iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်ျခင္းနဲ႔ ဆံပင္ကၽြတ္ျခင္းက ဆက္စပ္မႈ ရွိေနတယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ အထူးသျဖင့္ ႀကိဳးစားပန္းစား ဝိတ္ခ်ေနသူေတြ၊ ျပင္းထန္တဲ့ Diet လုပ္သူေတြက ဆံပင္ကၽြတ္ျခင္းကို ပိုမုိခံစားရတယ္လို႔ သိရပါတယ္။ ဝိတ္ခ်ေနသူအေနနဲ႔လည္း ဝိတ္ခ်ေနတဲ့ ကာလတြင္းမွာ ဆံပင္ကၽြတ္တာကို သတိျပဳမိၾကမွာပါ။ ဒါေပမယ့္ ဝိတ္ခ်တဲ့ အစီအစဥ္ရပ္တန္႔လိုက္ရင္ ဆံပင္ကၽြတ္တာလည္း ရပ္တန္႔သြားပါတယ္။ ဒီေတာ့… ဘာလို႔ ဆံပင္ကၽြတ္ရတာလဲ ဆိုတာကိုေဝမွ်ေပးခ်င္ပါတယ္။

(၁) စိတ္ဖိစီးမႈမ်ားျခင္းေၾကာင့္

ဝိတ္ခ်တဲ့သူ အမ်ားစုက ဘယ္ႏွလအတြင္း ဝိတ္ဘယ္ႏွေပါင္က်ရမယ္၊ ဘယ္လိုေနထိုင္စားေသာက္ ရမယ္ စသျဖင့္ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ စိတ္ဖိစီးမႈမ်ားလွပါတယ္။ အထူးသျဖင့္ ဝိတ္က်ဖိုု႔ အေရးကို pressure တစ္ခုလို သတ္မွတ္ထားသူေတြက စိတ္ဖိစီးမႈကို ပိုမိုခံစား ရတတ္ပါတယ္။ စိတ္ဖိစီးမႈ မ်ားျခင္းက သင့္ကို ဆံပင္ကၽြတ္ေစတဲ့ အေၾကာင္းအရင္းမ်ားစြာ ထဲက တစ္ခ်က္ပါပဲ။

(၂) ပရိုတင္းဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္

ဝိတ္ခ်ေနသူေတြက အဆီမ်ားတဲ့အစားအစာနဲ႔ ပရိုတင္းဓာတ္မ်ားတဲ့ အစားအစာေတြကုိ စားသံုးဖုိ႔ ေၾကာက္ရြံ႕ေနတတ္ ၾကပါတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနစဥ္ ကာလမွာ ပရိုတင္းဓာတ္ခ်ိဳ႕တဲ့ လာၾကပါတယ္။ ဆံသားမ်ား က်န္းမာေစဖို႔ အတြက္ ပရိုတင္းဓာတ္က အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္ ပရိုတင္းဓာတ္ခ်ိဳ႕တဲ့လာတာနဲ႔ အမွ် ဆံသားမ်ားကလည္း က်န္းမာသန္စြမ္းမႈ ေလ်ာ့ပါးလာၿပီး ဆံပင္ကၽြတ္ရတာပါ။

(၃) ဇင့္ဓာတ္ခ်ိဳ႕တဲ့လာျခင္း

ဇင့္ဓာတ္က ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းစီမွာ လိုအပ္တဲ့ အာဟာရမ်ားကို စုပ္ယူႏုိင္ဖို႔ အေထာက္အပံ့ေပးပါတယ္။ ဝိတ္ေလ်ာ့တဲ့ကာလအတြင္းမွာ ဇင့္ဓာတ္ခ်ိဳ႕တဲ့သြားမယ္ ဆိုရင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားကလည္း လံုလံုေလာက္ေလာက္ မရရွိေတာ့တဲ့ အတြက္ ဦးေရျပားကလည္း က်န္းမာမႈ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဆံပင္ကၽြတ္ျခင္း၊ ဆံသားမ်ား မြဲေျခာက္ေျခာက္ျဖစ္လာရတာပဲ ျဖစ္ပါတယ္။

(၄) အာဟာရမျပည့္ဝတဲ့ Diet plan ေၾကာင့္

သင့္ရဲ႕ Diet plan ေၾကာင့္လည္း ဆံပင္ကၽြတ္ရတယ္ဆိုတာကို မေမ့ပါနဲ႔။ ဝိတ္ေလ်ာ့ဖို႔ အတြက္ကိုပဲ ဦးတည္ၿပီး စားေသာက္ရတဲ့ Diet plan က ဆံသားမ်ား က်န္းမာသန္စြမ္းမႈကို အားနည္းေစပါတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနစဥ္မွာ ဆံပင္သိသိသာသာကၽြတ္ေနတယ္ ဆိုရင္ သင့္ရဲ႕ Diet plan မွာ ဇင့္ဓာတ္နဲ႔ အျခားဗီတာမင္ဓာတ္ျဖည့္စြက္စာ မ်ားလိုအပ္ေနလို႔ပါ။ ဇင့္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့ အသီးအရြက္ မ်ားကို မ်ားမ်ားစားသံုးေပးတာက ဆံပင္ကၽြတ္ျခင္းကို သက္သာေစၿပီး အာဟာရမွ်တတဲ့ Diet plan ျဖစ္ေနဖို႔ အေရးႀကီးပါတယ္။

