iMyanmarHouse.com - Best Property Website for Myanmar
×

မုန္လာဥနီကို အသီးအႏွံေတြထဲ ေရာၿပီး အစိမ္းေၾကာ္ပံုစံ၊ အသုပ္ပံုစံလည္း စားၾကသလို အစိမ္းစားတဲ့သူေတြလည္း ရွိပါတယ္။ အရသာ ခ်ိဳဆိမ့္ဆိမ့္ေလးနဲ႔ ၾကြပ္ၾကြပ္ေလးျဖစ္လွတဲ့ မုန္လာဥနီကို ႀကိဳက္တဲ့သူလည္း မ်ားပါတယ္။ ဒီလို လူႀကိဳက္မ်ားတဲ့ မုန္လာဥနီက မ်က္စိက်န္းမာေရးတင္ မဟုတ္ဘဲ အသားအေရနဲ႔ က်န္းမာေရး ေကာင္းမြန္ဖို႔ပါ စြမ္းေဆာင္ႏိုင္ပါတယ္။ ဘာေတြျဖစ္မလဲ ဖတ္ၾကည့္ပါဦးေနာ္။
မုန္လာဥနီမွာ ပါဝင္တဲ့ အာဟာရဓါတ္မ်ား

မုန္လာဥနီမွာ  အမွ်င္ဓါတ္၊ ဗီတာမင္ ေအ၊ ဗီတာမင္ စီ၊ ဗီတာမင္ ေက၊ ေဖာလစ္အက္ဆစ္၊ ပို္တက္စီယမ္၊ သံဓါတ္၊ ေကာ့ပါးနဲ႔ မဂၢနီဆီယမ္ေတြ ပါဝင္ပါတယ္။

ခႏၶာကိုယ္ထဲမွာ မေကာင္းတဲ့ ကိုလက္စထေရာ မ်ားေနျခင္းဟာ ႏွလံုးေရာဂါ ျဖစ္ေစႏုိင္ပါတယ္။ မုန္လာဥနီ ပံုမွန္စားသံုးျခင္းဟာ ကိုုလက္စထေရာကို က်ဆင္းေစတာေၾကာင့္ ႏွလံုးက်န္းမာေရးကို အထူးေကာင္းမြန္ေစပါတယ္။ ဆြီဒင္ႏိုင္ငံက သုေတသီေတြကလည္း ႏွလံုးက်န္းမာေရးကို သက္သာေစတဲ့ အသီးအရြက္ေတြထဲမွာ မုန္လာဥနီက ထိပ္ဆံုးက ပါဝင္ေၾကာင္း ဆိုထားပါတယ္။

မုန္လာဥနီမွာ ပိုတက္စီယမ္ မ်ားမ်ားစားစား ပါဝင္ျခင္းဟာ ေသြးျပန္ေၾကာနဲ႔ ေသြးလႊတ္ေၾကာ တင္းမာမႈေတြကို ေျပေလ်ာ့ေစၿပီး ေသြးလည္ပတ္မႈကို အားေကာင္းေစတဲ့အျပင္ ခႏၶာကိုယ္တေလ်ာက္ ေသြးစီးဆင္းမႈကိုလည္း တိုးတက္ေစပါတယ္။ ဒီလိုမ်ိဳး ေသြးလည္ပတ္မႈ ေကာင္းမြန္တာေၾကာင့္ ရုတ္တရက္ ေလျဖန္းတာနဲ႔ ေလျဖတ္တာေတြ မျဖစ္ေစႏုိင္ပါဘူး။

ခႏၶာကုိယ္ ကိုယ္ခံအားစနစ္ တိုးတက္ေကာင္းမြန္ေစခ်င္တယ္ဆိုရင္ေတာ့ မုန္လာဥနီ မ်ားမ်ား စားဖို႔ အၾကံျပဳပါရေစ။ မုန္လာဥနီမွာ ဘက္တီးရီးယားေတြကို ခုခံတြန္းလွန္ဓါတ္ေတြ ပါဝင္တာေၾကာင့္ ကိုယ္ခံအား ျမင့္ေစတာပါ။ ဒါဟာ ဗီတာမင္ စီလိုပဲ ဖ်ားနာတာေတြ မျဖစ္ဖို႕ အေထာက္အကူျပဳပါတယ္။ ေသြးျဖဴဥဆဲလ္ေတြကို လႈံ႔ေဆာ္ေပးတာေၾကာင့္ ခႏၶာကိုယ္ ကိုယ္ခံအား တက္ေစတာပါ။

