iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရလွပဖို႔ ဘာေတြကိုစားရမလဲလို႔ ေလ့လာေနတဲ့အခ်ိန္မွာ အမွတ္မထင္ပဲစားေနမိတဲ့ အစားစာေတြေၾကာင့္ သင့္အသားအေရေတြက ပိုၿပီးေတာ့ပ်က္စီးလာႏိုင္တာကိုေတာ့ ဘယ္သူမွသတိမထားမိၾကေသးပါဘူး။ အစားစာေတြကလည္း ေကာင္းတာေတြရွိသလို တစ္ေနရာရာအတြက္ ဆိုးက်ိဳးျဖစ္ေနတာမ်ိဳးေတြလည္းရွိပါတယ္။

ႏို႔ထြက္ပစၥည္း

ႏို႔ထြက္ပစၥည္းေတြကို စားသံုးတာက အခ်ိန္ၾကာလာရင္ သင့္အသားအေရအတြက္ ပ်က္စီးမႈေတြျဖစ္ႏိုင္ပါတယ္။ ႏို႔ထြက္ပစၥည္းေတြမွာ အဆီေတြပါဝင္ေနတာေၾကာင့္ စားသံုးလိုက္တဲ့အခ်ိန္မွာ အဆီေတြကခႏၶာကိုယ္ထဲမွာစုၿပီး သင့္အသားအေရမွာရွိေနတဲ့ ေခၽြးေပါက္ေတြကို ပိတ္ဆို႔မႈေတြျဖစ္ၿပီး မ်ားလာတဲ့အခ်ိန္မွာေတာ့ ဝက္ၿခံေတြကိုျဖစ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔တိုင္းစားသံုးေပးတာေတြကို ရပ္လိုက္ၿပီးတစ္ခါတစ္ရံေလာက္ပဲ ေကာင္းပါတယ္ေနာ္။

ငံတဲ့အစားစာ

အငံဓာတ္ပါတဲ့အစားစာေတြကို အမ်ားအျပားစားသံုးတာကလည္း သင္အသားအေရမွာ နီျမန္းတာေတြကိုျဖစ္လာေစႏိုင္ပါတယ္။ အသားအေရကိုလည္း ေျခာက္ေသြ႔လာေစတတ္တာေၾကာင့္ သင္စားေနတဲ့အစားစာေတြကို အငံဓာတ္ပါဝင္တာေတြကို ေလ်ာ့ခ်ပစ္ဖို႔ႀကိဳးစားပါ။

အာလူးေၾကာ္

လူတိုင္းအရမ္းကိုႀကိဳက္ႏွစ္သက္ၿပီး စားေနတဲ့အာလူးေႀကာ္က အသားအေရကိုအိုမင္းရင့္ေရာ္မႈေတြ ျဖစ္လာေစတတ္ပါတယ္။ အၿမဲတမ္းႀကီးစားသံုးေနမယ္ဆိုရင္ေတာ့ ဆီေႀကာ္မုန္႔လည္းျဖစ္တယ္၊ အရသာစြဲေအာင္လည္း ဓာတုေဆးဝါးေတြ ထည့္ထားတာဆိုေတာ့ ပ်ိဳေမတို႔ရဲ႕အသားအေရကို အိုမင္းရင့္ေရာ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ စားေနတဲ့ပမာဏကို ေလ်ာ့ၿပီးတစ္ခါတစ္ေလမွ စားေပးတာကေကာင္းဆံုးပါေနာ္။

ေထာပတ္

ေထာပတ္ကလည္း ႏုိ႔ထြက္ပစၥည္းအစားစာထဲမွာ ပါဝင္ေနတဲ့အရာတစ္ခုပါပဲေနာ္။ ေထာပတ္ကိုေန႔တိုင္းစားေနမယ္ဆိုရင္ အသားအေရကိုအေရးအေၾကာင္းေတြ ျမန္ျမန္ျဖစ္လြယ္ၿပီး သင့္အသားအေရေတြကိုလည္း ပ်က္စီးလြယ္ေစပါတယ္။

