iMyanmarHouse.com - Best Property Website for Myanmar
×

ေလေၾကာင္းဝန္ထမ္းတစ္ဦးကို လူအမ်ားက လွပေသသပ္စြာ ဝတ္ဆင္ထားသည္ဟုသာ ျမင္ၾကျပီး အားက်ၾကသည္။ တကယ္ေတာ့ ကြ်န္မတို႔ဘဝတြင္ လူေတြမျမင္ႏိုင္ေသာ အခက္အခဲမ်ားလည္း ရွိတတ္ေသးသည္။ အခ်ိန္ပိုအလုပ္ေတြ လုပ္ျပီး အနားယူ မအိပ္စက္ရသည့္အျပင္ ေလယာဥ္ေပၚတြင္ တင္ေဆာင္လာသည့္ ခရီသည္ေပါင္း ရာေက်ာ္အတြက္ အစားအစာမ်ား ျပင္ဆင္ေပးရသလို အခြန္မဲ့ပစၥည္းမ်ားလည္း ေရာင္းခ်ရေသးသည္။

ကြ်န္မတို႔ဘဝကို ေသခ်ာခံစားၾကည့္လွ်င္ လူႏွစ္ေယာက္စာ အလုပ္လုပ္ေနရသည္ဟု ထင္ရသည္။ တစ္ခါတရံ စိတ္ပမ္းကိုယ္ႏြမ္းၿပီး ငိုခ်င္ေသာ္လည္း မ်က္ရည္ကမထြက္။

“ကိုယ္ဟာ ဝန္ထမ္းတစ္ေယာက္၊ ဒီတစ္ရက္ေလးကို သည္းခံမႈေတြနဲ႔သာ ကုန္ဆံုးပါေစေလ” ဟု ကိုယ့္ကိုယ္ကို အျမဲေျပာဆိုဆံုးမျဖစ္သည္။ ကိုယ့္ကိုယ္ကို ဘယ္လိုပင္ ဆံုးမေသာ္လည္း တစ္ခါတရံ စိတ္၏ဆံုးမမႈမ်ားကို ဦးေႏွာက္က လက္မခံေသာအခါ မ်က္ႏွာေပၚတြင္ အျပံဳးတုေတြ ဆင္ျမန္းျပီး စိတ္မၾကည္လင္စြာ ႐ွိေနတတ္သည္။

တစ္ခါက ေလယာဥ္ေပၚတြင္ ကြ်န္မ၏အေကာင္းဆံုး လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ဝမ္းတြင္း႐ူးေရာဂါ စဲြကပ္ေနေသာ အဘိုးအိုတစ္ဦးအား မည္သို႔ျပဳစုလိုက္သည္ကို မ်က္ျမင္ကိုယ္ေတြ႔ ၾကံဳလိုက္မွ ကြ်န္မကိုယ္ကြ်န္မ ဘယ္ေလာက္ျပဳျပင္ေျပာင္းလဲဖို႔လိုေၾကာင္း သခၤန္းစာ ေကာင္းေကာင္းရလိုက္သည္။

“စင္ကာပူ-နယူးေယာက္” ေလေၾကာင္းလိုင္း တစ္ခုတြင္ျဖစ္သည္။

ေလယာဥ္တက္ျပီး သိပ္မၾကာပါ။ အဘိုးအိုတစ္ဦး အေပါ့အပါးသြားခ်င္လာသည္။ အၾကင္နာတရား ကင္းမဲ့ေသာ သူ႔အိမ္သားမ်ားက အဘိုးအိုကိုယ္တိုင္ အိမ္သာသို႔ သြားေစခဲ့သည္။ သနားစရာအဘိုးအိုမွာ ေလယာဥ္ေနာက္ပိုင္းတြင္႐ွိေသာ အိမ္သာသို႔ တစ္ေယာက္တည္း ေျဖးေျဖးခ်င္း ေလွ်ာက္သြားခဲ့သည္။ သို႔ေသာ္ အိမ္သာကထြက္လာျပီးမွ မိမိထိုင္ခံုေနရာကို မမွတ္မိဘဲ ျဖစ္ေနခဲ့သည္။ (၈ဝ)ဆိုသည့္ မိမိအသက္ကိုမွ သတိမထားမိေတာ့ဘဲ ေခ်ာက္ခ်ားစြာ လူသြားစၾကၤန္တြင္ ထိုင္ငိုေတာ့သည္။ ေလယာဥ္ဝန္ထမ္းမ်ား ေရာက္လာမွ သူ႔ကိုယ္ေပၚတြင္ အညစ္အေၾကးမ်ား ေပေနသည္ကို သတိထားမိသည္။ သူအသံုးျပဳခဲ့ေသာ အိမ္သာမွာလည္း လူျမင္မေကာင္းေအာင္ ညစ္ေပေနသည္။

