iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုမဟုတ္ေတာင္ အေတာ္မ်ားမ်ားကေတာ့ ဘဝတေကြ႕ တခ်ိန္မဟုတ္ တခ်ိန္မွာ အိပ္၍မေပ်ာ္ေသာ ညညသံသရာလည္တတ္ၾကဖူးမွာပါ။ကိုယ္က အိပ္ေပ်ာ္ေအာင္ အိပ္ပစ္ခ်င္ေလ ပိုျပီးအိပ္မေပ်ာ္ေလနဲ႕ ဘယ္ညာလူးလြန္႕လိုက္ ေခါင္းအုံးကို ထုလိုက္နဲ႕ မိုးစင္စင္လင္းသြားခဲ့တဲ့ ညေတြကိုလည္း ၾကံုေကာင္းၾကံုခဲ့ရမွာပါ။အခု ေဆာင္းပါးေလးမွာေတာ့ အိပ္မေပ်ာ္ျခင္းနဲ႕ ပတ္သက္ျပီး လူေတြ အယူအဆမွားတတ္ေလ့ရွိတဲ့ အခ်က္ေတြကို ေျပာျပသြားပါမယ္။

၁။ မအိပ္ခင္ေလး တခြက္တဖလား ကစ္လိုက္ရင္ ေကာင္းေကာင္းအိပ္ေပ်ာ္သတဲ့။

မဟုတ္ပါဘူး။ေသာက္လိုက္ရင္ မူးမူးနဲ႕ အိပ္ေပ်ာ္သြားမယ္ထင္ေပမယ့္ တကယ္တမ္းက်ေတာ့ သင့္အေနနဲ႕ တညလုံး ေကာင္းေကာင္းအိပ္မေပ်ာ္ဘဲ အိပ္တဝက္ႏိုးတဝက္ ဂဏွာမျငိမ္ျဖစ္ေနမွာျဖစ္ျပီး မနက္က်ရင္လည္း အေစာၾကီးႏိုးေနမွာျဖစ္တာေၾကာင့္ ၾကည္ၾကည္လင္လင္ ရွိမွာ မဟုတ္ပါဘူး။

၂။ စိတ္ပိုင္းဆိုင္ရာ ကိစၥတခုတည္းေၾကာင့္ပဲ အိပ္မေပ်ာ္တာ။

မဟုတ္ပါဘူး။စိုးရိမ္ေသာကေတြ၊ပူပန္ေၾကာင့္က်မႈေတြေၾကာင့္ အိပ္မေပ်ာ္ဘူးဆိုတာလည္း မွန္ေတာ့မွန္ပါတယ္။ရွင္းရွင္းေျပာရရင္ လူေတြ အိပ္မေပ်ာ္ၾကရျခင္းရဲ့ နံပါတ္တစ္ အေၾကာင္းရင္းက စိတ္ဖိစီးမႈေၾကာင့္ပါ။ဒါေပမယ့္ စိုင္းထီးဆိုင္ သီခ်င္းေလးလိုေပါ့… ကိုယ္တေယာက္တည္းေၾကာင့္ေတာ့ မဟုတ္ဘူးေလ။တျခားေရာဂါေတြရွိတာ၊အိပ္ခ်ိန္မမွန္တာ၊ေသာက္ေနရတဲ့ ေဆးေတြရဲ့ ေဘးထြက္ဆိုးက်ိဳးေတြ၊ကာလရွည္ နာက်င္ကိုက္ခဲမႈေဝဒနာကို ခံစားေနရတာ၊ေျခေထာက္ဂဏွာမျငိမ္ဘဲ လႈပ္ေနတတ္တဲ့ ေရာဂါတမ်ိဳးရွိတာ ဒါမွမဟုတ္ ေဟာက္တတ္တာ၊အိပ္ေနရင္း ခဏတျဖဳတ္ဆိုသလို အသက္႐ႈရပ္သြားတတ္တာေတြေၾကာင့္လည္း အိပ္မေပ်ာ္တဲ့ ေဝဒနာကို ခံစားရႏိုင္ပါသတဲ့။

