားတွေထက် ပိုပါတယ် ။ မိန်းမသားတွေဟာ အချစ်တွက်နဲ့ ပိုပြီးမိုက်ရူးရဲ ဆန်ရဲသလို ပိုပြီးလည်း ပြတ်သားတတ်ပါတယ် ။

ဒါကြောင့် မိမိ အမှန်တကယ် တန်ဖိုးထားတဲ့ ချစ်သူအပေါ် ဥပက္ခာပြုခြင်းကို မကြာခဏ မလုပ်ပါနဲ့။ ဘယ်လောက် အလုပ်များနေပါစေ ဖုန်း တစ်မိနစ်စာလောက် အချိန်ပေး နိုင်အောင် ကြိုးစားပါ ။ ဘယ်လောက် အဆင်မပြေ ဖြစ်နေပါစေ ညည်းညူခြင်းနဲ့ စိတ်ဒုက္ခ မဖြစ်စေပဲ ဂရုတစိုက် ကြင်နာပြခြင်းနဲ့ ကြာရှည်စေတဲ့ ချစ်ခြင်းကို ရယူပါ  ။

ကိုယ်ပိုင် အစွမ်းအစရှိတဲ့ မိန်းမတွေဟာ ယောကျ်ားတစ်ယောက်ကို သေလောက်အောင် ချစ်ရင်တောင် ဥပက္ခာပြုတာ များလာရင် အချိန်မရွေး ကျောခိုင်းရဲ တတ်ကြတယ် ။ မှီခိုအားထားဖို့ ယောကျ်ားတစ်ယောက်ကို ချစ်ခဲ့တာ မဟုတ်လို့ သူတို့ပြတ်သားရင် နောက်လှည့်မကြည့်တော့ဘူး။ ဘာကိုမှလည်း ငဲ့ညှာလိမ့်မယ် မထင်နဲ့ ။ အချစ်ဆိုတဲ့ အရာမှာ သာယာမနေတတ်ဘူး။ နွေးထွေးတဲ့ မေတ္တာတရားနဲ့ဂရုစိုက် ကြင်နာမှု သာ သူတို့ရဲ့ အလိုချင်ဆုံးသော ဆန္ဒတွေဖြစ်ပါတယ် ။

Credit : Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top