iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ် ေနတဲ့သူေတြကို အာဟာရလည္း ျပည့္ဝၿပီး ဝိတ္က်ေစႏုိင္တဲ့ အစားအစာ တစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ကေလးလူႀကီး မေရြး ႀကိဳက္ႏွစ္သက္ၾကၿပီး အရသာေကာင္းမြန္ လွတဲ့ ကန္စြန္းဥပါပဲ။ ဝိတ္ခ်ေနတဲ့ သူေတြအေနနဲ႔ ကန္စြန္းဥကို Diet Plan မွာထည့္သြင္း စားသံုး သင့္တဲ့ အေၾကာင္းအရင္းမ်ားကို ေျပာျပခ်င္ပါတယ္။ အရသာလည္းရွိၿပီး အလြယ္တကူျပဳတ္စားႏုိင္တဲ့ ကန္စြန္းဥက ဝိတ္ခ်ေနသူေတြ ဘာ့ေၾကာင့္ စားသံုး သင့္လဲ ဆိုတာကို က်န္းမာေရးဗဟုသုတအျဖစ္ ေဝမွ်ေပးလိုက္ပါတယ္။

(၁) ကယ္လိုရီဓာတ္နည္းျခင္း

ဝိတ္ခ်ေနတဲ့ ကာလအတြင္းမွာ အာဟာရျဖစ္တာကိုစားသံုးၿပီး ကယ္လိုရီကို အတတ္ႏုိင္ဆံုး ေလ်ာ့ခ်ဖို႔ အေရးႀကီး ပါတယ္။ ကန္စြန္းဥက သင့္ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားကို ေပးစြမ္း ႏုိင္သလို၊ ကယ္လိုရီျမင့္ တက္မႈအတြက္ စိုးရိမ္စရာမလိုတာေၾကာင့္ Diet Plan မွာ စိတ္ရွိလက္ရွိ ထည့္သြင္း ထားလို႔ရပါတယ္။ မ်ားေသာ အားျဖင့္ေတာ့ ကန္စြန္းဥျပဳတ္ကို စားသံုးေပးၾကပါတယ္။

(၂) အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္ျခင္း

ကန္စြန္းဥက အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေနသူေတြ စားသံုး ႏုိင္ပါတယ္။ အမွ်င္ ဓာတ္က အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္တဲ့အတြက္ အထိန္းအကြပ္မဲ့ စားေသာက္ ေနမိတာမ်ိဳး မျဖစ္ ေတာ့ ပါဘူး။ ဒါ့အျပင္ အစာေခ်ဖ်က္လမ္းထဲက အဆိပ္အေတာက္မ်ားနဲ႔ အဆီမ်ားကိုလည္း ဖယ္ရွားေပးႏုိင္ တာေၾကာင့္ ဝိတ္ခ်ေနတဲ့သူေတြနဲ႔ သင့္ေတာ္တဲ့ အစားအစာ တစ္မ်ိဳး ပါပဲ။

(၃) ေရဓာတ္ျပည့္ဝစြာပါဝင္ျခင္း

ဝိတ္ခ်ေနတဲ့သူအဖို႔ေတာ့ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ေရဓာတ္ျပည့္ဝေနဖို႔ အေရးႀကီးပါတယ္။ ဒါမွ အဆီပိုေတြကို ေခ်ဖ်က္ေပးႏုိင္ၿပီး ဝိတ္က်ေစမွာပါ။ ကန္စြန္းဥက ေရဓာတ္ျပည့္ဝစြာ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္တြင္းက အဆီပို မ်ားကို ေလာင္ကၽြမ္းေစၿပီး က်န္းမာေပါ့ပါး သြက္လက္ေစပါတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနသူေတြ ကန္းစြန္းဥကို မျဖစ္မေန စားသံုးသင့္ပါတယ္။