၃။ အိပ္ခါနီး ကိုယ္လက္ေလ့က်င့္ခန္းလုပ္ရင္ ေကာင္းေကာင္းအိပ္ေပ်ာ္မယ္။

မဟုတ္ပါဘူး။ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ၊လမ္းေလွ်ာက္ထြက္တာ စတဲ့ အျပဳအမူေတြကို အိပ္ခ်ိန္နဲ႕ အနည္းဆုံး ႏွစ္နာရီ၊သံုးနာရီေလာက္ ခြါျပီးလုပ္ရပါမယ္။ဒီလို ေလ့က်င့္ခန္းေတြဟာ သင့္ခႏၶာကိုယ္ကို ပိုမိုႏိုးၾကားေစတာေၾကာင့္ပါ။ေတာ္ၾကာ ေပါ့ေစလိုလို႕ ေၾကာင္႐ုပ္ထိုး ေဆးအတြက္ေလး ျဖစ္ေနပါဦးမယ္။

၄။ အိပ္ခါနီး တီဗြီၾကည့္၊ဖုန္းသုံးရင္ မ်က္လုံးေညာင္းျပီး အိပ္ေပ်ာ္သြားမယ္။

မဟုတ္ပါဘူး။ဒီလိုမ်ိဳး ဖန္သားျပင္က အ႐ုပ္ေတြကို ၾကည့္တာဟာ သင့္ကို ပိုလို့ေတာင္ ႏိုးၾကားတက္ႂကြလာေစတဲ့အျပင္ တီဗြီ၊ဖုန္းနဲ႕ ကြန္ျပဴတာေတြကလာတဲ့ ဆူညံသံေတြ၊အလင္းေတြဟာ ဦးေႏွာက္ထဲမွာရွိတဲ့ မယ္လနင္ (melanin)ဓာတ္ကို ေလ်ာ့နည္းေစပါတယ္။တကယ္က အိပ္ေပ်ာ္ခ်င္ရင္ ဦးေႏွာက္တြင္း မယ္လနင္ (melanin)ဓာတ္မ်ားေအာင္ လုပ္ေပးရမွာပါ။သင္လုပ္သင့္တာေတြကေတာ့ သီခ်င္းသံျငိမ့္ျငိမ့္ေညာင္းေလးေတြကို နားေထာင္တာ ဒါမွမဟုတ္ အိပ္ေပ်ာ္ေအာင္ လုပ္ေပးႏိုင္၊စိတ္ကို ေျပေလ်ာ့ေစႏိုင္တဲ့ ဖုန္း အက္ပလီေကးရွင္းေလးေတြကို ေဒါင္းလုဒ္ဆြဲျပီး အသုံးျပဳတာ စတဲ့အခ်က္ေတြပဲ ျဖစ္ပါတယ္။

၅။ အိပ္ေဆးေတြဟာ ဘာျပႆနာမွ မရွိဘူး။

မဟုတ္ပါဘူး။ေနာက္ပိုင္းေပၚလာတဲ့ အိပ္ေဆးေတြဟာ ပိုမိုစိတ္ခ်ရျပီး ေဘးထြက္ဆိုးက်ိဳးနည္းတာ မွန္ေပမယ့္ လုံးဝဥႆံုစိတ္ခ်ရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။အဓိက အခ်က္က စြဲသြားမွာပါ။ဒါေၾကာင့္ အိပ္ေဆးကို ကိုယ့္သေဘာနဲ႕ကိုယ္မေသာက္ဘဲ ဆရာဝန္ ဒါမွမဟုတ္ နားလည္တတ္ကြၽမ္းတဲ့ ပညာရွင္ေတြနဲ႕ တိုင္ပင္ျပီးမွသာ အိပ္ေဆးေတြကို ေသာက္သင့္ပါတယ္။

