iMyanmarHouse.com - Best Property Website for Myanmar
×
ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကျွမ်းကျင်ဆုံးသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ အနုပညာကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ သရုပ်ဆောင်အလုပ်ကို တန်ဖိုးထားလုပ်ဆောင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။
Credit : Myint Myat
ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ အကျွမ်းကျင်ဆုံးသရုပ်ဆောင်နိူင်တဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ အနုပညာကိုချစ်မြတ်နိူးတဲ့စိတ်နဲ့ သရုပ်ဆောင်အလုပ်ကို တန်ဖိုးထားလုပ်ဆောင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။
ဧပြီလ၂၂ရက်နေ့မှာတော့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ သမီးငယ်လေး မြတ်ဧကရီကျော်က ကျူရှင်မယူပဲ ၆တန်းစာမေးပွဲကို အောင်မြင်ခဲ့တာမို့ ဖေဖေ ကျော်ဇင်ထွဋ်တို့ အပျော်ကြီးပျော်နေတာပါ။
သမီးလေး စာမေးပွဲအောင်တဲ့အပေါ်ကိုတော့ ကျော်ဇင်ထွဋ်က “၆တန်းစာမေးပွဲကြီး ကို ခုခေတ် ရမ်းခေတ်စားနေတဲ့ ကျူရှင် မယူပဲ အောင်သွားပြန်လို့ သူ့ဖေဖေ ရန်ကုန်ဖေချစ်ကျော်ဇင်ထွဋ်လေး မှ သူ့သမီးငယ်လေး ဖေချစ်Oh-oလေး ကို … အာဘွားးးးးး မြောက်များစွာပေးပြီး ဂုဏ်ပြုကြိုဆိုနေပုံ အမှတ်တရ ဓါတ်ဓါတ်ဖြစ်ပါအိ <3 <3 <3″ ဆိုပြီး အမှတ်တရဓါတ်ဖမ်းရင်း ချစ်သမီးလေးကို ဂုဏ်ပြုပေးခဲ့တာပါ။
သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ ချစ်စရာကောင်းတဲ့ ဇနီးချောလေးရယ် ချစ်မဝတဲ့ သမီးလေးနှစ်ဦးရယ်တို့နဲ့အတူ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
ရိုးရိုးသားသားအနုပညာလုပ်ပြီးတော့ မိသားစုကို လုပ်ကျွေးနေတဲ့ ကျော်ဇင်ထွဋ်ကတော့ သမီးလေးတွေကို ကျူရှင်မထားပေးနိူင်ပေမယ့် လိမ္မာပြီး ကြိုးစားလွန်းတဲ့ သမီးလေးတွေကြောင့် အမြဲပီတိဖြစ်နေရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း သမီးလေးစာမေးပွဲအောင်လို့ ပျော်နေတဲ့ သရုပ်ဆောင် ကျော်ဇင်ထွဋ်ကို အားပေးတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit : Myint Myat
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top