iMyanmarHouse.com - Best Property Website for Myanmar
×
Photo: လူမင်း
Credit : Duwun
မဆုံဖြစ်တာကြာနေပြီဖြစ်တဲ့ အနုပညာညီအစ်ကိုတွေ ပြန်ဆုံရလို့ လူမင်းတစ်ယောက် စိတ်ထဲမှာ ပေ့ါပါးပြီး လန်းဆန်း နေရပါ တယ်တဲ့။ အောင်ပန်းမှာ ဇာတ်ကားရိုက်ကူးရင်း လွင်မိုး၊ရန်အောင်၊ ရဲအောင်တို့နဲ့ ပြန်ဆုံတွေ့ရလို့ ပျော်နေတာပါ။ ဟာသဉာဏ်ရွှင် တဲ့ လွင်မိုးဆီကလည်း ပညာပြန်ယူရတယ်ဆိုပြီး လူမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“မဆုံတာကြာပြီဖြစ်တဲ့အနုပညာညီအစ်ကိုတွေပြန်ဆုံကြရတော့စိတ်ထဲမှာတကယ်ကိုဘဲပေါ့ပါးလန်းဆန်းပြီးကြည်နူးရသလို ( အဓိက ကတော့လူရွှင်တော်တွေတောင်ပါးစပ်အဟောင်းသားနဲ့ပညာပြန်ယူရတဲ့မောင်မိုးကြောင့်ပါ)
မစားရတာကြာတဲ့ အောင်ပန်းတိုဟူးသုတ်, ငါးထမင်းနယ် စားလိုက်ရတော့ ဘာပြောကောင်းမလဲ ” ဆိုပြီးတော့ ပြောထားပါတယ်။
ပရိသတ်တွေကလည်း သူတို့အားလုံးပါဝင်ထားတဲ့ ဇာတ်ကားဖြစ်လို့ အမြန်ဆုံး ကြည့်ချင်နေကြပါပြီ။ လူမင်းတို့ဟာ လက်ရှိ အောင်ပန်းတွင် ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး မင်းသမီးက ပိုင်ဖြိုးသု ပါဝင်တယ်လို့ သိရပါတယ်။
တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့ရုံသာမက ယခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားတဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတွေ ပါဝင်ထားတဲ့ အဲ့ဒီဇာတ်ကားက ဘာကားဖြစ်နေမလဲဆိုတာ ရင်ခုန်စရာနော်။
လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။
သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။
Photo: လူမင်း
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top