Credit : myanmaplatform
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝိတ်ချခြင်းနဲ့ ဆံပင်ကျွတ်ခြင်းက ဆက်စပ်မှု ရှိနေတယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အထူးသဖြင့် ကြိုးစားပန်းစား ဝိတ်ချနေသူတွေ၊ ပြင်းထန်တဲ့ Diet လုပ်သူတွေက ဆံပင်ကျွတ်ခြင်းကို ပိုမိုခံစားရတယ်လို့ သိရပါတယ်။ ဝိတ်ချနေသူအနေနဲ့လည်း ဝိတ်ချနေတဲ့ ကာလတွင်းမှာ ဆံပင်ကျွတ်တာကို သတိပြုမိကြမှာပါ။ ဒါပေမယ့် ဝိတ်ချတဲ့ အစီအစဉ်ရပ်တန့်လိုက်ရင် ဆံပင်ကျွတ်တာလည်း ရပ်တန့်သွားပါတယ်။ ဒီတော့… ဘာလို့ ဆံပင်ကျွတ်ရတာလဲ ဆိုတာကိုဝေမျှပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်းကြောင့်

ဝိတ်ချတဲ့သူ အများစုက ဘယ်နှလအတွင်း ဝိတ်ဘယ်နှပေါင်ကျရမယ်၊ ဘယ်လိုနေထိုင်စားသောက် ရမယ် စသဖြင့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ စိတ်ဖိစီးမှုများလှပါတယ်။ အထူးသဖြင့် ဝိတ်ကျဖိုု့ အရေးကို pressure တစ်ခုလို သတ်မှတ်ထားသူတွေက စိတ်ဖိစီးမှုကို ပိုမိုခံစား ရတတ်ပါတယ်။ စိတ်ဖိစီးမှု များခြင်းက သင့်ကို ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများစွာ ထဲက တစ်ချက်ပါပဲ။

(၂) ပရိုတင်းဓာတ်ချို့တဲ့မှုကြောင့်

ဝိတ်ချနေသူတွေက အဆီများတဲ့အစားအစာနဲ့ ပရိုတင်းဓာတ်များတဲ့ အစားအစာတွေကို စားသုံးဖို့ ကြောက်ရွံ့နေတတ် ကြပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေစဉ် ကာလမှာ ပရိုတင်းဓာတ်ချို့တဲ့ လာကြပါတယ်။ ဆံသားများ ကျန်းမာစေဖို့ အတွက် ပရိုတင်းဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ်ချို့တဲ့လာတာနဲ့ အမျှ ဆံသားများကလည်း ကျန်းမာသန်စွမ်းမှု လျော့ပါးလာပြီး ဆံပင်ကျွတ်ရတာပါ။

(၃) ဇင့်ဓာတ်ချို့တဲ့လာခြင်း

ဇင့်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီမှာ လိုအပ်တဲ့ အာဟာရများကို စုပ်ယူနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။ ဝိတ်လျော့တဲ့ကာလအတွင်းမှာ ဇင့်ဓာတ်ချို့တဲ့သွားမယ် ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကလည်း လုံလုံလောက်လောက် မရရှိတော့တဲ့ အတွက် ဦးရေပြားကလည်း ကျန်းမာမှု မရှိတော့ပါဘူး။ ဒါ့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံသားများ မွဲခြောက်ခြောက်ဖြစ်လာရတာပဲ ဖြစ်ပါတယ်။

(၄) အာဟာရမပြည့်ဝတဲ့ Diet plan ကြောင့်

သင့်ရဲ့ Diet plan ကြောင့်လည်း ဆံပင်ကျွတ်ရတယ်ဆိုတာကို မမေ့ပါနဲ့။ ဝိတ်လျော့ဖို့ အတွက်ကိုပဲ ဦးတည်ပြီး စားသောက်ရတဲ့ Diet plan က ဆံသားများ ကျန်းမာသန်စွမ်းမှုကို အားနည်းစေပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေစဉ်မှာ ဆံပင်သိသိသာသာကျွတ်နေတယ် ဆိုရင် သင့်ရဲ့ Diet plan မှာ ဇင့်ဓာတ်နဲ့ အခြားဗီတာမင်ဓာတ်ဖြည့်စွက်စာ များလိုအပ်နေလို့ပါ။ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက် များကို များများစားသုံးပေးတာက ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး အာဟာရမျှတတဲ့ Diet plan ဖြစ်နေဖို့ အရေးကြီးပါတယ်။

Credit : myanmaplatform

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top