၆။ အအိပ္အေနနည္းေအာင္ က်င့္လို႕ရတယ္။

မဟုတ္ပါဘူး။လူတိုင္းဟာ ေမြးလာကတည္းက လိုအပ္တဲ့ အိပ္ခ်ိန္ကို သတ္မွတ္ျပီးသားပါ။သင့္အေနနဲ႕ တေန႕ကို ၇-၈ နာရီေလာက္ အိပ္စက္ေပးဖို႕ လိုအပ္ပါတယ္။ဒီလိုမွ မဟုတ္ဘူးဆိုရင္ေတာ့ မွတ္ဉာဏ္ေတြ အားနည္းလာတာ၊လုပ္ငန္း/ေက်ာင္း စြမ္းေဆာင္ရည္က်ဆင္းတာ၊မေတာ္တဆထိခိုက္မႈေတြ ပိုမ်ားလာတာ ဒါမွမဟုတ္ ေရာဂါမ်ိဳးစံုဝင္လာတာေတြပါ ျဖစ္ေပၚလာႏိုင္ပါတယ္။

အေပၚမွာ ေဖာ္ျပခဲ့တာေတြကေတာ့ အိပ္မေပ်ာ္ျခင္းနဲ႕ ပတ္သက္လို႕ လူေတြ အယူအေကာက္ လြဲမွားေနတဲ့အခ်က္ေတြပါ။အယူတိမ္းလို႕ နတ္စိမ္းျဖစ္ျပီး အိပ္ယာထဲ တလိမ့္လိမ့္ မျဖစ္ၾကေစဖို႕ အထက္ပါ အခ်က္ေတြကို ေရွာင္က်ဥ္ၾကပါစို႕ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိပ်မပျော်သော စိတ္တဇညများ

လူအများစုမဟုတ်တောင် အတော်များများကတော့ ဘဝတကွေ့ တချိန်မဟုတ် တချိန်မှာ အိပ်၍မပျော်သော ညညသံသရာလည်တတ်ကြဖူးမှာပါ။ကိုယ်က အိပ်ပျော်အောင် အိပ်ပစ်ချင်လေ ပိုပြီးအိပ်မပျော်လေနဲ့ ဘယ်ညာလူးလွန့်လိုက် ခေါင်းအုံးကို ထုလိုက်နဲ့ မိုးစင်စင်လင်းသွားခဲ့တဲ့ ညတွေကိုလည်း ကြုံကောင်းကြုံခဲ့ရမှာပါ။အခု ဆောင်းပါးလေးမှာတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ အယူအဆမှားတတ်လေ့ရှိတဲ့ အချက်တွေကို ပြောပြသွားပါမယ်။

၁။ မအိပ်ခင်လေး တခွက်တဖလား ကစ်လိုက်ရင် ကောင်းကောင်းအိပ်ပျော်သတဲ့။

မဟုတ်ပါဘူး။သောက်လိုက်ရင် မူးမူးနဲ့ အိပ်ပျော်သွားမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သင့်အနေနဲ့ တညလုံး ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်တဝက်နိုးတဝက် ဂဏှာမငြိမ်ဖြစ်နေမှာဖြစ်ပြီး မနက်ကျရင်လည်း အစောကြီးနိုးနေမှာဖြစ်တာကြောင့် ကြည်ကြည်လင်လင် ရှိမှာ မဟုတ်ပါဘူး။

၂။ စိတ်ပိုင်းဆိုင်ရာ ကိစ္စတခုတည်းကြောင့်ပဲ အိပ်မပျော်တာ။

မဟုတ်ပါဘူး။စိုးရိမ်သောကတွေ၊ပူပန်ကြောင့်ကျမှုတွေကြောင့် အိပ်မပျော်ဘူးဆိုတာလည်း မှန်တော့မှန်ပါတယ်။ရှင်းရှင်းပြောရရင် လူတွေ အိပ်မပျော်ကြရခြင်းရဲ့ နံပါတ်တစ် အကြောင်းရင်းက စိတ်ဖိစီးမှုကြောင့်ပါ။ဒါပေမယ့် စိုင်းထီးဆိုင် သီချင်းလေးလိုပေါ့… ကိုယ်တယောက်တည်းကြောင့်တော့ မဟုတ်ဘူးလေ။တခြားရောဂါတွေရှိတာ၊အိပ်ချိန်မမှန်တာ၊သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ကာလရှည် နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေရတာ၊ခြေထောက်ဂဏှာမငြိမ်ဘဲ လှုပ်နေတတ်တဲ့ ရောဂါတမျိုးရှိတာ ဒါမှမဟုတ် ဟောက်တတ်တာ၊အိပ်နေရင်း ခဏတဖြုတ်ဆိုသလို အသက်ရှုရပ်သွားတတ်တာတွေကြောင့်လည်း အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရနိုင်ပါသတဲ့။

