iMyanmarHouse.com - Best Property Website for Myanmar
×

လမ္းခဲြျခင္းက လူတိုင္းအတြက္ခက္ခဲတဲ့အရာတစ္ခုပါပဲ။ ကိုယ့္ရဲ႕တက္လြယ္က်လြယ္စိတ္ခံစားခ်က္ေတြေၾကာင့္ ဖိစီးမႈေတြမ်ားကာ ခႏၶာကိုယ္ဟာလည္း တုိက္႐ုိက္သက္ေရာက္မႈေတြ႐ွိေနပါတယ္။  ခ်စ္ရတဲ့သူနဲ႔လမ္းခဲြျပီးတဲ့အခါ သင့္ခႏၶာကိုယ္မွာျဖစ္လာမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္…။

၁.) စိတ္ဓာတ္က်ျပီး အိပ္မေပ်ာ္ျဖစ္ျခင္း

ကိုယ္ေတြ ဆံုး႐ႈံးမႈကိုခံစားရတဲ့အခါ၊ နာက်င္တဲ့အခါ တစ္ေယာက္တည္းေနတာထက္စာရင္ သူငယ္ခ်င္းနဲ႔ပဲျဖစ္ျဖစ္ ေတြ႔ဆံုလိုက္တာက အနည္းငယ္ေတာ့စိတ္သက္သာရာရပါတယ္။ သိပံၸပညာ႐ွင္ေတြ ေလ့လာခ်က္အရ ကိုယ္အရမ္းခ်စ္ရသူနဲ႔ လမ္းခဲြျပီးတဲ့အခါ စိတ္ဓာတ္က်ျခင္းကိုခံစားလာရျပီး အိပ္မေပ်ာ္ျဖစ္ကာ အစားေသာက္ေတြပ်က္လာတဲ့အထိျဖစ္လာႏိုင္ပါတယ္။တစ္ခုမွတ္ထားရမွာက ဒါဟာအျမဲတသတ္မွတ္တည္းျဖစ္သြား
မွာမဟုတ္ေၾကာင္း အခ်ိန္ေပးလိုက္ရင္ အဆင္ေျပသြားမယ္ဆုိတာကိုလက္ခံထားရင္ သင္ ေနသားက်သြားပါလိမ့္မယ္။

၂.) ရင္ဘတ္ေအာင့္ျခင္း

လမ္းခဲြျပီးတဲ့အခါ စိတ္ထိခုိက္သြား႐ံုတင္မက ခႏၶာကိုယ္ပိုင္းဆိုင္ရာေတြပါ နာက်င္မႈဒဏ္ေတြခံစားလာရတယ္လို႔ ေလ့လာမႈမ်ားအရသိရပါတယ္။ ေနလို႔ထိုင္လို႔မေကာင္းျဖစ္ကာ ရင့္ဘတ္ေအာင့္ျခင္း (သို႔) ႏွလံုးေအာင့္ျခင္း ေဝဒနာေတြကုိ
ခံစားလာရပါတယ္။ နွလံုးေရာဂါအခံ႐ွိျပီးသားလူဆို ဒီဖိစီးမႈဒဏ္ေတြကိုခံစားႏိုင္မွာမဟုတ္ပါဘူး။

၃.) အေရျပားျပႆနာ

စိတ္ဓာတ္က်ေနတဲ့အခါ အေရျပားေတြကအစ အရမ္းသိသာလာပါတယ္။ ဖိစီးမႈဒဏ္ေတြေၾကာင့္ ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ခ်င္စိတ္ကုန္သြားကာ အသားေရေတြလည္းညစ္ညမ္းလာတတ္ပါတယ္။ မ်က္ႏွာမွာဆို ဝက္ျခံေတြထြက္လာတတ္ျပီး ဆံပင္ေတြလည္းကၽြတ္တတ္ပါတယ္။

၄.) ၾကြက္သားမ်ား နာက်င္လာျခင္း

စိတ္ဓာတ္က်တဲ့အခါ လူေတြဟာ ပံုမွန္ထက္ပုိျပီး ပင္ပန္းႏြမ္းလ်ေနတတ္ပါတယ္။
ဖိစီးမႈေတြေၾကာင့္ ႐ုတ္တရက္အေၾကာဆဲြျခင္း၊ အေၾကာေတြ ေတာင့္ေနျခင္းျဖစ္ေနတတ္ပါတယ္။ ခႏၶာကိုယ္ရဲ႕မတူညီတဲ့ေနရာေတြက နာက်င္မႈမ်ဳိးစံုကိုခံစားရႏိုင္ပါတယ္။

၅.) အစားခ်င္စိတ္ေလ်ာ့ျခင္း (သို႔) ဝိတ္တက္လာျခင္း

လမ္းခဲြျပီးတဲ့အခါ ေတာ္ေတာ္မ်ားမ်ားကေတာ့ အစားစားခ်င္စိတ္ေလ်ာ့က်တတ္ပါတယ္။
အခ်ိန္အနည္းငယ္ၾကာသြားရင္ေတာ့ စားခ်င္စိတ္ျပန္ေပါက္ကာ ဝိတ္တက္လာႏိုင္သလို၊
တစ္ခ်ဳိ႕က်ေတာ့လည္း လမ္းခဲြျပီးတာနဲ႔ အစားေတြခ်ည္းဖိစားေနတာမ်ဳိးလည္း ေတြ႔ဖူးပါတယ္။ ဝိတ္တက္လာရျခင္းအဓိကအေၾကာင္းရင္းကေတာ့ အိမ္မေပ်ာ္ျခင္းနဲ႔ ကိုယ္လက္လႈပ္႐ွားမႈ သိပ္မ႐ွိလို႔ျဖစ္ပါတယ္။