အဘိုးအိုကို ဝန္ထမ္းမ်ားက ထိုင္ခံုသို႔ ျပန္ပို႔ေပးခဲ့သည္။ သို႔ေသာ္ သူ႔ကိုယ္ေပၚ႐ွိ အညစ္အေၾကး အနံ႔ဆိုးမ်ားက ေဘးမွခရီးသည္မ်ားကို အေႏွာင့္အယွက္ျဖစ္ေစခဲ့သည္။ အဘိုးအိုအား အဝတ္လဲေပးရန္ အိမ္သားမ်ားကို ေတာင္းဆိုခဲ့ေသာ္လည္း အဝတ္ေသတၱာမွာ ေလယာဥ္ဂိုေဒါင္ထဲ ေရာက္ေနျပီျဖစ္ေၾကာင္း၊ ယေန႔ေလယာဥ္မွာ ခရီးသည္အျပည့္တင္ေဆာင္ထားျခင္း မ႐ွိသည့္အတြက္ အဘိုးအိုအား လြတ္ေနေသာ ေနာက္ဆံုးေနရာတြင္ ထိုင္ခိုင္းေစရန္ အိမ္သားမ်ားက ေတာင္းဆိုခဲ့သည္။ အမွန္တကယ္လည္း ေနရာလြတ္မ်ား ရွိေနေသာေၾကာင့္ အိမ္သားမ်ား၏ ေတာင္းဆိုမႈကို လိုက္ေလ်ာခဲ့ရသည္။ ညစ္ေပေနေသာ အိမ္သာကိုလည္း ေသာ့ခတ္ထားလိုက္ၾကသည္။

အဘိုးအိုမွာ ေနာက္ဆံုးခံုတြင္ တစ္ေယာက္တည္း ေခါင္းငံု႔ထိုင္လွ်က္ ဝန္ထမ္းမ်ားခ်ေပးေသာ အစားအေသာက္မ်ားကို မ်က္ေတာင္မခတ္တမ္းၾကည့္ရင္း မ်က္ရည္က်ေနသည္။ သုိ႔ေသာ္ တစ္နာရီအၾကာ မည္သူမွ် သတိမထားမိလိုက္ခ်ိန္တြင္ အဘိုးအိုမွာ သန္႔ရွင္းေသာ အဝတ္အစားမ်ား ဝတ္ကာ မိမိနဂိုေနရာတြင္ ျပံဳးရယ္စြာထိုင္ေနျပီး အေငြ႔တစ္ေထာင္းေထာင္းထေနေသာ အစာမ်ား စားေသာက္ေနသည္ကို ေတြ႔လိုက္ရသည္။

လူအမ်ားက တအံ့တၾသႏွင့္ အျဖစ္အပ်က္ကို သိခ်င္ေနၾကသည္။ အေၾကာင္းရင္းမွာ ကြ်န္မ၏လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းက သူမ၏ထမင္းစားခ်ိန္ကို အသံုးခ်ျပီး အဘိုးအိုအား အဝတ္စိုမ်ားျဖင့္ သန္႔စင္ေပးခဲ့သည္။ ေလယာဥ္မွဴးထံ အဝတ္တစ္စံုငွားျပီး အဘိုးအိုအား လဲေပးလိုက္ျခင္းျဖစ္သည္။ ေသာ့ခတ္ထားေသာ အိမ္သာကိုလည္း သန္႔စင္ျပီး သူမအျမဲသံုးေနက် ေရေမႊးျဖင့္ ပက္ျဖန္းထားလိုက္သည္။

ဝန္ထမ္းတခ်ဳိ႔က သူမအား တံုး,အသည္ဟု ေလွာင္ေျပာင္ပ်က္ရယ္ျပဳၾကသည္။ သူမ၏ ကူညီမႈကို လူမ်ားက အသိအမွတ္ျပဳမွာ မဟုတ္ေၾကာင္း၊ မွတ္မိၾကမွာ မဟုတ္ေၾကာင္းေျပာသည္။

