iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာမွာ အဆီေတြျပန္ေနတယ္၊ ခဏခဏမ်က္ႏွာသစ္ပစ္တာလည္းမရဘူး၊ ဘာလုပ္ရမလဲလို႔ ေယာက်ာ္းေလးေတြ ေတာ္ေတာ္မ်ားမ်ား အေျဖရွာမိၾကမွာပါ။

မိန္းကေလးေတြတင္ မဟုတ္ပါဘူး။ ေယာက်ာ္းေလးေတြမွာလည္း အသားအေရထိန္းသိမ္းမႈလိုအပ္ပါတယ္။ အသားအေရထိန္းပစၥည္းေတြကိုလည္း ကိုယ့္အသားအေရအမ်ိဳးအစားနဲ႔ ကုိက္ညီမယ့္အမ်ိဳးအစားေတြကို ေရြးခ်ယ္ဖို႔လည္းအေရးၾကီးပါတယ္။ မကိုက္ညီတာ၊ မတည့္တာသံုးမိရင္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးမ်ားနိုင္တာကိုး။ဒီေတာ့ အရင္ဆံုး ကိုယ္က ဘယ္အသားအေရအမ်ိဳးအစားထဲမွာ ပါေနသလဲ အရင္ဆန္းစစ္ၾကည့္မွျဖစ္မွာေပါ့။ ဒီအခ်က္ေလးေတြနဲ႔ တိုက္ၾကည့္ေနာ္ –

ပံုမွန္အသားအေရပိုင္ရွင္ဆိုရင္

    အသားလည္းသိပ္မေျခာက္ဘူး၊အဆီလည္းသိပ္မျပန္ဘူး။
    မ်က္ႏွာမွာ အျပစ္အနာအဆာလည္း နည္းတယ္
    ျပင္းထန္တဲ့ ဓာတ္မတည့္မႈ လည္းမျဖစ္တတ္ဘူး
    အသားအေရာင္ ဝင္းတယ္

ေပါင္းစပ္အသားအေရပိုင္ရွင္ဆိုရင္

ေပါင္းစပ္အသားအေရဆိုတာ မ်က္ႏွာေပၚက T-zone ( ႏွာေခါင္း၊နဖူး၊ ေမးေစ့) လို ဧရိယာေတြမွာ ေျခာက္ေသြ႕တဲ့ေနရာေျခာက္၊ အဆီျပန္တဲ့ေနရာကျပန္ ၊တခ်ိဳ႕မွာ ပံုမွန္အေနအထားျဖစ္ေနတာမ်ိဳးကိုေခၚပါတယ္။ ပံုမွန္အားျဖင့္

    ေခြ်းေပါက္ေတြပြင့္ေနတတ္တာေၾကာင့္ ပံုမွန္ထက္ ေခြ်းေပါက္ေတြပိုက်ယ္သလိုေတြ႔ရတတ္ပါတယ္။
    ဆားဝက္ျခံေတြရွွိတယ္
    အဆီနည္းနည္းျပန္တယ္

ေျခာက္ေသြ႕တဲ့အသားအေရရွိရင္

    သိသိသာသာ မျမင္ရနိုင္ေလာက္ေအာင္ ေခြ်းေပါက္က်ဥ္းတယ္။
    အသားအေရ  ၾကမ္းတယ္၊ မြဲေျခာက္တယ္။
    အနီကြက္ေတြျဖစ္တတ္တယ္။
    အသားအေရ က်ံု႔ဆန္႔နိုင္အားနည္းတယ္။
    အေရးအေၾကာင္းပိုထင္ရွားတယ္
    အသားပတ္သလို အဖတ္ေတြကြာမယ္

တံု႔ျပန္လြယ္တဲ့အသားအေရပိုင္ရွင္

သင့္အသားအေရက ဟို skin care နဲ႔မတည့္၊ ဒီ skin care နဲ႔အဆင္မေျပ၊ မ်က္ႏွာမွာ ျပႆနာမ်ိဳးစံုေပၚလာတတ္တယ္ဆိုရင္ ပါဝင္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တဲ့ sensitive skin ျဖစ္ပါတယ္။ ဓာတ္မတည့္မႈျဖစ္လာရင္ အသားအေရမွာ နီရဲလာမယ္၊ ယားယံလာမယ္၊ ေလာင္တာ၊ ေျခာက္ေသြ႕လာမယ့္ လကၡဏာေတြျပလာနုိင္ပါတယ္။

အဆီျပန္တဲ့အသားအေရပိုင္ရွင္ဆိုရင္

    ေခြ်းေပါက္က်ယ္တယ္
    အသားအေရာင္မြဲမယ္ သို႔မဟုတ္ အဆီျပန္မယ္၊
    အသားအေရၾကမ္းမယ္
    ဆားဝက္ျခံ၊ ဝက္ျခံနဲ႔တျခားအမည္းစက္ အျပစ္အနာအဆာေတြရွိတတ္တယ္

