iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ္မွာ မေက်နပ္သမွ် သူ႕ကို ဆဲလုိ႔ ရပါတယ္..

ေပ်ာ္ရႊင္လာတာရွိရင္ သူ႕အေပၚ အားရပါးရ ခုန္တက္လုိ႔ ရပါတယ္..

ေနမေကာင္းခဲ့ရင္ အသားကုန္ခြ်ဲ ေရသာခိုလို႔ ရပါတယ္..

ထမင္းစားၿပီး ပန္းကန္ေဆးဖုိ႔ ပ်င္းရင္ ၿခိမ္းေျခာက္ခုိင္း လုိ႕ ရပါတယ္..

ဗိုက္ဆာတဲ့အခါ Mini mart မွာ အတူတူ အသင့္စားလုိ႔ ရတာေတြ ထြက္ဝယ္လုိ႔ ရပါတယ္..

လကုန္လို႔ ကိုယ့္လခ မေလာက္ရင္ သူ႕လခကို ရုပ္တည္နဲ႔ ကိုယ့္ဟာလုပ္ပစ္လုိ႕ ရပါတယ္..

ကိုရီးယားကား ၾကည့္ရင္း မင္းသားကို အသဲယားရင္ ေဘးကသူ႕ကို ကိုက္လုိ႔ ရပါတယ္..

Fb ေပၚမွာ မေက်နပ္တဲ့သူ အေၾကာင္းကို ေစာဒဂမတက္ပဲ အတင္းေၿပာသမွ် နားေထာင္ေပးပါေသးတယ္..

လကုန္ရင္ ဟုိဟာဝယ္ေပးမယ္ ဒီဟာဝယ္ေပးမယ္ ေျပာၿပီး ဘာမွ မဝယ္ေပးလည္း ရပါေသးတယ္..

ဒူးရင္းသီး မႀကိဳက္တတ္ေပမဲ့လည္း ႏွာေခါင္းရွံဳ႕ၿပီး ဝယ္လာေပးတတ္သူလည္း ၿဖစ္ပါေသးတယ္..

ဒါေၾကာင့္ ေယာက်ာ္း ယူျဖစ္ေအာင္ ယူပါ။ မယူပါက အထက္ပါ ကိစၥအဝဝမ်ားအား ကူကယ္ရာမဲ့စြာ တစ္ေယာက္တည္း ရင္ဆုိင္ရမွာပဲ ျဖစ္ပါတယ္..

Credit : ျဖဴႏွင္းဇင္
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလုပ်မှာ မကျေနပ်သမျှ သူ့ကို ဆဲလို့ ရပါတယ်..

ပျော်ရွှင်လာတာရှိရင် သူ့အပေါ် အားရပါးရ ခုန်တက်လို့ ရပါတယ်..

နေမကောင်းခဲ့ရင် အသားကုန်ချွဲ ရေသာခိုလို့ ရပါတယ်..

ထမင်းစားပြီး ပန်းကန်ဆေးဖို့ ပျင်းရင် ခြိမ်းခြောက်ခိုင်း လို့ ရပါတယ်..

ဗိုက်ဆာတဲ့အခါ Mini mart မှာ အတူတူ အသင့်စားလို့ ရတာတွေ ထွက်ဝယ်လို့ ရပါတယ်..

လကုန်လို့ ကိုယ့်လခ မလောက်ရင် သူ့လခကို ရုပ်တည်နဲ့ ကိုယ့်ဟာလုပ်ပစ်လို့ ရပါတယ်..

ကိုရီးယားကား ကြည့်ရင်း မင်းသားကို အသဲယားရင် ဘေးကသူ့ကို ကိုက်လို့ ရပါတယ်..

Fb ပေါ်မှာ မကျေနပ်တဲ့သူ အကြောင်းကို စောဒဂမတက်ပဲ အတင်းပြောသမျှ နားထောင်ပေးပါသေးတယ်..

လကုန်ရင် ဟိုဟာဝယ်ပေးမယ် ဒီဟာဝယ်ပေးမယ် ပြောပြီး ဘာမှ မဝယ်ပေးလည်း ရပါသေးတယ်..

ဒူးရင်းသီး မကြိုက်တတ်ပေမဲ့လည်း နှာခေါင်းရှုံ့ပြီး ဝယ်လာပေးတတ်သူလည်း ဖြစ်ပါသေးတယ်..

ဒါကြောင့် ယောကျာ်း ယူဖြစ်အောင် ယူပါ။ မယူပါက အထက်ပါ ကိစ္စအဝဝများအား ကူကယ်ရာမဲ့စွာ တစ်ယောက်တည်း ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်..

Credit : ဖြူနှင်းဇင်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top