“ပံ်သန္းခ်ိန္ ၁ဝနာရီေတာင္ က်န္ေသးတယ္။ တကယ္လို႔ ကြ်န္မသာ အဲဒီအဘိုးအို ေနရာမွာဆိုရင္ ညစ္ပတ္တဲ့ အဝတ္အစားနဲ႔ အေနရာခက္လိမ့္မယ္။ ခရီးအစမွာ ဒီလိုျဖစ္လိမ့္မယ္လို႔ ဘယ္သူေမွ်ာ္လင့္မလဲ? ေနာက္ျပီး လူ၃ဝႏႈန္းနဲ႔ အိမ္သာတစ္လံုးကို သံုးၾကရတယ္။ အိမ္သာတစ္လံုးေလွ်ာ့သြားတာနဲ႔ ပိုအခက္အခဲ ျဖစ္ၾကလိမ့္မယ္။ ဒါေၾကာင့္ ကြ်န္မကူညီလိုက္တာပါ။ ဒါလည္း ကြ်န္မတို႔ ဝန္ထမ္းေတြရဲ႕ ဝန္ေဆာင္မႈတစ္ခုပဲ မဟုတ္လား?” လို႔ ခပ္ေပါ့ေပါ့ေလး သူျပန္ေျပာခဲ့သည္။

သူမစကားကို ၾကားျပီး အလုပ္အေပၚ ကြ်န္မအေလးမထားမိခဲ့သည္မ်ားကို ျပန္စဥ္းစားၾကည့္ရင္း ကိုယ့္ကိုယ္ ရွက္ရြံ႔မိသည္။ ယခင္က သူမေျပာခဲ့ေသာ စကားတစ္ခြန္းကို ကြ်န္မသတိရလိုက္မိသည္။

“ေရွးေရွးတုန္းက ကုသိုလ္အရဆံုးအလုပ္က ဘာလဲသိလား? လူေတြကို ေနရာတစ္ေနရာကေန ေနာက္တစ္ေနရာကို အႏၱရာယ္ကင္းကင္းနဲ႔ ပို႔ေပးတဲ့ “ကူးတို႔” အလုပ္ပဲ။ သူတို႔သြားမယ့္ေနရာဟာ ဝမ္းသာတာေတြ၊ ဝမ္းနည္းတာေတြ ေစာင့္ေနပါေစ အႏၱရာယ္ကင္းကင္းနဲ႔ ေရာက္ေအာင္ ပို႔ေပးလိုက္မွ သူတို႔အတြက္ ေကာင္းေသာစတင္ျခင္းေတြ ျဖစ္လာမွာ။ ဒါေၾကာင့္ အခုလို ဒီဝန္ေဆာင္မႈေတြ လုပ္ခြင့္ရေနတာ အရမ္းကံေကာင္းတယ္လို႔ ဆိုရမွာပဲ။ ဒီကံေကာင္းျခင္းေတြကုိ တန္ဖိုးထား ျမတ္ႏုိးတတ္ရမယ္။ တစ္ျခားလူကို ေကာင္းတာေတြ မွ်ေဝတာဟာလည္း ေကာင္းမႈကုသိုလ္တစ္ခုပဲ မဟုတ္လား?”

ဝန္ေဆာင္မႈကို သာမန္အလုပ္ သေဘာျဖစ္သာ ကြ်န္မထင္ျမင္ေနခ်ိန္တြင္ သူမက ေကာင္းမႈကုသိုလ္တစ္ခုအျဖင့္ လူေတြ၏ ႏွလံုးသားထဲ ထိခိုက္နာက်င္မႈမရွိဘဲ ၾကိဳးစားပို႔ေဆာင္ေပးေနျပီျဖစ္သည္။

ရက္မ်ားမၾကာမီ ဘန္ေကာက္မွ စင္ကာပူသို႔ျပန္ေသာ ေလယာဥ္တစ္စီးေပၚတြင္ျဖစ္သည္။ ညစာစားခ်ိန္တြင္ အေမအိုတစ္ဦးသည္ သူ႔ကိုတည္ခင္းဧည့္ခံေသာ အစားအေသာက္မ်ားကို မစားဘဲ ထိုင္ေနသည္ကို ေတြ႔ရသည္။