မုန္လာဥနီ စားသံုးျခင္းဟာ အစာေျခစနစ္ကိုလည္း ေကာင္းေစပါတယ္။ ဘာလို႔လဲဆိုေတာ့ အစာေျခလမ္းေၾကာင္းရဲ႕ လုပ္ငန္းေဆာင္တာအတြက္ အထူးလိုအပ္တဲ့ အမွ်င္ဓါတ္ေတြ ရွိေနတာေၾကာင့္ပါ။ ဝမ္းခ်ဳပ္ျခင္းလို ျပႆနာေတြကိုလည္း နည္းေစတာမို႔ ပံုမွန္စားသံုးေပးမယ္ဆိုရင္ အူမႀကီးကို ထိခိုက္ေစတဲ့ ေရာဂါေတြပါ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

မုန္လာဥနီေလး စားသံုးေပးတာဟာ ကင္ဆာေရာဂါေတြ ေလ်ာ့က်ေစဖို႔လည္း ကူညီေပးပါတယ္။ အထူးသျဖင့္ေတာ့ အဆုတ္ကင္ဆာကို ေလ်ာ့က်ေစတာပါ။ ေန႔တိုင္း ပံုမွန္ မုန္လာဥနီ စားေပးမယ္ဆုိရင္ ကင္ဆာေရာဂါ (၄၀%) ေလာက္ ေလွ်ာ့က်ေစႏိုင္ပါတယ္။

မုန္လာဥနီမွာ ဗီတာမင္ စီ ပါဝင္တာေၾကာင့္ အသားအေရ ၾကည္လင္ေတာက္ပေစပါတယ္။ Mask အျဖစ္လည္း မ်က္ႏွာမွာ ကပ္တာမ်ိဳး လုပ္ႏိုင္ပါတယ္။ မုန္လာဥနီမွာ ဗီတာမင္ ေအလည္း ပါဝင္ၿပီးေတာ့ အေရျပားေပၚမွာ ပ်က္စီးသြားတဲ့ တစ္ရွဴးေတြ ျပန္လည္ ျဖစ္တည္လာဖို႔ အေထာက္အကူ ျပဳပါတယ္။ ေနာက္တစ္ခုကေတာ့ ေနေရာင္ျခည္ အထိလြန္တာေၾကာင့္ ျဖစ္တတ္တဲ့ အသားအေရ ျပႆနာေတြကိုလည္း ေလ်ာ့ခ်ေပးတာပါ။ ဓါတ္တိုးဆန္႔က်င္မႈေတြ ပါဝင္တာေၾကာင့္ အရြယ္မတိုင္ခင္မွာ အိုမင္းရင့္ေရာ္တာေတြ မျဖစ္ေစဖို႔လည္း အေထာက္အကူ ျပဳပါတယ္။

အသားအေရေျခာက္ေသြ႔တာေၾကာင့္ မုန္လာဥနီနဲ႔ ေပါင္းတင္ခ်င္တယ္ဆိုရင္ေတာ့-

မုန္လာဥနီကို လက္ဖက္စားဇြန္း ႏွစ္ဇြန္းစာေလာက္ရေလာက္ ႀကိတ္ေခ်လိုက္ပါ။ ၿပီးရင္ ပ်ားရည္၊ ႏြားႏို႔ ဒါမွမဟုတ္ သံလြင္ဆီ တစ္စက္ ႏွစ္စက္ေလာက္နဲ႔ ေရာပါ။ ေနာက္ေတာ့မ်က္ႏွာမွာ လိမ္းထားလိုက္ပါ။ ေျခာက္သြားမွ ေရေအးနဲ႔ မ်က္ႏွာသစ္ပါ။ ပံုမွန္ေလး ျပဳလုပ္ေပးရင္ စိုေျပတဲ့ အသားအေရေလး ရရွိမွာပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။
မုန်လာဥနီမှာ ပါဝင်တဲ့ အာဟာရဓါတ်များ

