iMyanmarHouse.com - Best Property Website for Myanmar
×

Snare အဖြဲ႕ဝင္ အဆိုေတာ္ေနဝင္း ဟာ ခ်စ္သူသက္တမ္း ၉ ႏွစ္အၾကာမွာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ ၂၀၁၈ ခုႏွစ္ထဲမွာ လက္ထပ္ပြဲက်င္းပေတာ့မယ္လို႔ မီဒီယာေတြကေနတဆင့္ အသိေပးလိုက္ပါၿပီ။

” ကြၽန္ေတာ္တို႔ ရည္႐ြယ္ထားတာေတာ့ ဒီႏွစ္ထဲမွာပါပဲ။ ေနာက္က်ခဲ့ရင္ေတာ့ ေရွ႕ႏွစ္ေပါ့ ဒီေလာက္ပါပဲ အဲ့ေလာက္ထိေတာ့ ေနာက္က်ဖို႔ မရွိပါဘူး။ ကြၽန္ေတာ္ နာမည္မႀကီးခင္ကတည္းက သူနဲ႔ႀကိဳက္တာ။ နာမည္ႀကီးလာေတာ့လည္း ကြၽန္ေတာ့္အလုပ္ေတြ သူဝိုင္းကူလုပ္ေပးသလို သူ႔အလုပ္ေတြကိုလည္း ကြၽန္ေတာ္ဝိုင္းကူေပးတယ္။ သူ႔ကို ေ႐ြးခ်ယ္ခဲ့တာကလည္း ခ်စ္လို႔ပဲေပါ့” လို႔

ဆိုပါတယ္။

မဂၤလာေန႔ရက္ေတြကိုေတာ့ ေသခ်ာေလး သတ္မွတ္ၿပီးရင္ ျပန္ေျပာမယ္လို႔ ဆိုပါတယ္။

” မဂၤလာပြဲကေတာ့ ကြၽန္ေတာ္တို႔ စီစဥ္ေနတုန္းပါပဲ။ မေသခ်ာေသးပါဘူး ေတာ္ၾကာ Date ေတြဘာေတြ ေျပာလိုက္ၿပီးေတာ့မွ လြဲေခ်ာ္သြားခဲ့ရင္ မေကာင္းဘူး။ တစ္ခုခု အဆင္မေျပျဖစ္သြားရင္ မေကာင္းဘူး။ အဲ့ဒါေၾကာင့္ ေသေသခ်ာခ်ာေလး လုပ္ၿပီးရင္ Confim ျဖစ္သြားရင္ ကြၽန္ေတာ္ေျပာမွာပါ” လို႔ ဆိုပါတယ္။

ေနဝင္းရဲ႕ အခ်စ္ေရးကေတာ့ ေအးေအးေဆးေဆးပါပဲ။ ေနဝင္းကိုယ္တိုင္ကလည္း O.M.G Fashion Brand ေတြ ထုတ္လုပ္ေနတာ ျဖစ္သလို၊ ခ်စ္သူေကာင္မေလးကလည္း မိန္းကေလးအလွအပနဲ႔ ပတ္သက္တဲ့ Fashion ေတြ ထုတ္ေနတယ္လို႔ သိရပါတယ္။ ကိုယ္ပိုင္စီးပြားေရးကိုယ္စီလည္း ဦးေဆာင္ေနရသလို အႏုပညာအလုပ္ေတြကိုလည္း ခ်စ္သူေကာင္မေလးက ကူညီေပးတာေၾကာင့္ ေနဝင္း ကေတ့ာ ခ်စ္သူရ ကံေကာင္းသူပါပဲ။

Photo:ေနဝင္းေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Snare အဖွဲ့ဝင် အဆိုတော်နေဝင်း ဟာ ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ လက်ထပ်ပွဲကျင်းပတော့မယ်လို့ မီဒီယာတွေကနေတဆင့် အသိပေးလိုက်ပါပြီ။

” ကျွန်တော်တို့ ရည်ရွယ်ထားတာတော့ ဒီနှစ်ထဲမှာပါပဲ။ နောက်ကျခဲ့ရင်တော့ ရှေ့နှစ်ပေါ့ ဒီလောက်ပါပဲ အဲ့လောက်ထိတော့ နောက်ကျဖို့ မရှိပါဘူး။ ကျွန်တော် နာမည်မကြီးခင်ကတည်းက သူနဲ့ကြိုက်တာ။ နာမည်ကြီးလာတော့လည်း ကျွန်တော့်အလုပ်တွေ သူဝိုင်းကူလုပ်ပေးသလို သူ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူပေးတယ်။ သူ့ကို ရွေးချယ်ခဲ့တာကလည်း ချစ်လို့ပဲပေါ့” လို့

ဆိုပါတယ်။

မင်္ဂလာနေ့ရက်တွေကိုတော့ သေချာလေး သတ်မှတ်ပြီးရင် ပြန်ပြောမယ်လို့ ဆိုပါတယ်။

” မင်္ဂလာပွဲကတော့ ကျွန်တော်တို့ စီစဉ်နေတုန်းပါပဲ။ မသေချာသေးပါဘူး တော်ကြာ Date တွေဘာတွေ ပြောလိုက်ပြီးတော့မှ လွဲချော်သွားခဲ့ရင် မကောင်းဘူး။ တစ်ခုခု အဆင်မပြေဖြစ်သွားရင် မကောင်းဘူး။ အဲ့ဒါကြောင့် သေသေချာချာလေး လုပ်ပြီးရင် Confim ဖြစ်သွားရင် ကျွန်တော်ပြောမှာပါ” လို့ ဆိုပါတယ်။

နေဝင်းရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ နေဝင်းကိုယ်တိုင်ကလည်း O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေးကိုယ်စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် နေဝင်း ကတေ့ာ ချစ်သူရ ကံကောင်းသူပါပဲ။

Photo:နေဝင်းဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top