“အစာႏွင့္ မတည့္လို႔လား? ေလယာဥ္မူးျပီး ေနထိုင္မေကာင္းလို႔လား အေမ” ဟု ကြ်န္မေမးလိုက္သည္။

အေမအိုမွာ ကြ်န္မကို အားနာစြာတစ္ခ်က္ၾကည့္ျပီး ေလသံတိုးတိုးျဖင့္…

“ဒါ အေမပထမဆံုးအၾကိမ္ ေလယာဥ္စီးဖူးတာပါ။ ဒီအစားအေသာက္ေတြကို အေမစားလိုက္ခ်င္ပါတယ္။ ဒါေပမယ့္ အေမ့ေျမးက ေလယာဥ္တစ္ခါမွ မစီးဖူးလို႔ ဒီအစားေတြယူျပီး အေမ့ေျမးေလးကို ေကြ်းခ်င္လို႔ပါ”

အေမ့စကားၾကားေတာ့ ကြ်န္မေႏြးေထြးစြာ ျပံဳးလိုက္မိသည္။

“ကိစၥမရွိဘူး အေမ.. အေမသံုးေဆာင္လိုက္ပါ။ ေနာက္မွ အေမ့ေျမးအတြက္ ကြ်န္မသပ္သပ္ ထည့္ေပးလိုက္မယ္” ကြ်န္မစကားကိုၾကားမွ အေမအိုမွာ ဝမ္းသာအားရ သူ႔အစာကို စားေတာ့သည္။ ေလယာဥ္ေနာက္ခန္းကိုေရာက္ေတာ့ ကြ်န္မအတြက္ခ်န္ထားေသာ အစားအစာမ်ားကို ေသခ်ာစြာ ထုပ္လိုက္မိသည္။

“ဒီေန႔ေလယာဥ္တစ္စီးလံုး အျပည့္ပဲ။ စားစရာ အပိုမက်န္ဘူး။ ဘာလို႔ ကိုယ့္ေဝစုကို ေပးလိုက္ရတာလဲ” လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက နားမလည္စြာေမးသည္။

“ကြ်န္မတို႔က လူငယ္ေတြေလ.. အဆာခံႏိုင္ေသးတယ္။ ေလယာဥ္ဆင္းမွ အိမ္ျပန္စားလို႔ရတယ္။ လူအိုေတြက အဆာမခံႏိုင္ၾကဘူး”

တကယ္တမ္း ကြ်န္မစိတ္တြင္ ေတြးမိသည္က အေမအိုမွာ ကြ်န္မဝန္ေဆာင္လိုက္ေသာ ခရီးသည္ ေထာင္ေပါင္းမ်ားစြာထဲက တစ္ဦးသာျဖစ္သည္။ အကယ္၍ အေမအိုသာ ေနာက္တစ္ၾကိမ္ ႏိုင္ငံျခားထြက္ခြင့္၊ ေလယာဥ္စီးခြင့္ မၾကံဳခဲ့လွ်င္ ယခုအၾကိမ္သည္ သူမအတြက္ ပထမႏွင့္ ေနာက္ဆံုးအၾကိမ္ ႏိုင္ငံျခားသို႔ ခရီးထြက္ျခင္းလည္း ျဖစ္ႏိုင္သည္။ ဤခရီးစဥ္သည္ သူမဘဝ တေလွ်ာက္လံုးအတြက္ အမွတ္တရျဖစ္ခဲ့မည္ဆိုလွ်င္ ကြ်န္မသည္လည္း သူမ၏အမွတ္တရတစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္လိမ့္မည္ဟု ယံုၾကည္မိသည္။

ေစတနာရွိရွိ လုပ္ေပးလိုက္ရျခင္းမွာလည္း ကုသိုလ္တစ္ခုပင္ မဟုတ္ပါလား? လူအမ်ားကို အခြန္မဲ့ပစၥည္းမ်ား ေရာင္းခ်ေနသလို ကြ်န္မတို႔၏ စိတ္ရင္းစိတ္ေကာင္းမ်ားကိုလည္း မွ်ေဝေပးခ်င္ေသးသည္။

ကြ်န္မေန႔တိုင္း လုပ္ေနေသာအလုပ္ႏွင့္ ေဘးပတ္ဝန္းက်င္တြင္ ရွိေနသူမ်ားအတြက္ ကြ်န္မတကယ္ေစတနာ ထားႏိုင္ခဲ့ျပီလား? ေစတနာျဖင့္ ကြ်န္မ ဘယ္ေလာက္ အတိုင္းအတာအထိ ဝန္ေဆာင္ႏိုင္ခဲ့ျပီလဲဆိုတာကို ကြ်န္မအျမဲ ျပန္စဥ္းစားမိသည္။

လူေတြ စိတ္ႏွလံုးေပ်ာ္ရႊင္ဖို႔အတြက္ ကြ်န္မဟာ နတ္သမီးလား?