ဒါေၾကာင့္ အသားအေရလွပခ်င္ၿပီး အသားအေရကို ထိန္းသိမ္းေစာင့္ေရွာက္ေနတယ္ဆိုရင္ေတာ့ ဒီလိုအစားစာမ်ိဳးေတြကို ေရွာင္ဖို႔ေတာ့လိုအပ္ပါတယ္။ ဘယ္ေတာ့မွမစားရဘူးလို႔ မဆိုလိုေပမယ့္ တစ္ခါတစ္ေလေလာက္ပဲ စားေပးသင့္တဲ့အစားစာမ်ိဳးေတြပဲျဖစ္ပါတယ္။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသားအရေလှပဖို့ ဘာတွေကိုစားရမလဲလို့ လေ့လာနေတဲ့အချိန်မှာ အမှတ်မထင်ပဲစားနေမိတဲ့ အစားစာတွေကြောင့် သင့်အသားအရေတွေက ပိုပြီးတော့ပျက်စီးလာနိုင်တာကိုတော့ ဘယ်သူမှသတိမထားမိကြသေးပါဘူး။ အစားစာတွေကလည်း ကောင်းတာတွေရှိသလို တစ်နေရာရာအတွက် ဆိုးကျိုးဖြစ်နေတာမျိုးတွေလည်းရှိပါတယ်။

နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းတွေကို စားသုံးတာက အချိန်ကြာလာရင် သင့်အသားအရေအတွက် ပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ အဆီတွေပါဝင်နေတာကြောင့် စားသုံးလိုက်တဲ့အချိန်မှာ အဆီတွေကခန္ဓာကိုယ်ထဲမှာစုပြီး သင့်အသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့မှုတွေဖြစ်ပြီး များလာတဲ့အချိန်မှာတော့ ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းစားသုံးပေးတာတွေကို ရပ်လိုက်ပြီးတစ်ခါတစ်ရံလောက်ပဲ ကောင်းပါတယ်နော်။

ငံတဲ့အစားစာ

အငံဓာတ်ပါတဲ့အစားစာတွေကို အများအပြားစားသုံးတာကလည်း သင်အသားအရေမှာ နီမြန်းတာတွေကိုဖြစ်လာစေနိုင်ပါတယ်။ အသားအရေကိုလည်း ခြောက်သွေ့လာစေတတ်တာကြောင့် သင်စားနေတဲ့အစားစာတွေကို အငံဓာတ်ပါဝင်တာတွေကို လျော့ချပစ်ဖို့ကြိုးစားပါ။

အာလူးကြော်

လူတိုင်းအရမ်းကိုကြိုက်နှစ်သက်ပြီး စားနေတဲ့အာလူးကြော်က အသားအရေကိုအိုမင်းရင့်ရော်မှုတွေ ဖြစ်လာစေတတ်ပါတယ်။ အမြဲတမ်းကြီးစားသုံးနေမယ်ဆိုရင်တော့ ဆီကြော်မုန့်လည်းဖြစ်တယ်၊ အရသာစွဲအောင်လည်း ဓာတုဆေးဝါးတွေ ထည့်ထားတာဆိုတော့ ပျိုမေတို့ရဲ့အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါကြောင့် စားနေတဲ့ပမာဏကို လျော့ပြီးတစ်ခါတစ်လေမှ စားပေးတာကကောင်းဆုံးပါနော်။

ထောပတ်

ထောပတ်ကလည်း နို့ထွက်ပစ္စည်းအစားစာထဲမှာ ပါဝင်နေတဲ့အရာတစ်ခုပါပဲနော်။ ထောပတ်ကိုနေ့တိုင်းစားနေမယ်ဆိုရင် အသားအရေကိုအရေးအကြောင်းတွေ မြန်မြန်ဖြစ်လွယ်ပြီး သင့်အသားအရေတွေကိုလည်း ပျက်စီးလွယ်စေပါတယ်။

ဒါကြောင့် အသားအရေလှပချင်ပြီး အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နေတယ်ဆိုရင်တော့ ဒီလိုအစားစာမျိုးတွေကို ရှောင်ဖို့တော့လိုအပ်ပါတယ်။ ဘယ်တော့မှမစားရဘူးလို့ မဆိုလိုပေမယ့် တစ်ခါတစ်လေလောက်ပဲ စားပေးသင့်တဲ့အစားစာမျိုးတွေပဲဖြစ်ပါတယ်။

Credit : Myfood

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top