iMyanmarHouse.com - Best Property Website for Myanmar
×

အခုေနာက္ပိုင္းမွာေတာ့ Tee Tree Oil ကို မိန္းကေလးေတာ္ေတာ္မ်ားမ်ား သံုးစဲြလာတာေတြ႔ရပါတယ္။ Tea Tree Oil ရဲ႕အဓိကအားသာခ်က္ကေတာ့ ၀က္ၿခံသမားေတြအတြက္ အရမ္းေကာင္းတာပါပဲ။ သူက အဆီျပန္တာကိုသက္သာေစၿပီး ၀က္ၿခံေတြဆိုလည္း ေျခာက္သြားေစပါတယ္။ ဒါ့အျပင္တျခားအာသာခ်က္ေတြနဲ႔ အလွအပေရးရာေတာ္ေတာ္မ်ားမ်ားမွာ အသံုး၀င္ေနတဲ့အခ်က္ေလးေတြလည္း ရွိပါေသးတယ္။

၀က္ၿခံ

၀က္ၿခံထြက္လို႔စိတ္ညစ္ေနတဲ့ ပ်ိဳေမတို႔အေနနဲ႔ Tea Tree Oil ကို ဂြမ္းတံေလးနဲ႔ယူၿပီး ၀က္ၿခံထြက္ေနတဲ့ေနရာေလးေတြမွာ သုတ္လိမ္းေပးပါ။ တစ္ပတ္မျပည့္ခင္မွာပဲ ၀က္ၿခံေတြ သက္သာေပ်ာက္ကင္းသြားတာကို ေတြ႔ရမွာပါ။

Moisturizer

Moisturizer ကုန္ေနတဲ့အခါနဲ႔ မရွိတဲ့အခါမ်ိဳးမွာဆို Tea Tree Oil ကို Moisturizer အျဖစ္နဲ႔ အသံုးျပဳႏိုင္ပါတယ္။ အသံုးျပဳရမယ့္ပံုစံကေတာ့ ပန္းကန္ထဲကို ပန္းသီးရွာလကာရည္ – လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ ေရ – လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ Tea Tree Oil – အနည္းငယ္တို႔ကို ေရာေမႊလိုက္ပါ။ ၿပီးမွ ဂြမ္းဖတ္ေလးနဲ႔ယူၿပီး မ်က္ႏွာမွာသုတ္လိမ္းေပးရံုပါပဲ။

Makeup Brush Spray

Tea Tree Oil ကို Makeup brush ေလးေတြသန္႔စင္တဲ့ Spray အျဖစ္နဲ႔လည္း အသံုးျပဳလို႔ရပါတယ္။ Spray ဘူးအလြတ္ေလးထဲကို ေရနဲ႔ Alcohol အနည္းငယ္ထည့္ၿပီး Tee Tree Oil ကို ၁၀ စက္ထည့္ေပးပါ။ ဘူးကိုလႈပ္ယမ္းၿပီး Makeup Brush ေတြကို သန္႔စင္ေပးလိုက္မယ္ဆိုရင္ေတာ့ Makeup Brush ေတြက အၿမဲသန္႔စင္ေနမွာပါ။

ေဗာက္ေပ်ာက္ေစဖို႔

ေခါင္းမွာေဗာက္ေတြထေနၿပီဆိုရင္ေတာ့ ပန္းကန္လံုးထဲကို ေခါင္းလိမ္းဆီ – စားပဲြတင္ဇြန္းတစ္ဇြန္းနဲ႔ Tea Tree Oil – ၅ စက္ခ်ၿပီး ေရာေမႊလိုက္ပါ။ ၿပီးတာနဲ႔ ဦးေရျပားအႏွ႔ံေသခ်ာေလး ႏွိပ္နယ္ၿပီးလိမ္းေပးမယ္ဆိုရင္ ေဗာက္ေတြကခ်က္ခ်င္းပဲ သက္သာေပ်ာက္ကင္းသြားမွာပါ။