လတ္တေလာေသြးပူေနခ်ိန္မွာေတာ့ အရမ္းငိုခ်င္တာတို႔၊ အရက္ေသာက္ျပီး စိတ္ေျဖခ်င္
တာတို႔႐ွိေပမယ့္ ေနာက္ေနသားက်သြားတဲ့အခါ အရာအားလံုးကေကာင္းဖို႔ျဖစ္လာတယ္လို႔သာေတြးလိုက္ပါ။

Credit : dpakyaw
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လမ်းခွဲခြင်းက လူတိုင်းအတွက်ခက်ခဲတဲ့အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့တက်လွယ်ကျလွယ်စိတ်ခံစားချက်တွေကြောင့် ဖိစီးမှုတွေများကာ ခန္ဓာကိုယ်ဟာလည်း တိုက်ရိုက်သက်ရောက်မှုတွေရှိနေပါတယ်။  ချစ်ရတဲ့သူနဲ့လမ်းခွဲပြီးတဲ့အခါ သင့်ခန္ဓာကိုယ်မှာဖြစ်လာမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်…။

၁.) စိတ်ဓာတ်ကျပြီး အိပ်မပျော်ဖြစ်ခြင်း

ကိုယ်တွေ ဆုံးရှုံးမှုကိုခံစားရတဲ့အခါ၊ နာကျင်တဲ့အခါ တစ်ယောက်တည်းနေတာထက်စာရင် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံလိုက်တာက အနည်းငယ်တော့စိတ်သက်သာရာရပါတယ်။ သိပ္ပံပညာရှင်တွေ လေ့လာချက်အရ ကိုယ်အရမ်းချစ်ရသူနဲ့ လမ်းခွဲပြီးတဲ့အခါ စိတ်ဓာတ်ကျခြင်းကိုခံစားလာရပြီး အိပ်မပျော်ဖြစ်ကာ အစားသောက်တွေပျက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်။တစ်ခုမှတ်ထားရမှာက ဒါဟာအမြဲတသတ်မှတ်တည်းဖြစ်သွား
မှာမဟုတ်ကြောင်း အချိန်ပေးလိုက်ရင် အဆင်ပြေသွားမယ်ဆိုတာကိုလက်ခံထားရင် သင် နေသားကျသွားပါလိမ့်မယ်။

၂.) ရင်ဘတ်အောင့်ခြင်း

လမ်းခွဲပြီးတဲ့အခါ စိတ်ထိခိုက်သွားရုံတင်မက ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပါ နာကျင်မှုဒဏ်တွေခံစားလာရတယ်လို့ လေ့လာမှုများအရသိရပါတယ်။ နေလို့ထိုင်လို့မကောင်းဖြစ်ကာ ရင့်ဘတ်အောင့်ခြင်း (သို့) နှလုံးအောင့်ခြင်း ဝေဒနာတွေကို
ခံစားလာရပါတယ်။ နှလုံးရောဂါအခံရှိပြီးသားလူဆို ဒီဖိစီးမှုဒဏ်တွေကိုခံစားနိုင်မှာမဟုတ်ပါဘူး။

၃.) အရေပြားပြဿနာ

စိတ်ဓာတ်ကျနေတဲ့အခါ အရေပြားတွေကအစ အရမ်းသိသာလာပါတယ်။ ဖိစီးမှုဒဏ်တွေကြောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ချင်စိတ်ကုန်သွားကာ အသားရေတွေလည်းညစ်ညမ်းလာတတ်ပါတယ်။ မျက်နှာမှာဆို ဝက်ခြံတွေထွက်လာတတ်ပြီး ဆံပင်တွေလည်းကျွတ်တတ်ပါတယ်။

၄.) ကြွက်သားများ နာကျင်လာခြင်း

စိတ်ဓာတ်ကျတဲ့အခါ လူတွေဟာ ပုံမှန်ထက်ပိုပြီး ပင်ပန်းနွမ်းလျနေတတ်ပါတယ်။
ဖိစီးမှုတွေကြောင့် ရုတ်တရက်အကြောဆွဲခြင်း၊ အကြောတွေ တောင့်နေခြင်းဖြစ်နေတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့မတူညီတဲ့နေရာတွေက နာကျင်မှုမျိုးစုံကိုခံစားရနိုင်ပါတယ်။

၅.) အစားချင်စိတ်လျော့ခြင်း (သို့) ဝိတ်တက်လာခြင်း

လမ်းခွဲပြီးတဲ့အခါ တော်တော်များများကတော့ အစားစားချင်စိတ်လျော့ကျတတ်ပါတယ်။
အချိန်အနည်းငယ်ကြာသွားရင်တော့ စားချင်စိတ်ပြန်ပေါက်ကာ ဝိတ်တက်လာနိုင်သလို၊
တစ်ချို့ကျတော့လည်း လမ်းခွဲပြီးတာနဲ့ အစားတွေချည်းဖိစားနေတာမျိုးလည်း တွေ့ဖူးပါတယ်။ ဝိတ်တက်လာရခြင်းအဓိကအကြောင်းရင်းကတော့ အိမ်မပျော်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိလို့ဖြစ်ပါတယ်။

လတ်တလောသွေးပူနေချိန်မှာတော့ အရမ်းငိုချင်တာတို့၊ အရက်သောက်ပြီး စိတ်ဖြေချင်
တာတို့ရှိပေမယ့် နောက်နေသားကျသွားတဲ့အခါ အရာအားလုံးကကောင်းဖို့ဖြစ်လာတယ်လို့သာတွေးလိုက်ပါ။

Credit : dpakyaw

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top