ဒါမွမဟုတ္ လူေတြရဲ႕အျပံဳးကို ေမာင္းထုတ္တတ္တဲ့ နတ္ဆိုးလား?

အလုပ္တြင္ျဖစ္ေစ၊ ဘဝတြင္ျဖစ္ေစ၊ ယေန႔ေသာ္လည္းေကာင္း၊ မနက္ျဖန္ေသာ္လည္းေကာင္း… အနာဂတ္အတြက္ ကြ်န္မေရြးခ်ယ္မိသည္မွာ “ႏွလံုးသားဝန္ေဆာင္မႈ”ပင္ျဖစ္သည္။

Credit : NineNineSanay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လေကြောင်းဝန်ထမ်းတစ်ဦးကို လူအများက လှပသေသပ်စွာ ဝတ်ဆင်ထားသည်ဟုသာ မြင်ကြပြီး အားကျကြသည်။ တကယ်တော့ ကျွန်မတို့ဘဝတွင် လူတွေမမြင်နိုင်သော အခက်အခဲများလည်း ရှိတတ်သေးသည်။ အချိန်ပိုအလုပ်တွေ လုပ်ပြီး အနားယူ မအိပ်စက်ရသည့်အပြင် လေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ခရီသည်ပေါင်း ရာကျော်အတွက် အစားအစာများ ပြင်ဆင်ပေးရသလို အခွန်မဲ့ပစ္စည်းများလည်း ရောင်းချရသေးသည်။

ကျွန်မတို့ဘဝကို သေချာခံစားကြည့်လျှင် လူနှစ်ယောက်စာ အလုပ်လုပ်နေရသည်ဟု ထင်ရသည်။ တစ်ခါတရံ စိတ်ပမ်းကိုယ်နွမ်းပြီး ငိုချင်သော်လည်း မျက်ရည်ကမထွက်။

“ကိုယ်ဟာ ဝန်ထမ်းတစ်ယောက်၊ ဒီတစ်ရက်လေးကို သည်းခံမှုတွေနဲ့သာ ကုန်ဆုံးပါစေလေ” ဟု ကိုယ့်ကိုယ်ကို အမြဲပြောဆိုဆုံးမဖြစ်သည်။ ကိုယ့်ကိုယ်ကို ဘယ်လိုပင် ဆုံးမသော်လည်း တစ်ခါတရံ စိတ်၏ဆုံးမမှုများကို ဦးနှောက်က လက်မခံသောအခါ မျက်နှာပေါ်တွင် အပြုံးတုတွေ ဆင်မြန်းပြီး စိတ်မကြည်လင်စွာ ရှိနေတတ်သည်။

တစ်ခါက လေယာဉ်ပေါ်တွင် ကျွန်မ၏အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဝမ်းတွင်းရူးရောဂါ စွဲကပ်နေသော အဘိုးအိုတစ်ဦးအား မည်သို့ပြုစုလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်မှ ကျွန်မကိုယ်ကျွန်မ ဘယ်လောက်ပြုပြင်ပြောင်းလဲဖို့လိုကြောင်း သင်္ခန်းစာ ကောင်းကောင်းရလိုက်သည်။