၃။ အိပ်ခါနီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ကောင်းကောင်းအိပ်ပျော်မယ်။

မဟုတ်ပါဘူး။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊လမ်းလျှောက်ထွက်တာ စတဲ့ အပြုအမူတွေကို အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီ၊သုံးနာရီလောက် ခွါပြီးလုပ်ရပါမယ်။ဒီလို လေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ပိုမိုနိုးကြားစေတာကြောင့်ပါ။တော်ကြာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး ဖြစ်နေပါဦးမယ်။

၄။ အိပ်ခါနီး တီဗွီကြည့်၊ဖုန်းသုံးရင် မျက်လုံးညောင်းပြီး အိပ်ပျော်သွားမယ်။

မဟုတ်ပါဘူး။ဒီလိုမျိုး ဖန်သားပြင်က အရုပ်တွေကို ကြည့်တာဟာ သင့်ကို ပိုလို့တောင် နိုးကြားတက်ကြွလာစေတဲ့အပြင် တီဗွီ၊ဖုန်းနဲ့ ကွန်ပြူတာတွေကလာတဲ့ ဆူညံသံတွေ၊အလင်းတွေဟာ ဦးနှောက်ထဲမှာရှိတဲ့ မယ်လနင် (melanin)ဓာတ်ကို လျော့နည်းစေပါတယ်။တကယ်က အိပ်ပျော်ချင်ရင် ဦးနှောက်တွင်း မယ်လနင် (melanin)ဓာတ်များအောင် လုပ်ပေးရမှာပါ။သင်လုပ်သင့်တာတွေကတော့ သီချင်းသံငြိမ့်ငြိမ့်ညောင်းလေးတွေကို နားထောင်တာ ဒါမှမဟုတ် အိပ်ပျော်အောင် လုပ်ပေးနိုင်၊စိတ်ကို ပြေလျော့စေနိုင်တဲ့ ဖုန်း အက်ပလီကေးရှင်းလေးတွေကို ဒေါင်းလုဒ်ဆွဲပြီး အသုံးပြုတာ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

၅။ အိပ်ဆေးတွေဟာ ဘာပြဿနာမှ မရှိဘူး။

မဟုတ်ပါဘူး။နောက်ပိုင်းပေါ်လာတဲ့ အိပ်ဆေးတွေဟာ ပိုမိုစိတ်ချရပြီး ဘေးထွက်ဆိုးကျိုးနည်းတာ မှန်ပေမယ့် လုံးဝဥဿုံစိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။အဓိက အချက်က စွဲသွားမှာပါ။ဒါကြောင့် အိပ်ဆေးကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဘဲ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှသာ အိပ်ဆေးတွေကို သောက်သင့်ပါတယ်။

၆။ အအိပ်အနေနည်းအောင် ကျင့်လို့ရတယ်။

မဟုတ်ပါဘူး။လူတိုင်းဟာ မွေးလာကတည်းက လိုအပ်တဲ့ အိပ်ချိန်ကို သတ်မှတ်ပြီးသားပါ။သင့်အနေနဲ့ တနေ့ကို ၇-၈ နာရီလောက် အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ မှတ်ဉာဏ်တွေ အားနည်းလာတာ၊လုပ်ငန်း/ကျောင်း စွမ်းဆောင်ရည်ကျဆင်းတာ၊မတော်တဆထိခိုက်မှုတွေ ပိုများလာတာ ဒါမှမဟုတ် ရောဂါမျိုးစုံဝင်လာတာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာတွေကတော့ အိပ်မပျော်ခြင်းနဲ့ ပတ်သက်လို့ လူတွေ အယူအကောက် လွဲမှားနေတဲ့အချက်တွေပါ။အယူတိမ်းလို့ နတ်စိမ်းဖြစ်ပြီး အိပ်ယာထဲ တလိမ့်လိမ့် မဖြစ်ကြစေဖို့ အထက်ပါ အချက်တွေကို ရှောင်ကျဉ်ကြပါစို့နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top