အဆီျပန္တတ္တဲ့အသားအေရရွိရင္ မ်က္ႏွာသစ္တာတစ္ေန႔ႏွစ္ၾကိမ္ထက္မေက်ာ္ပါေစနဲ႔။ ခဏခဏမ်က္ႏွာသစ္ရင္ ေခြ်းေပါက္ပိုက်ယ္ေစလို႔ပါ။ မ်က္ႏွာသစ္ေဆး အရည္အေသြးေကာင္းေကာင္းကို ေရြးသံုးပါ။ ဝက္ျခံေတြကို မဆိတ္၊မဆြ၊ မညွစ္ပါနဲ႔။ အနာက်က္ဖို႔ ပိုၾကာေစနိုင္ပါတယ္။

ေယာက်ာ္းေလးေတြမွာ မ်က္ႏွာအဆီျပန္ရတဲ့အေၾကာင္းရင္းေတြကဘာလဲ

အေရျပားေအာက္မွာ sebaceous glands လို႔ေခၚတဲ့ ဂလင္းေတြရွိပါတယ္။ ဒီဂလင္းေတြက sebum လို႔ေခၚတဲ့ သဘာဝအဆီနဲ႔ အသားအေရကိုထိန္းသိမ္းေပးပါတယ္။ ေယာက်ာ္းေလးေတြမွာ ေယာက်ာ္းသြင္ျပင္ ခႏၶာကိုယ္အခ်ိဳးအစားျဖစ္တည္ေရးအတြက္ အေျခခံက်တဲ့ dihydrotestosterone (DHT) ဆိုတဲ့ေဟာ္မုန္းတစ္မ်ိဳးလည္းရွိပါတယ္။ ဒါေပမယ့္ DHT  ပမာဏမ်ားလာရင္ sebum ထုတ္လုပ္မႈလြန္ကဲျပီး အသားအေရမွာ အဆီျပန္တဲ့အသြင္ျဖစ္ေစတာပါ။

ဒါဆိုရင္ အဆီျပန္ျခင္းကို ဘယ္လိုေျဖရွင္းမလဲ

အသားအေရမွာ ေျခာက္ေသြ႕တာလည္းမေကာင္းသလို အဆီျပန္တာလည္းမေကာင္းဘူးဆိုေတာ့ အသားအေရစိုေျပျပီး ျပစ္ခ်က္ကင္းတဲ့ မ်က္ႏွာသြင္ျပင္ကိုရရွိနိုင္ဖို႔ အဆီျပန္ျခင္းကို ေလ်ာ့ပါးေအာင္လုပ္ၾကည့္ဖို႔လိုပါတယ္။  ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ အဆီပိုျပန္တတ္တာေၾကာင့္ အသားအေရထိန္းသိမ္းခ်င္တဲ့ အဆီျပန္သူ အမ်ိဳးသားေတြအေနနဲ႔ လုပ္ေဆာင္နိုင္မယ့္ နည္းလမ္းေကာင္းေတြကိုေအာက္မွာေဖာ္ျပထားတယ္ေနာ္။

၁။ မ်က္ႏွာသစ္ပါ

အရည္အေသြးေကာင္းျပီး oily skin အတြက္ ထုတ္လုပ္ထားတဲ့ မ်က္ႏွာသစ္ေဆးကိုသံုးပါ။ မနက္တစ္ၾကိမ္၊ အိပ္ကာနီးတစ္ၾကိမ္ မ်က္ႏွာသစ္ပါ။ ေန႔လယ္ဘက္မွာ အရမ္းအဆီျပန္ေနတယ္ဆိုရင္ေတာ့ ခပ္ျမန္ျမန္ေလး မ်က္ႏွာသစ္နိုင္ပါတယ္။ အေကာင္းဆံုးက အဆီျပန္သူေတြအတြက္ ထုတ္လုပ္ထားတဲ့ Garnier ရဲ႕ Turbo Light Double White Icy Duo Foam ၊ Turbo Light White Oil Control Icy Duo Foam နဲ႔ Turbo Light Oil Control Cooling Foam တို႔ကို ေရြးနိုင္ပါတယ္။