“စင်ကာပူ-နယူးယောက်” လေကြောင်းလိုင်း တစ်ခုတွင်ဖြစ်သည်။

လေယာဉ်တက်ပြီး သိပ်မကြာပါ။ အဘိုးအိုတစ်ဦး အပေါ့အပါးသွားချင်လာသည်။ အကြင်နာတရား ကင်းမဲ့သော သူ့အိမ်သားများက အဘိုးအိုကိုယ်တိုင် အိမ်သာသို့ သွားစေခဲ့သည်။ သနားစရာအဘိုးအိုမှာ လေယာဉ်နောက်ပိုင်းတွင်ရှိသော အိမ်သာသို့ တစ်ယောက်တည်း ဖြေးဖြေးချင်း လျှောက်သွားခဲ့သည်။ သို့သော် အိမ်သာကထွက်လာပြီးမှ မိမိထိုင်ခုံနေရာကို မမှတ်မိဘဲ ဖြစ်နေခဲ့သည်။ (၈ဝ)ဆိုသည့် မိမိအသက်ကိုမှ သတိမထားမိတော့ဘဲ ချောက်ချားစွာ လူသွားစင်္ကြန်တွင် ထိုင်ငိုတော့သည်။ လေယာဉ်ဝန်ထမ်းများ ရောက်လာမှ သူ့ကိုယ်ပေါ်တွင် အညစ်အကြေးများ ပေနေသည်ကို သတိထားမိသည်။ သူအသုံးပြုခဲ့သော အိမ်သာမှာလည်း လူမြင်မကောင်းအောင် ညစ်ပေနေသည်။

အဘိုးအိုကို ဝန်ထမ်းများက ထိုင်ခုံသို့ ပြန်ပို့ပေးခဲ့သည်။ သို့သော် သူ့ကိုယ်ပေါ်ရှိ အညစ်အကြေး အနံ့ဆိုးများက ဘေးမှခရီးသည်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အဘိုးအိုအား အဝတ်လဲပေးရန် အိမ်သားများကို တောင်းဆိုခဲ့သော်လည်း အဝတ်သေတ္တာမှာ လေယာဉ်ဂိုဒေါင်ထဲ ရောက်နေပြီဖြစ်ကြောင်း၊ ယနေ့လေယာဉ်မှာ ခရီးသည်အပြည့်တင်ဆောင်ထားခြင်း မရှိသည့်အတွက် အဘိုးအိုအား လွတ်နေသော နောက်ဆုံးနေရာတွင် ထိုင်ခိုင်းစေရန် အိမ်သားများက တောင်းဆိုခဲ့သည်။ အမှန်တကယ်လည်း နေရာလွတ်များ ရှိနေသောကြောင့် အိမ်သားများ၏ တောင်းဆိုမှုကို လိုက်လျောခဲ့ရသည်။ ညစ်ပေနေသော အိမ်သာကိုလည်း သော့ခတ်ထားလိုက်ကြသည်။

အဘိုးအိုမှာ နောက်ဆုံးခုံတွင် တစ်ယောက်တည်း ခေါင်းငုံ့ထိုင်လျှက် ဝန်ထမ်းများချပေးသော အစားအသောက်များကို မျက်တောင်မခတ်တမ်းကြည့်ရင်း မျက်ရည်ကျနေသည်။ သို့သော် တစ်နာရီအကြာ မည်သူမျှ သတိမထားမိလိုက်ချိန်တွင် အဘိုးအိုမှာ သန့်ရှင်းသော အဝတ်အစားများ ဝတ်ကာ မိမိနဂိုနေရာတွင် ပြုံးရယ်စွာထိုင်နေပြီး အငွေ့တစ်ထောင်းထောင်းထနေသော အစာများ စားသောက်နေသည်ကို တွေ့လိုက်ရသည်။

လူအများက တအံ့တသြနှင့် အဖြစ်အပျက်ကို သိချင်နေကြသည်။ အကြောင်းရင်းမှာ ကျွန်မ၏လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက သူမ၏ထမင်းစားချိန်ကို အသုံးချပြီး အဘိုးအိုအား အဝတ်စိုများဖြင့် သန့်စင်ပေးခဲ့သည်။ လေယာဉ်မှူးထံ အဝတ်တစ်စုံငှားပြီး အဘိုးအိုအား လဲပေးလိုက်ခြင်းဖြစ်သည်။ သော့ခတ်ထားသော အိမ်သာကိုလည်း သန့်စင်ပြီး သူမအမြဲသုံးနေကျ ရေမွှေးဖြင့် ပက်ဖြန်းထားလိုက်သည်။

ဝန်ထမ်းတချို့က သူမအား တုံး,အသည်ဟု လှောင်ပြောင်ပျက်ရယ်ပြုကြသည်။ သူမ၏ ကူညီမှုကို လူများက အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ မှတ်မိကြမှာ မဟုတ်ကြောင်းပြောသည်။

