iMyanmarHouse.com - Best Property Website for Myanmar
×
ဖေါ်စပ်နည်း
အသုံးပြုနည်း
Credit : မြ၀တီ
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက်နေသော ကိုကို မမ ဦးဦး ဒေါ်ဒေါ်များအတွက် လက်တွေ့ (၇) ရက်အတွင်း ဗိုက်ချပ်ပြီး အဆီကျစေတဲ့ ဆေးနည်း...
မိန်းကလေးပဲဖြစ်ဖြစ် ယောကျာၤးလေးပဲဖြစ်ဖြစ် အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ။ ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီးအဆီများနေသူတွေအတွက် လက်တွေ့ (၇) ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီးအဆီကျစေတဲ့ ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်။ ဆေးနည်းကအလွန်လွယ်ပြီး အကုန်အကျလည်းအလွန် သက်သာပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီးအသုံးပြုရမှာပါ။
ပါဝင်တဲ့ပစ္စည်းတွေကတော့ သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ ရောစပ်ပြီးလိမ်းပေးရမှာပါ။
ဖေါ်စပ်နည်း
သံပုရာသီးတစ်လုံးရဲ့ ၅ ပုံတစ်ပုံလောက်ကို လှီးပြီး အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ။ အကြမ်းပုဂံလုံးထဲသို့ အုံးဆီသုံးလေးစက်လောက်ထည့်ပေးပါ။ ထို့နောက် ဂဠုန်ရာဇာ၊ မိဂသီ၊ ရှမ်းရိုးမ၊ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး မွှေပေးပါ၊
အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း ဆေးကိုရင်ခေါင်းမှ ဝမ်းဗိုက်သို့အထက်မှ အောက်သို့ ဆွဲချပြီးအသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။ ခါးတွင်အဆီရှိပါက ခါးမှချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်။ တစ်ပါတ်အတွင်း သိသာစွာ ဗိုက်ချပ်လာသည်ကို လက်တွေ့ တွေ့မြင်ခံစားရမှာပါ။
မှတ်ချက် - ညစာကို ပုံမှန်ထက်လျော့စားပေးရင် ပိုပြီးသိသိသာသာဗိုက်ချပ်စေပါတယ်။ တစ်ပါတ်အတွင်း သိသိသာသာအဆီနှင့် အခေါက်များလျော့ကျသွားမှာဖြစ်ပါတယ်။
Credit : မြဝတီ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top