Turbo Light Double White Icy Duo Foam က သဘာ၀မီးေသြးနဲ႔ ေအးျမတဲ့ ရြံ႕ေစးပါ၀င္မႈေၾကာင့္ အသားအေရ ညစ္ႏြမ္းမႈကို ေလ်ာ့ခ်ေပးျပီး (၁)ၾကိမ္ သံုးရံုနဲ႔ သိသိသာသာ ျဖဴ၀င္းမႈကို ရရွိေစပါတယ္။ Turbo Light White Oil Control Icy Duo Foam ကေတာ့ သဘာ၀မီးေသြးနဲ႔ ရြံ႕ေစးျဖဴ တို႔ရဲ႕စြမ္းအား (၂) မ်ိဳးပါ၀င္မႈ ေၾကာင့္ ပိုမို ျဖဴ၀င္းေစတဲ့အျပင္ ေခၽြးေပါက္ က်ဥ္းေစၿပီး အဆီျပန္ျခင္းကို ထိန္းခ်ဳပ္ေပးနိုင္ပါတယ္။ Turbo Light Oil Control Cooling Foam ကလည္း သဘာ၀လီမြန္သီး အဆီအႏွစ္နဲ႔ ရြံ႕ေစးပါ၀င္မႈေၾကာင့္ တစ္ေနကုန္ ေအးျမ လန္းဆန္းေစၿပီး အဆီျပန္ျခင္းကင္းကာ ျဖဴ၀င္းေစေသာ မ်က္ႏွာသစ္ ျဖစ္ပါတယ္။

Turbo Light ကအာမခံနုိင္တာကေတာ့ သဘာဝသံပရာသီးစစ္စစ္ရဲ႕အဆီအႏွစ္နဲ႔ျပဳလုပ္ထားလို႔ အသားအေရ ျဖဴ၀င္းၾကည္လင္ေစစျခင္း၊ Mineral Clay နဲ႔ Salicylic Acid  ပါဝင္လို႔ အဆီျပန္ျခင္းကို သက္သာေစျခင္း၊ ၀က္ျခံျဖစ္ေစတဲ့ ဘက္တီးရီးယားကို ဖယ္ရွားေပးႏိုင္ျခင္းနဲ႔ အသားအေရမညီညာမႈနဲ႔ ေခၽြးေပါက္ပိတ္တာေတြကို ေလ်ာ့ခ်ေပးနိုင္ျခင္းတို႔ ပါပဲ။

ဒါေပမယ့္ မ်က္ႏွာခဏခဏ သစ္လြန္းရင္ေတာ့ အသားအေရမွာရွိတဲ့အဆီေတြကို ေျခာက္ခန္းသြားေစနိုင္တဲ့အျပင္ အေျခအေနပိုဆိုးေစမယ္၊ မ်က္ႏွာအဆီပိုျဖစ္ေပၚနိုင္ေစမွာျဖစ္လို႔ အၾကိမ္ေရကို မလြန္ကဲဖို႔ သတိထားပါ။

၂။ ကိုယ္တိုက္ဆပ္ျပာနဲ႔ မ်က္ႏွာမသစ္ပါနဲ႔

မ်က္ႏွာအတြက္ထုတ္လုပ္ထားတာမဟုတ္တဲ့ ကိုယ္တိုက္ဆပ္ျပာေတြနဲ႔ မ်က္ႏွာမသစ္ပါနဲ႔။ မ်က္ႏွာသစ္လိုက္တဲ့အခါ အေရျပားေပၚက သဘာဝအဆီေတြပါ ပါသြားေစနိုင္လို႔ပါ။ အဲ့လိုျဖစ္ျပီး အသားမွာေျခာက္ေသြ႕လာတဲ့အခါ အေရျပားထဲမွာ အဆီဓာတ္ထုတ္လုပ္မႈ ပိုမ်ားလာေစျပီး အေရျပားျပႆနာေတြပိုျဖစ္ေစနုိင္ပါတယ္။ အဆီျပန္တတ္တဲ့အသားအေရအတြက္ သီးသန္႔ထုတ္တဲ့ မ်က္ႏွာသစ္ေဆးကို ေရြးသံုးပါ။

၃။ Scrub လုပ္ပါ (ဆဲလ္ေသဖယ္ရွားျခင္း)

အေရျပားေပၚက ဆဲလ္ေသေတြရယ္၊ အဆီဂလင္းလုပ္ေဆာင္ခ်က္လြန္ကဲမႈေၾကာင့္ျဖစ္လာတဲ့ တျခားကပ္ျငိမႈေတြကို ဖယ္ရွားနိုင္ဖို႔ face scrub ကို တစ္ပတ္တစ္ၾကိမ္ သို႔မဟုတ္ ႏွစ္ပတ္တစ္ၾကိမ္ လုပ္သင့္ပါတယ္။ scrub လုပ္ေပးသင့္တယ္ဆိုေပမယ့္ တကယ္တမ္းက် အေပၚမွာေျပာခဲ့သလိုပဲ ေျခာက္ေသြ႕ေစျပီး ေခြ်းေပါက္က်ယ္ေစ၊ အဆီပုိုျပန္ေစနိုင္တာေၾကာင့္ scrub မလြန္ေစဖို႔ သတိထားပါ။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ အမ်ိဳးသားေတြဟာ တံု႔ျပန္လြယ္အသားအေရရွိသူေတြလိုပဲ အသားအေရကို မထိခိုက္ေအာင္ ဂရုစိုက္ဖို႔ လိုပါတယ္။