“ပံျသန်းချိန် ၁ဝနာရီတောင် ကျန်သေးတယ်။ တကယ်လို့ ကျွန်မသာ အဲဒီအဘိုးအို နေရာမှာဆိုရင် ညစ်ပတ်တဲ့ အဝတ်အစားနဲ့ အနေရာခက်လိမ့်မယ်။ ခရီးအစမှာ ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမျှော်လင့်မလဲ? နောက်ပြီး လူ၃ဝနှုန်းနဲ့ အိမ်သာတစ်လုံးကို သုံးကြရတယ်။ အိမ်သာတစ်လုံးလျှော့သွားတာနဲ့ ပိုအခက်အခဲ ဖြစ်ကြလိမ့်မယ်။ ဒါကြောင့် ကျွန်မကူညီလိုက်တာပါ။ ဒါလည်း ကျွန်မတို့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုတစ်ခုပဲ မဟုတ်လား?” လို့ ခပ်ပေါ့ပေါ့လေး သူပြန်ပြောခဲ့သည်။

သူမစကားကို ကြားပြီး အလုပ်အပေါ် ကျွန်မအလေးမထားမိခဲ့သည်များကို ပြန်စဉ်းစားကြည့်ရင်း ကိုယ့်ကိုယ် ရှက်ရွံ့မိသည်။ ယခင်က သူမပြောခဲ့သော စကားတစ်ခွန်းကို ကျွန်မသတိရလိုက်မိသည်။

“ရှေးရှေးတုန်းက ကုသိုလ်အရဆုံးအလုပ်က ဘာလဲသိလား? လူတွေကို နေရာတစ်နေရာကနေ နောက်တစ်နေရာကို အန္တရာယ်ကင်းကင်းနဲ့ ပို့ပေးတဲ့ “ကူးတို့” အလုပ်ပဲ။ သူတို့သွားမယ့်နေရာဟာ ဝမ်းသာတာတွေ၊ ဝမ်းနည်းတာတွေ စောင့်နေပါစေ အန္တရာယ်ကင်းကင်းနဲ့ ရောက်အောင် ပို့ပေးလိုက်မှ သူတို့အတွက် ကောင်းသောစတင်ခြင်းတွေ ဖြစ်လာမှာ။ ဒါကြောင့် အခုလို ဒီဝန်ဆောင်မှုတွေ လုပ်ခွင့်ရနေတာ အရမ်းကံကောင်းတယ်လို့ ဆိုရမှာပဲ။ ဒီကံကောင်းခြင်းတွေကို တန်ဖိုးထား မြတ်နိုးတတ်ရမယ်။ တစ်ခြားလူကို ကောင်းတာတွေ မျှဝေတာဟာလည်း ကောင်းမှုကုသိုလ်တစ်ခုပဲ မဟုတ်လား?”

ဝန်ဆောင်မှုကို သာမန်အလုပ် သဘောဖြစ်သာ ကျွန်မထင်မြင်နေချိန်တွင် သူမက ကောင်းမှုကုသိုလ်တစ်ခုအဖြင့် လူတွေ၏ နှလုံးသားထဲ ထိခိုက်နာကျင်မှုမရှိဘဲ ကြိုးစားပို့ဆောင်ပေးနေပြီဖြစ်သည်။

ရက်များမကြာမီ ဘန်ကောက်မှ စင်ကာပူသို့ပြန်သော လေယာဉ်တစ်စီးပေါ်တွင်ဖြစ်သည်။ ညစာစားချိန်တွင် အမေအိုတစ်ဦးသည် သူ့ကိုတည်ခင်းဧည့်ခံသော အစားအသောက်များကို မစားဘဲ ထိုင်နေသည်ကို တွေ့ရသည်။

“အစာနှင့် မတည့်လို့လား? လေယာဉ်မူးပြီး နေထိုင်မကောင်းလို့လား အမေ” ဟု ကျွန်မမေးလိုက်သည်။

အမေအိုမှာ ကျွန်မကို အားနာစွာတစ်ချက်ကြည့်ပြီး လေသံတိုးတိုးဖြင့်…

“ဒါ အမေပထမဆုံးအကြိမ် လေယာဉ်စီးဖူးတာပါ။ ဒီအစားအသောက်တွေကို အမေစားလိုက်ချင်ပါတယ်။ ဒါပေမယ့် အမေ့မြေးက လေယာဉ်တစ်ခါမှ မစီးဖူးလို့ ဒီအစားတွေယူပြီး အမေ့မြေးလေးကို ကျွေးချင်လို့ပါ”

