iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာႏိုင္ငံ ရုပ္ရွင္အစည္းအရံုးကေန အစည္းအရံုးဝင္ ႏြမ္းပါးတဲ့ ရုပ္ရွင္ဗီဒီယိုေလာကသားမ်ားအတြက္ သႀကၤန္ကာလ အတြင္း စားသံုးႏိုင္ဖို႕အတြက္ လိုအပ္တာေတြကို လွဴဒါန္းခဲ့ပါတယ္။ အဲ့ဒီလွဴဒါန္းမႈကို ဒီေန႕(ဧၿပီ၄ရက္)မနက္(၁၀)နာရီက ျမန္မာႏုိင္ငံ ရုပ္ရွင္အစည္းအရံုးမွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။

ရုပ္ရွင္နဲ႕ ဗီဒိယိုေလာကသာမ်ားအတြက္ တစ္ဦးကို ဆန္ငါးျပည္၊ ဆီတစ္လီတာတစ္ပုလင္း၊ ေခါက္ဆြဲေျခာက္ ၊ငါးေသတၱာ၊ တိုု႕ကို လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။ ယခုအလွဴသည္ ျမန္မာႏိုင္ငံ ရုပ္ရွင္အစည္းအရံုးဝင္ေတြထဲက တက္ႏုိင္သူမ်ားက မတက္ႏုိင္သူမ်ားကို ကူညီျခင္းျဖစ္တယ္လို႕လည္းသိရပါတယ္။ဆန္၊ ဆီ၊ ငါးေသတၱာ ေခါက္ဆြဲမ်ား လွဴဒါန္းခဲ့ပါတယ္။

“သႀကၤန္အတြင္းမွာက အျခားထုတ္လုပ္ေရးေတြ ရိုက္ကူးေရးေတြ နားတာေတြ ရွိတယ္။ အဲ့ဒီအခ်ိန္မွာ ေန႕စားေတြအတြက္ အခက္အခဲရွိတယ္။ အဲ့ဒီအခက္အခဲေတြကို အဆင္ေျပေအာင္ဆိုၿပိးေတာ့ ဒီအစီအစဥ္ေလးက လုုပ္ေပးတာပါ”လို႕ ျမန္မာႏုိုင္ငံရုပ္ရွင္အစည္းအရံုးဒုဥကၠဌ ဦးေအးၾကဴေလးက ဆုိပါတယ္။

ဒီေန႕လွဴဒါန္းမႈမွာ ရုပ္ရွင္နဲ႕ဗီဒီယိုေလာကသားေတြထဲက လူ(၈၀၀)ေက်ာ္ကို ဆန္အိတ္ ၈၀၀၊ ဆီပုလင္း၈၀၀နဲ႕ အျခားလိုအပ္သည္မ်ားကို ေပးအပ္လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ သႀကၤန္ကာလအတြင္း စားသံုးႏိုင္ဖို႕အတြက္ အလွဴေငြ ေကာက္ခံခဲ့ရမွာ သိန္း(၆၀)ေလာက္ရရွိခဲ့တယ္လို႕လညး္ သိရပါတယ္။

ယခုလိုလွဴဒါန္းမႈဟာ ျမန္မာႏုိုင္ငံ ရုပ္ရွင္အစည္းအရံုးမွ ႏွစ္တိုင္းဆိုသလို ျပဳလုပ္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

Photo : ဝင္းနီေအာင္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အစည်းအရုံးဝင် နွမ်းပါးတဲ့ ရုပ်ရှင်ဗီဒီယိုလောကသားများအတွက် သင်္ကြန်ကာလ အတွင်း စားသုံးနိုင်ဖို့အတွက် လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီလှူဒါန်းမှုကို ဒီနေ့(ဧပြီ၄ရက်)မနက်(၁၀)နာရီက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒိယိုလောကသာများအတွက် တစ်ဦးကို ဆန်ငါးပြည်၊ ဆီတစ်လီတာတစ်ပုလင်း၊ ခေါက်ဆွဲခြောက် ၊ငါးသေတ္တာ၊ တိုု့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ယခုအလှူသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်တွေထဲက တက်နိုင်သူများက မတက်နိုင်သူများကို ကူညီခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ဆန်၊ ဆီ၊ ငါးသေတ္တာ ခေါက်ဆွဲများ လှူဒါန်းခဲ့ပါတယ်။

“သင်္ကြန်အတွင်းမှာက အခြားထုတ်လုပ်ရေးတွေ ရိုက်ကူးရေးတွေ နားတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ နေ့စားတွေအတွက် အခက်အခဲရှိတယ်။ အဲ့ဒီအခက်အခဲတွေကို အဆင်ပြေအောင်ဆိုပြိးတော့ ဒီအစီအစဉ်လေးက လုုပ်ပေးတာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဌ ဦးအေးကြူလေးက ဆိုပါတယ်။

ဒီနေ့လှူဒါန်းမှုမှာ ရုပ်ရှင်နဲ့ဗီဒီယိုလောကသားတွေထဲက လူ(၈၀၀)ကျော်ကို ဆန်အိတ် ၈၀၀၊ ဆီပုလင်း၈၀၀နဲ့ အခြားလိုအပ်သည်များကို ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း စားသုံးနိုင်ဖို့အတွက် အလှူငွေ ကောက်ခံခဲ့ရမှာ သိန်း(၆၀)လောက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ယခုလိုလှူဒါန်းမှုဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နှစ်တိုင်းဆိုသလို ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo : ဝင်းနီအောင်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top