၄။ Toner သံုးပါ

အဆီျပန္တတ္တဲ့သူေတြဟာ toner ေကာင္းေကာင္းသံုးဖို႔လည္းလိုပါတယ္။ toner သံုးမွ အဆီပိုေတြကို ပယ္ဖ်က္နုိင္ဖို႔နဲ႔ ေခြ်းေပါက္ေတြ က်ဥ္းေစဖို႔ ခ်က္ခ်င္းေအးျမျခင္းကို ေပးစြမ္းနုိုင္ပါတယ္။ မ်က္ႏွာသစ္ျပီးခ်ိန္တိုင္း toner သံုးေပးရင္သိသာတဲ့ရလဒ္ကို သတိထားမိမွာပါ။

၅။ အစိုဓာတ္ထိန္းေပးပါ

အဆီျပန္တဲ့အသားအေရမွာေတာင္ မ်က္ႏွာကို moisturize လုပ္ေပးဖို႔ လိုအပ္ပါေသးတယ္။ အေရျပားဆိုတာ အစိုဓာတ္ကိုလုိအပ္ပါတယ္။ အစိုဓာတ္မရွိရင္ အကာအကြယ္အလႊာအတြက္ အဆီဓာတ္ကို အလုိလုိဖန္တီးလိုက္မွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ မ်က္ႏွာကို အစိုဓာတ္ထိန္းေပးမယ့္ serum တစ္ခုခုသံုးေပးပါ။ Garnier ကထုတ္တဲ့ Turbo Light Oil Control Whitening Serum Cream က သဘာ၀လီမြန္သီး အဆီအႏွစ္ႏွင့္ ရြံ႕ေစးပါ၀င္လို႔  (၁၂) နာရီၾကာ အဆီျပန္ျခင္းကို ထိန္းခ်ဳပ္ေပးနိုင္တဲ့ အသားျဖဴ Serum ျဖစ္ပါတယ္။

သူ႔ကို oil free moisturizer အျဖစ္ သံုးနိုင္ပါတယ္။ သင့္မ်က္ႏွာအသားအေရကို Turbo Light Oil Control Whitening Serum Cream နဲ႔ လိုအပ္တဲ့အာဟာရဓာတ္ေတြျဖည့္တင္းျပီး စိုေျပနုပ်ိဳမႈကို ရယူလိုက္ပါ။

၆။ Clay Mask နဲ႔လည္း သန္႔စင္နိုင္တယ္

Clay masks ေတြက ေခြ်းေပါက္ေတြကို သန္႔စင္ေစ၊ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားနိုင္ျပီး မ်က္ႏွာေပၚကအဆီပိုေတြကို ရွင္းလင္းေပးနုိင္တဲ့နည္းလမ္းေကာင္းျဖစ္လို႔ အပတ္စဥ္ လုပ္ေပးသင့္ပါတယ္။ Clay mask ေတြဖယ္လိုက္တာနဲ႔ အဆီျပန္ျခင္းကင္းစင္ျပီး သန္႔စင္ၾကည္လင္တဲ့ အသားအေရကို ပိုင္ဆိုင္နိုင္မွာပါ။ ျပီးရင္ေတာ့ toner နဲ႔ serum သံုးေပးပါ။

၇။ မုတ္ဆိတ္ရိတ္တဲ့အခါ

အမ်ိဳးသားေတြ မုတ္ဆိတ္ရိတ္တဲ့အခါ shaving creams ေတြနဲ႔ aftershave ေတြမွာ alcohol  ပါဝင္တာေတြ မသံုးဖို႔သတိထားပါ။ alcohol က အေရျပားကို ျပႆနာမ်ားေစနုိင္တယ္လို႔သိၾကတဲ့ ပါဝင္ပစၥည္းတစ္မ်ိဳးျဖစ္ျပိီး အသားအေရကို ပိုေျခာက္ေသြ႕ေစပါတယ္။