အမေ့စကားကြားတော့ ကျွန်မနွေးထွေးစွာ ပြုံးလိုက်မိသည်။

“ကိစ္စမရှိဘူး အမေ.. အမေသုံးဆောင်လိုက်ပါ။ နောက်မှ အမေ့မြေးအတွက် ကျွန်မသပ်သပ် ထည့်ပေးလိုက်မယ်” ကျွန်မစကားကိုကြားမှ အမေအိုမှာ ဝမ်းသာအားရ သူ့အစာကို စားတော့သည်။ လေယာဉ်နောက်ခန်းကိုရောက်တော့ ကျွန်မအတွက်ချန်ထားသော အစားအစာများကို သေချာစွာ ထုပ်လိုက်မိသည်။

“ဒီနေ့လေယာဉ်တစ်စီးလုံး အပြည့်ပဲ။ စားစရာ အပိုမကျန်ဘူး။ ဘာလို့ ကိုယ့်ဝေစုကို ပေးလိုက်ရတာလဲ” လုပ်ဖော်ကိုင်ဖက်တစ်ဦးက နားမလည်စွာမေးသည်။

“ကျွန်မတို့က လူငယ်တွေလေ.. အဆာခံနိုင်သေးတယ်။ လေယာဉ်ဆင်းမှ အိမ်ပြန်စားလို့ရတယ်။ လူအိုတွေက အဆာမခံနိုင်ကြဘူး”

တကယ်တမ်း ကျွန်မစိတ်တွင် တွေးမိသည်က အမေအိုမှာ ကျွန်မဝန်ဆောင်လိုက်သော ခရီးသည် ထောင်ပေါင်းများစွာထဲက တစ်ဦးသာဖြစ်သည်။ အကယ်၍ အမေအိုသာ နောက်တစ်ကြိမ် နိုင်ငံခြားထွက်ခွင့်၊ လေယာဉ်စီးခွင့် မကြုံခဲ့လျှင် ယခုအကြိမ်သည် သူမအတွက် ပထမနှင့် နောက်ဆုံးအကြိမ် နိုင်ငံခြားသို့ ခရီးထွက်ခြင်းလည်း ဖြစ်နိုင်သည်။ ဤခရီးစဉ်သည် သူမဘဝ တလျှောက်လုံးအတွက် အမှတ်တရဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မသည်လည်း သူမ၏အမှတ်တရတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။

စေတနာရှိရှိ လုပ်ပေးလိုက်ရခြင်းမှာလည်း ကုသိုလ်တစ်ခုပင် မဟုတ်ပါလား? လူအများကို အခွန်မဲ့ပစ္စည်းများ ရောင်းချနေသလို ကျွန်မတို့၏ စိတ်ရင်းစိတ်ကောင်းများကိုလည်း မျှဝေပေးချင်သေးသည်။

ကျွန်မနေ့တိုင်း လုပ်နေသောအလုပ်နှင့် ဘေးပတ်ဝန်းကျင်တွင် ရှိနေသူများအတွက် ကျွန်မတကယ်စေတနာ ထားနိုင်ခဲ့ပြီလား? စေတနာဖြင့် ကျွန်မ ဘယ်လောက် အတိုင်းအတာအထိ ဝန်ဆောင်နိုင်ခဲ့ပြီလဲဆိုတာကို ကျွန်မအမြဲ ပြန်စဉ်းစားမိသည်။

လူတွေ စိတ်နှလုံးပျော်ရွှင်ဖို့အတွက် ကျွန်မဟာ နတ်သမီးလား?

ဒါမှမဟုတ် လူတွေရဲ့အပြုံးကို မောင်းထုတ်တတ်တဲ့ နတ်ဆိုးလား?

အလုပ်တွင်ဖြစ်စေ၊ ဘဝတွင်ဖြစ်စေ၊ ယနေ့သော်လည်းကောင်း၊ မနက်ဖြန်သော်လည်းကောင်း… အနာဂတ်အတွက် ကျွန်မရွေးချယ်မိသည်မှာ “နှလုံးသားဝန်ဆောင်မှု”ပင်ဖြစ်သည်။

Credit : NineNineSanay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top