iMyanmarHouse.com - Best Property Website for Myanmar
×
ရုပ်ရှင်တွေမှာ ဇာတ်ပို့နေရာက အမြဲ သရုပ်ဆောင်ရတဲ့ နှိုင်းယှဉ်မြင့်မိုရ် ကလည်း ရုပ်ရှင်ဈေးကွက် ဘယ်လိုပဲ ဖြစ်နေပါစေ ဇာတ်ကားတွေ ဆက်လက် ရိုက်နေရတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ဟာသတွေမှာလည်း တော်တဲ့ နှိုင်းယှဉ်မြင့်မိုရ် က ဖေ့ဘွတ်ပေါ်မှာလည်း အမြဲရယ်စရာ post တွေ တင်လေ့ရှိသူ ဖြစ်ပါတယ်။ ဆယ်လီဘရစ်တီ ဖြစ်တဲ့အတွက် ဖေ့ဘွတ်ပေါ်မှာ ချစ်တဲ့သူတွေ များပြီး သူငယ်ချင်းအဖြစ် Add ချင်တဲ့သူတွေ များပါတယ်။
အဲ့တာ နဲ့ ပတ်သက်ပြီး နှိုင်းယှဉ်မြင့်မိုရ် က သူ့ဖေ့ဘွတ်မှာ သူငယ်ချင်းအဖြစ် လက်ခံတဲ့သူတွေ က ဘယ်လိုပုံတွေလဲ ဆိုတာ ပြောခဲ့ပါတယ်။ စိတ်ထဲရှိရင် ရှိသလို ပြောတဲ့ နှိုင်းယှဉ်မြင့်မိုရ် က သူ့ ဖေ့ဘွတ်မှာ သူငယ်ချင်းအဖြစ် က ဖယ်ရခြင်း ကို အခုလို ပြောပါတယ်။
” Friend ဖြစ်ပြီးမှ ပြန် bl လိုက်တဲ့သူတွေရှိပါတယ်.. အဲဒါ ဘယ်လိုလူတွေလဲဆိုတော့ကာ… add ပေးဆိုလို့ add ပေးပြီးပါပြီ..friend လဲဖြစ်သွားပြီ အဲဒါကို m box ကနေတောက်လျှောက် တဒေါင်ဒေါင်တဒင်ဒင် စကားတွေအချိန်ပြည့်လှမ်းပြောနေတဲ့သူများ bl ပါတယ်… video call ခေါ်သူများအား bl ပါတယ်… ကိုယ် cm အောက်လာမန့်သော မင်းသားမင်းသမီးများအား add ပေးဖို့ကူပြောခိုင်းသူများအား bl ပါတယ်… ကိုယ်ရေးချင်သော စာများအား ကိုယ့် post တွင်ကိုယ်တင်တာကို စေတနာခေါင်းစဉ်တပ်၍ s ဆရာကြီးလာလုပ်သူများအား bl ပါတယ်…အပြင်မှာတစ်ခါမှမမြင်ဖူးကြပဲ fb တွင် friend ဖြစ်ရုံနှင့် ငယ်ပေါင်းကြီးဖော်များသဖွယ် ပြောဆိုဆက်ဆံသူများအား bl ပါတယ်.. အပြင်မှာလဲ friend fb မှာလဲ friend ဆိုပေမယ့် အမြင်ချင်းမတူသူများအား bl ပါတယ်…ကိုယ် ကြည့်မရသော postတွေ photo တွေတင်နိုင်လွန်းသူများကိုလဲ bl ပါတယ် … ဘာsလုပ်sကိုင်မှမရှိပဲ ဟိုနေရာလဲဝင်ပါ ဒီနေရာလဲဝင်ပါသော တတ်ယောင်ကားများကိုလဲ bl ပါတယ်…ကိုယ်နဲ့ friend မဟုတ်ပါပဲကိုယ့် post ထဲဝင်ဆဲသော မိမဆုံးမဖမဆုံးမအားလုံးကိုလဲ bl ပါတယ်…ကိုယ့်အား ရိသဲ့သဲ့လာလုပ်သော အကောင်များကိုလဲ bl ပါတယ်…ကိုယ့်အား အာရုံနောက်လာစေသူများကိုလဲ bl ပါတယ်…ကိုယ်ချင်းစာတရားမရှိသော ခုနှစ်ရက်သားသမီးများကိုလဲ bl ပါတယ်… ” လို့ နှိုင်းယှဉ်မြင့်မိုရ် က သူ ဘလော့ခ်တဲ့သူ တွေ က ဘယ်လိုလူတွေလဲ ဆိုတာ ပြောခဲ့တာ တွေ့ရပါတယ်။
” ကိုယ့် friend တွေထဲလူရည်သန့်တွေတော်တော်များများပဲရှိတော့တယ်…ကိုယ့်လိုပဲ ရုပ်ချော သဘောကောင်း မနောကောင်း မဟုတ်မခံစွာတေးလန်လေးတွေနဲ့ပဲ friend ဖြစ်ချင်တာ…စားစရာရှိစားမယ် သွားစရာရှိသွားမယ် ကိုယ့်ဘာသာလှပအောင်နေမယ် မှန်ကန်အောင်နေမယ် ကိုယ့်မိသားစုကိုယ်တန်ဖိုးထားမယ် ကိုယ့်အလုပ်ကိုယ့်ပတ်ဝန်းကျင်ကိုတန်ဖိုးထားမယ် ကိုယ်ချင်းစာတရားရှိရမယ် အမှန်တရားကိုတန်ဖိုးထားရမယ် လူလူချင်း လေးစားစွာပြောဆိုဆက်ဆံတတ်ရမယ် သနားကြင်နာတတ်ရမယ် ပျော်ပျော်နေတတ်ရမယ် ခေတ်မှီခေတ်ဆန်တာနှစ်သက်ပေမယ့်ခေတ်လွန်တာမျိူ းမဖြစ်ရဘူး အဲ့လိုလူမျိူ းတွေသာများများလာ add ကြပါ…စိစစ်ပြီး လက်ခံပါ့မယ် ” လို့ သူ့စိတ်မှာ ဖြစ်နေတဲ့ ခံစားမှုအတိုင်း ရေးခဲ့တာ တွေ့ရပါတယ်။ နှိုင်းယှဉ်မြင့်မိုရ် ရဲ့ post မှာ ပရိသတ်တွေက မှတ်ချက်တွေ ရေးခဲ့ပြီး မှတ်ချက်အတော်များ များကို နှိုင်းယှဉ်မြင့်မိုရ် က မှတ်ချက်ပြန်ရေးခဲ့တာ တွေ့ရပါတယ်။
Credit : searchmyanmar.com
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top