၈။ လက္ကို သန္႔ေအာင္ထားပါ

မ်က္ႏွာအဆီျပန္တတ္သူေတြမွာ ဝက္ျခံျဖစ္ေစတဲ့အေၾကာင္းရင္းတစ္ခုက ဘက္တီးရီးယားေၾကာင့္ပါ။ အဆီျပန္ေနတဲ့ အသားအေရမွာ ဘက္တီးရီးယားေတြ ကပ္ျငိဖို႔က တျခားသူေတြထက္ ပိုလြယ္ကူပါတယ္။ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက မ်က္ႏွာသစ္ဖုိ႔နဲ႔  moisturizer သံုးဖို႔ကို သတိရတတ္ၾကေပမယ့္ ဖုန္းပြတ္ေနတတ္တဲ့ သူတို႔ရဲ႕လက္ေတြက တစ္ေန႔ကို အၾကိမ္ေပါင္းမ်ားစြာ မ်က္ႏွာကိုထိမိ ကိုင္မိေနတာကို ေမ့ေနတတ္ၾကပါတယ္။

ကိုယ့္ရဲ႕စမတ္ဖုန္းကို တစ္ေန႔တစ္ၾကိမ္ေလာက္ေတာ့ ေသခ်ာသုတ္ေပး၊သန္႔ေပးပါ။ ညစ္ေပတာေတြ၊ ဖုန္မႈန္႔ေတြရွိတဲ့ေနရာေတြကို ထိေတြ႔ျပီးတိုင္း လက္ကို ဆပ္ျပာနဲ႔ေဆးပါ။ လက္သန္႔ေဆးရည္ကလည္း အသံုးဝင္ပါတယ္။ မ်က္ႏွာကို မၾကာခဏ ထိေန၊ ကိုင္ေနတာေတာ့ မလုပ္တာ အေကာင္းဆံုးပါပဲ။

၉။ အဆီစုပ္စကၠဴေလးေတြ သံုးပါ

အဆီစုပ္စကၠဴေလးေတြက အဆီျပန္ျခင္းကို မတားဆီးနိင္ေပမယ့္ မ်က္ႏွာ T Zone (ႏွာေခါင္း၊နဖူး၊ ေမးေစ့) မွာ အဆီျပန္ေနတာေတြကို အသာအယာဖိကပ္လိုက္ရံုနဲ႔ စုပ္ယူဖယ္ရွားေပးနိုင္မွာျဖစ္လို႔ အသံုးဝင္ပါတယ္။ သြားရင္းလာရင္း မ်က္ႏွာမွာ သိသိသာသာ အဆီျပန္လာတဲ့အခါ လိုအပ္သလို အသံုးျပဳနုိင္တဲ့ ပစၥည္းျဖစ္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာမှာ အဆီတွေပြန်နေတယ်၊ ခဏခဏမျက်နှာသစ်ပစ်တာလည်းမရဘူး၊ ဘာလုပ်ရမလဲလို့ ယောကျာ်းလေးတွေ တော်တော်များများ အဖြေရှာမိကြမှာပါ။

မိန်းကလေးတွေတင် မဟုတ်ပါဘူး။ ယောကျာ်းလေးတွေမှာလည်း အသားအရေထိန်းသိမ်းမှုလိုအပ်ပါတယ်။ အသားအရေထိန်းပစ္စည်းတွေကိုလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီမယ့်အမျိုးအစားတွေကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ မကိုက်ညီတာ၊ မတည့်တာသုံးမိရင် ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တာကိုး။ဒီတော့ အရင်ဆုံး ကိုယ်က ဘယ်အသားအရေအမျိုးအစားထဲမှာ ပါနေသလဲ အရင်ဆန်းစစ်ကြည့်မှဖြစ်မှာပေါ့။ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်နော် –

ပုံမှန်အသားအရေပိုင်ရှင်ဆိုရင်

    အသားလည်းသိပ်မခြောက်ဘူး၊အဆီလည်းသိပ်မပြန်ဘူး။
    မျက်နှာမှာ အပြစ်အနာအဆာလည်း နည်းတယ်
    ပြင်းထန်တဲ့ ဓာတ်မတည့်မှု လည်းမဖြစ်တတ်ဘူး
    အသားအရောင် ဝင်းတယ်

ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုရင်

ပေါင်းစပ်အသားအရေဆိုတာ မျက်နှာပေါ်က T-zone ( နှာခေါင်း၊နဖူး၊ မေးစေ့) လို ဧရိယာတွေမှာ ခြောက်သွေ့တဲ့နေရာခြောက်၊ အဆီပြန်တဲ့နေရာကပြန် ၊တချို့မှာ ပုံမှန်အနေအထားဖြစ်နေတာမျိုးကိုခေါ်ပါတယ်။ ပုံမှန်အားဖြင့်

    ချွေးပေါက်တွေပွင့်နေတတ်တာကြောင့် ပုံမှန်ထက် ချွေးပေါက်တွေပိုကျယ်သလိုတွေ့ရတတ်ပါတယ်။
    ဆားဝက်ခြံတွေရှှိတယ်
    အဆီနည်းနည်းပြန်တယ်