ေခြ်းနံ႔ေပ်ာက္ေဆး

အံ့ၾသစရာေကာင္းေလာက္ေအာင္ပဲ Tea Tree Oil ဟာ ေခၽြးနံ႔ေပ်ာက္ေဆးအေနနဲ႔လည္း အသံုးျပဳလို႔ရပါေသးတယ္။ လုပ္ရမွာကေတာ့ ပန္းကန္လံုးထဲကို အုန္းဆီ – အနည္းငယ္၊ မုန္႔ဖုတ္ဆိုဒါ – အနည္းငယ္နဲ႔ Tea Tree Oil – ၂ စက္ (သို႔) ၃ စက္ေလာက္ ထည့္ေမႊၿပီး ဂ်ိဳင္းမွာအသာေလးပြတ္လိမ္းေပးလိုက္ပါ။ ဒီလိုေလးပံုမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ ဂ်ိဳင္းေခၽြးန႔ံနဲ႔ ေခၽြးနံ႔ဆိုးေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုနောက်ပိုင်းမှာတော့ Tee Tree Oil ကို မိန်းကလေးတော်တော်များများ သုံးစွဲလာတာတွေ့ရပါတယ်။ Tea Tree Oil ရဲ့အဓိကအားသာချက်ကတော့ ဝက်ခြံသမားတွေအတွက် အရမ်းကောင်းတာပါပဲ။ သူက အဆီပြန်တာကိုသက်သာစေပြီး ဝက်ခြံတွေဆိုလည်း ခြောက်သွားစေပါတယ်။ ဒါ့အပြင်တခြားအာသာချက်တွေနဲ့ အလှအပရေးရာတော်တော်များများမှာ အသုံးဝင်နေတဲ့အချက်လေးတွေလည်း ရှိပါသေးတယ်။

ဝက်ခြံ

ဝက်ခြံထွက်လို့စိတ်ညစ်နေတဲ့ ပျိုမေတို့အနေနဲ့ Tea Tree Oil ကို ဂွမ်းတံလေးနဲ့ယူပြီး ဝက်ခြံထွက်နေတဲ့နေရာလေးတွေမှာ သုတ်လိမ်းပေးပါ။ တစ်ပတ်မပြည့်ခင်မှာပဲ ဝက်ခြံတွေ သက်သာပျောက်ကင်းသွားတာကို တွေ့ရမှာပါ။

Moisturizer

Moisturizer ကုန်နေတဲ့အခါနဲ့ မရှိတဲ့အခါမျိုးမှာဆို Tea Tree Oil ကို Moisturizer အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရမယ့်ပုံစံကတော့ ပန်းကန်ထဲကို ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေ – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ Tea Tree Oil – အနည်းငယ်တို့ကို ရောမွှေလိုက်ပါ။ ပြီးမှ ဂွမ်းဖတ်လေးနဲ့ယူပြီး မျက်နှာမှာသုတ်လိမ်းပေးရုံပါပဲ။

Makeup Brush Spray

Tea Tree Oil ကို Makeup brush လေးတွေသန့်စင်တဲ့ Spray အဖြစ်နဲ့လည်း အသုံးပြုလို့ရပါတယ်။ Spray ဘူးအလွတ်လေးထဲကို ရေနဲ့ Alcohol အနည်းငယ်ထည့်ပြီး Tee Tree Oil ကို ၁၀ စက်ထည့်ပေးပါ။ ဘူးကိုလှုပ်ယမ်းပြီး Makeup Brush တွေကို သန့်စင်ပေးလိုက်မယ်ဆိုရင်တော့ Makeup Brush တွေက အမြဲသန့်စင်နေမှာပါ။

ဗောက်ပျောက်စေဖို့

ခေါင်းမှာဗောက်တွေထနေပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါင်းလိမ်းဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ Tea Tree Oil – ၅ စက်ချပြီး ရောမွှေလိုက်ပါ။ ပြီးတာနဲ့ ဦးရေပြားအနှံ့သေချာလေး နှိပ်နယ်ပြီးလိမ်းပေးမယ်ဆိုရင် ဗောက်တွေကချက်ချင်းပဲ သက်သာပျောက်ကင်းသွားမှာပါ။

ချွေးနံ့ပျောက်ဆေး

အံ့သြစရာကောင်းလောက်အောင်ပဲ Tea Tree Oil ဟာ ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ လုပ်ရမှာကတော့ ပန်းကန်လုံးထဲကို အုန်းဆီ – အနည်းငယ်၊ မုန့်ဖုတ်ဆိုဒါ – အနည်းငယ်နဲ့ Tea Tree Oil – ၂ စက် (သို့) ၃ စက်လောက် ထည့်မွှေပြီး ဂျိုင်းမှာအသာလေးပွတ်လိမ်းပေးလိုက်ပါ။ ဒီလိုလေးပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဂျိုင်းချွေးနံ့နဲ့ ချွေးနံ့ဆိုးတွေကို သက်သာပျောက်ကင်းစေပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top