မုန်လာဥနီမှာ  အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ အသီးအရွက်တွေထဲမှာ မုန်လာဥနီက ထိပ်ဆုံးက ပါဝင်ကြောင်း ဆိုထားပါတယ်။

မုန်လာဥနီမှာ ပိုတက်စီယမ် များများစားစား ပါဝင်ခြင်းဟာ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြော တင်းမာမှုတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်တလျောက် သွေးစီးဆင်းမှုကိုလည်း တိုးတက်စေပါတယ်။ ဒီလိုမျိုး သွေးလည်ပတ်မှု ကောင်းမွန်တာကြောင့် ရုတ်တရက် လေဖြန်းတာနဲ့ လေဖြတ်တာတွေ မဖြစ်စေနိုင်ပါဘူး။

ခန္ဓာကိုယ် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင်တော့ မုန်လာဥနီ များများ စားဖို့ အကြံပြုပါရစေ။ မုန်လာဥနီမှာ ဘက်တီးရီးယားတွေကို ခုခံတွန်းလှန်ဓါတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအား မြင့်စေတာပါ။ ဒါဟာ ဗီတာမင် စီလိုပဲ ဖျားနာတာတွေ မဖြစ်ဖို့ အထောက်အကူပြုပါတယ်။ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးတာကြောင့် ခန္ဓာကိုယ် ကိုယ်ခံအား တက်စေတာပါ။

မုန်လာဥနီ စားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာအတွက် အထူးလိုအပ်တဲ့ အမျှင်ဓါတ်တွေ ရှိနေတာကြောင့်ပါ။ ဝမ်းချုပ်ခြင်းလို ပြဿနာတွေကိုလည်း နည်းစေတာမို့ ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးကို ထိခိုက်စေတဲ့ ရောဂါတွေပါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မုန်လာဥနီလေး စားသုံးပေးတာဟာ ကင်ဆာရောဂါတွေ လျော့ကျစေဖို့လည်း ကူညီပေးပါတယ်။ အထူးသဖြင့်တော့ အဆုတ်ကင်ဆာကို လျော့ကျစေတာပါ။ နေ့တိုင်း ပုံမှန် မုန်လာဥနီ စားပေးမယ်ဆိုရင် ကင်ဆာရောဂါ (၄၀%) လောက် လျှော့ကျစေနိုင်ပါတယ်။

မုန်လာဥနီမှာ ဗီတာမင် စီ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ Mask အဖြစ်လည်း မျက်နှာမှာ ကပ်တာမျိုး လုပ်နိုင်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင် အေလည်း ပါဝင်ပြီးတော့ အရေပြားပေါ်မှာ ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပြန်လည် ဖြစ်တည်လာဖို့ အထောက်အကူ ပြုပါတယ်။ နောက်တစ်ခုကတော့ နေရောင်ခြည် အထိလွန်တာကြောင့် ဖြစ်တတ်တဲ့ အသားအရေ ပြဿနာတွေကိုလည်း လျော့ချပေးတာပါ။ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပြုပါတယ်။

အသားအရေခြောက်သွေ့တာကြောင့် မုန်လာဥနီနဲ့ ပေါင်းတင်ချင်တယ်ဆိုရင်တော့-

မုန်လာဥနီကို လက်ဖက်စားဇွန်း နှစ်ဇွန်းစာလောက်ရလောက် ကြိတ်ချေလိုက်ပါ။ ပြီးရင် ပျားရည်၊ နွားနို့ ဒါမှမဟုတ် သံလွင်ဆီ တစ်စက် နှစ်စက်လောက်နဲ့ ရောပါ။ နောက်တော့မျက်နှာမှာ လိမ်းထားလိုက်ပါ။ ခြောက်သွားမှ ရေအေးနဲ့ မျက်နှာသစ်ပါ။ ပုံမှန်လေး ပြုလုပ်ပေးရင် စိုပြေတဲ့ အသားအရေလေး ရရှိမှာပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top