ခြောက်သွေ့တဲ့အသားအရေရှိရင်

    သိသိသာသာ မမြင်ရနိုင်လောက်အောင် ချွေးပေါက်ကျဉ်းတယ်။
    အသားအရေ  ကြမ်းတယ်၊ မွဲခြောက်တယ်။
    အနီကွက်တွေဖြစ်တတ်တယ်။
    အသားအရေ ကျုံ့ဆန့်နိုင်အားနည်းတယ်။
    အရေးအကြောင်းပိုထင်ရှားတယ်
    အသားပတ်သလို အဖတ်တွေကွာမယ်

တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်

သင့်အသားအရေက ဟို skin care နဲ့မတည့်၊ ဒီ skin care နဲ့အဆင်မပြေ၊ မျက်နှာမှာ ပြဿနာမျိုးစုံပေါ်လာတတ်တယ်ဆိုရင် ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ sensitive skin ဖြစ်ပါတယ်။ ဓာတ်မတည့်မှုဖြစ်လာရင် အသားအရေမှာ နီရဲလာမယ်၊ ယားယံလာမယ်၊ လောင်တာ၊ ခြောက်သွေ့လာမယ့် လက္ခဏာတွေပြလာနိုင်ပါတယ်။

အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင်

    ချွေးပေါက်ကျယ်တယ်
    အသားအရောင်မွဲမယ် သို့မဟုတ် အဆီပြန်မယ်၊
    အသားအရေကြမ်းမယ်
    ဆားဝက်ခြံ၊ ဝက်ခြံနဲ့တခြားအမည်းစက် အပြစ်အနာအဆာတွေရှိတတ်တယ်

အဆီပြန်တတ်တဲ့အသားအရေရှိရင် မျက်နှာသစ်တာတစ်နေ့နှစ်ကြိမ်ထက်မကျော်ပါစေနဲ့။ ခဏခဏမျက်နှာသစ်ရင် ချွေးပေါက်ပိုကျယ်စေလို့ပါ။ မျက်နှာသစ်ဆေး အရည်အသွေးကောင်းကောင်းကို ရွေးသုံးပါ။ ဝက်ခြံတွေကို မဆိတ်၊မဆွ၊ မညှစ်ပါနဲ့။ အနာကျက်ဖို့ ပိုကြာစေနိုင်ပါတယ်။

ယောကျာ်းလေးတွေမှာ မျက်နှာအဆီပြန်ရတဲ့အကြောင်းရင်းတွေကဘာလဲ

အရေပြားအောက်မှာ sebaceous glands လို့ခေါ်တဲ့ ဂလင်းတွေရှိပါတယ်။ ဒီဂလင်းတွေက sebum လို့ခေါ်တဲ့ သဘာဝအဆီနဲ့ အသားအရေကိုထိန်းသိမ်းပေးပါတယ်။ ယောကျာ်းလေးတွေမှာ ယောကျာ်းသွင်ပြင် ခန္ဓာကိုယ်အချိုးအစားဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ဟော်မုန်းတစ်မျိုးလည်းရှိပါတယ်။ ဒါပေမယ့် DHT  ပမာဏများလာရင် sebum ထုတ်လုပ်မှုလွန်ကဲပြီး အသားအရေမှာ အဆီပြန်တဲ့အသွင်ဖြစ်စေတာပါ။

ဒါဆိုရင် အဆီပြန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

အသားအရေမှာ ခြောက်သွေ့တာလည်းမကောင်းသလို အဆီပြန်တာလည်းမကောင်းဘူးဆိုတော့ အသားအရေစိုပြေပြီး ပြစ်ချက်ကင်းတဲ့ မျက်နှာသွင်ပြင်ကိုရရှိနိုင်ဖို့ အဆီပြန်ခြင်းကို လျော့ပါးအောင်လုပ်ကြည့်ဖို့လိုပါတယ်။  ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်တာကြောင့် အသားအရေထိန်းသိမ်းချင်တဲ့ အဆီပြန်သူ အမျိုးသားတွေအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကိုအောက်မှာဖော်ပြထားတယ်နော်။

၁။ မျက်နှာသစ်ပါ

အရည်အသွေးကောင်းပြီး oily skin အတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။ မနက်တစ်ကြိမ်၊ အိပ်ကာနီးတစ်ကြိမ် မျက်နှာသစ်ပါ။ နေ့လယ်ဘက်မှာ အရမ်းအဆီပြန်နေတယ်ဆိုရင်တော့ ခပ်မြန်မြန်လေး မျက်နှာသစ်နိုင်ပါတယ်။ အကောင်းဆုံးက အဆီပြန်သူတွေအတွက် ထုတ်လုပ်ထားတဲ့ Garnier ရဲ့ Turbo Light Double White Icy Duo Foam ၊ Turbo Light White Oil Control Icy Duo Foam နဲ့ Turbo Light Oil Control Cooling Foam တို့ကို ရွေးနိုင်ပါတယ်။

Turbo Light Double White Icy Duo Foam က သဘာဝမီးသွေးနဲ့ အေးမြတဲ့ ရွံ့စေးပါဝင်မှုကြောင့် အသားအရေ ညစ်နွမ်းမှုကို လျော့ချပေးပြီး (၁)ကြိမ် သုံးရုံနဲ့ သိသိသာသာ ဖြူဝင်းမှုကို ရရှိစေပါတယ်။ Turbo Light White Oil Control Icy Duo Foam ကတော့ သဘာဝမီးသွေးနဲ့ ရွံ့စေးဖြူ တို့ရဲ့စွမ်းအား (၂) မျိုးပါဝင်မှု ကြောင့် ပိုမို ဖြူဝင်းစေတဲ့အပြင် ချွေးပေါက် ကျဉ်းစေပြီး အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ Turbo Light Oil Control Cooling Foam ကလည်း သဘာဝလီမွန်သီး အဆီအနှစ်နဲ့ ရွံ့စေးပါဝင်မှုကြောင့် တစ်နေကုန် အေးမြ လန်းဆန်းစေပြီး အဆီပြန်ခြင်းကင်းကာ ဖြူဝင်းစေသော မျက်နှာသစ် ဖြစ်ပါတယ်။

Turbo Light ကအာမခံနိုင်တာကတော့ သဘာဝသံပရာသီးစစ်စစ်ရဲ့အဆီအနှစ်နဲ့ပြုလုပ်ထားလို့ အသားအရေ ဖြူဝင်းကြည်လင်စေစခြင်း၊ Mineral Clay နဲ့ Salicylic Acid  ပါဝင်လို့ အဆီပြန်ခြင်းကို သက်သာစေခြင်း၊ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို ဖယ်ရှားပေးနိုင်ခြင်းနဲ့ အသားအရေမညီညာမှုနဲ့ ချွေးပေါက်ပိတ်တာတွေကို လျော့ချပေးနိုင်ခြင်းတို့ ပါပဲ။

ဒါပေမယ့် မျက်နှာခဏခဏ သစ်လွန်းရင်တော့ အသားအရေမှာရှိတဲ့အဆီတွေကို ခြောက်ခန်းသွားစေနိုင်တဲ့အပြင် အခြေအနေပိုဆိုးစေမယ်၊ မျက်နှာအဆီပိုဖြစ်ပေါ်နိုင်စေမှာဖြစ်လို့ အကြိမ်ရေကို မလွန်ကဲဖို့ သတိထားပါ။

၂။ ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာမသစ်ပါနဲ့

မျက်နှာအတွက်ထုတ်လုပ်ထားတာမဟုတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေနဲ့ မျက်နှာမသစ်ပါနဲ့။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေပါ ပါသွားစေနိုင်လို့ပါ။ အဲ့လိုဖြစ်ပြီး အသားမှာခြောက်သွေ့လာတဲ့အခါ အရေပြားထဲမှာ အဆီဓာတ်ထုတ်လုပ်မှု ပိုများလာစေပြီး အရေပြားပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးကို ရွေးသုံးပါ။

၃။ Scrub လုပ်ပါ (ဆဲလ်သေဖယ်ရှားခြင်း)

အရေပြားပေါ်က ဆဲလ်သေတွေရယ်၊ အဆီဂလင်းလုပ်ဆောင်ချက်လွန်ကဲမှုကြောင့်ဖြစ်လာတဲ့ တခြားကပ်ငြိမှုတွေကို ဖယ်ရှားနိုင်ဖို့ face scrub ကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် လုပ်သင့်ပါတယ်။ scrub လုပ်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းကျ အပေါ်မှာပြောခဲ့သလိုပဲ ခြောက်သွေ့စေပြီး ချွေးပေါက်ကျယ်စေ၊ အဆီပိုပြန်စေနိုင်တာကြောင့် scrub မလွန်စေဖို့ သတိထားပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုးသားတွေဟာ တုံ့ပြန်လွယ်အသားအရေရှိသူတွေလိုပဲ အသားအရေကို မထိခိုက်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

၄။ Toner သုံးပါ

အဆီပြန်တတ်တဲ့သူတွေဟာ toner ကောင်းကောင်းသုံးဖို့လည်းလိုပါတယ်။ toner သုံးမှ အဆီပိုတွေကို ပယ်ဖျက်နိုင်ဖို့နဲ့ ချွေးပေါက်တွေ ကျဉ်းစေဖို့ ချက်ချင်းအေးမြခြင်းကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးချိန်တိုင်း toner သုံးပေးရင်သိသာတဲ့ရလဒ်ကို သတိထားမိမှာပါ။

၅။ အစိုဓာတ်ထိန်းပေးပါ

အဆီပြန်တဲ့အသားအရေမှာတောင် မျက်နှာကို moisturize လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အရေပြားဆိုတာ အစိုဓာတ်ကိုလိုအပ်ပါတယ်။ အစိုဓာတ်မရှိရင် အကာအကွယ်အလွှာအတွက် အဆီဓာတ်ကို အလိုလိုဖန်တီးလိုက်မှာဖြစ်ပါတယ်။ဒါ့ကြောင့် မျက်နှာကို အစိုဓာတ်ထိန်းပေးမယ့် serum တစ်ခုခုသုံးပေးပါ။ Garnier ကထုတ်တဲ့ Turbo Light Oil Control Whitening Serum Cream က သဘာဝလီမွန်သီး အဆီအနှစ်နှင့် ရွံ့စေးပါဝင်လို့  (၁၂) နာရီကြာ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အသားဖြူ Serum ဖြစ်ပါတယ်။

သူ့ကို oil free moisturizer အဖြစ် သုံးနိုင်ပါတယ်။ သင့်မျက်နှာအသားအရေကို Turbo Light Oil Control Whitening Serum Cream နဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်တင်းပြီး စိုပြေနုပျိုမှုကို ရယူလိုက်ပါ။

၆။ Clay Mask နဲ့လည်း သန့်စင်နိုင်တယ်

Clay masks တွေက ချွေးပေါက်တွေကို သန့်စင်စေ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး မျက်နှာပေါ်ကအဆီပိုတွေကို ရှင်းလင်းပေးနိုင်တဲ့နည်းလမ်းကောင်းဖြစ်လို့ အပတ်စဉ် လုပ်ပေးသင့်ပါတယ်။ Clay mask တွေဖယ်လိုက်တာနဲ့ အဆီပြန်ခြင်းကင်းစင်ပြီး သန့်စင်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ပြီးရင်တော့ toner နဲ့ serum သုံးပေးပါ။

၇။ မုတ်ဆိတ်ရိတ်တဲ့အခါ

အမျိုးသားတွေ မုတ်ဆိတ်ရိတ်တဲ့အခါ shaving creams တွေနဲ့ aftershave တွေမှာ alcohol  ပါဝင်တာတွေ မသုံးဖို့သတိထားပါ။ alcohol က အရေပြားကို ပြဿနာများစေနိုင်တယ်လို့သိကြတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို ပိုခြောက်သွေ့စေပါတယ်။

၈။ လက်ကို သန့်အောင်ထားပါ

မျက်နှာအဆီပြန်တတ်သူတွေမှာ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတစ်ခုက ဘက်တီးရီးယားကြောင့်ပါ။ အဆီပြန်နေတဲ့ အသားအရေမှာ ဘက်တီးရီးယားတွေ ကပ်ငြိဖို့က တခြားသူတွေထက် ပိုလွယ်ကူပါတယ်။ ယောကျာ်းလေးတော်တော်များများက မျက်နှာသစ်ဖို့နဲ့  moisturizer သုံးဖို့ကို သတိရတတ်ကြပေမယ့် ဖုန်းပွတ်နေတတ်တဲ့ သူတို့ရဲ့လက်တွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာ မျက်နှာကိုထိမိ ကိုင်မိနေတာကို မေ့နေတတ်ကြပါတယ်။

ကိုယ့်ရဲ့စမတ်ဖုန်းကို တစ်နေ့တစ်ကြိမ်လောက်တော့ သေချာသုတ်ပေး၊သန့်ပေးပါ။ ညစ်ပေတာတွေ၊ ဖုန်မှုန့်တွေရှိတဲ့နေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ဆေးပါ။ လက်သန့်ဆေးရည်ကလည်း အသုံးဝင်ပါတယ်။ မျက်နှာကို မကြာခဏ ထိနေ၊ ကိုင်နေတာတော့ မလုပ်တာ အကောင်းဆုံးပါပဲ။

၉။ အဆီစုပ်စက္ကူလေးတွေ သုံးပါ

အဆီစုပ်စက္ကူလေးတွေက အဆီပြန်ခြင်းကို မတားဆီးနိင်ပေမယ့် မျက်နှာ T Zone (နှာခေါင်း၊နဖူး၊ မေးစေ့) မှာ အဆီပြန်နေတာတွေကို အသာအယာဖိကပ်လိုက်ရုံနဲ့ စုပ်ယူဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသုံးဝင်ပါတယ်။ သွားရင်းလာရင်း မျက်နှာမှာ သိသိသာသာ အဆီပြန်လာတဲ့အခါ လိုအပ်သလို အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top