(၄) Antioxidants ၾကြယ္ဝစြာပါဝင္ျခင္း

ခႏၶာကိုယ္တြင္းက ေအာက္ဆီဂ်င္၊ အန္တီေအာက္စီးဒန္႔ေတြကို ပံုမွန္အတုိင္း လည္ပတ္ေနမွ က်န္းမာလွပတဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္မွာပါ။ တကယ္လို႔ ခႏၶာကိုယ္တြင္းက ေအာက္ဆီဂ်င္ အလံုအေလာက္ မရွိဘူးဆိုရင္ စိတ္ဖိစီး မႈမ်ားၿပီး တစ္ဖန္ စိတ္ဖိစီးမႈေၾကာင့္ အဝလြန္လာရျခင္းပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Antioxidants ၾကြယ္ဝစြာ ပါဝင္တဲ့ ကန္စြန္းဥကို စားသံုးေပးသင့္ပါတယ္။

Credit : myanmaplatform
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ်အလေးချိန် လျော့ချ နေတဲ့သူတွေကို အာဟာရလည်း ပြည့်ဝပြီး ဝိတ်ကျစေနိုင်တဲ့ အစားအစာ တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေးလူကြီး မရွေး ကြိုက်နှစ်သက်ကြပြီး အရသာကောင်းမွန် လှတဲ့ ကန်စွန်းဥပါပဲ။ ဝိတ်ချနေတဲ့ သူတွေအနေနဲ့ ကန်စွန်းဥကို Diet Plan မှာထည့်သွင်း စားသုံး သင့်တဲ့ အကြောင်းအရင်းများကို ပြောပြချင်ပါတယ်။ အရသာလည်းရှိပြီး အလွယ်တကူပြုတ်စားနိုင်တဲ့ ကန်စွန်းဥက ဝိတ်ချနေသူတွေ ဘာ့ကြောင့် စားသုံး သင့်လဲ ဆိုတာကို ကျန်းမာရေးဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါတယ်။

(၁) ကယ်လိုရီဓာတ်နည်းခြင်း

ဝိတ်ချနေတဲ့ ကာလအတွင်းမှာ အာဟာရဖြစ်တာကိုစားသုံးပြီး ကယ်လိုရီကို အတတ်နိုင်ဆုံး လျော့ချဖို့ အရေးကြီး ပါတယ်။ ကန်စွန်းဥက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ပေးစွမ်း နိုင်သလို၊ ကယ်လိုရီမြင့် တက်မှုအတွက် စိုးရိမ်စရာမလိုတာကြောင့် Diet Plan မှာ စိတ်ရှိလက်ရှိ ထည့်သွင်း ထားလို့ရပါတယ်။ များသော အားဖြင့်တော့ ကန်စွန်းဥပြုတ်ကို စားသုံးပေးကြပါတယ်။

(၂) အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်း

ကန်စွန်းဥက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန် လျော့ချနေသူတွေ စားသုံး နိုင်ပါတယ်။ အမျှင် ဓာတ်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် အထိန်းအကွပ်မဲ့ စားသောက် နေမိတာမျိုး မဖြစ် တော့ ပါဘူး။ ဒါ့အပြင် အစာချေဖျက်လမ်းထဲက အဆိပ်အတောက်များနဲ့ အဆီများကိုလည်း ဖယ်ရှားပေးနိုင် တာကြောင့် ဝိတ်ချနေတဲ့သူတွေနဲ့ သင့်တော်တဲ့ အစားအစာ တစ်မျိုး ပါပဲ။

(၃) ရေဓာတ်ပြည့်ဝစွာပါဝင်ခြင်း

ဝိတ်ချနေတဲ့သူအဖို့တော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဒါမှ အဆီပိုတွေကို ချေဖျက်ပေးနိုင်ပြီး ဝိတ်ကျစေမှာပါ။ ကန်စွန်းဥက ရေဓာတ်ပြည့်ဝစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းက အဆီပို များကို လောင်ကျွမ်းစေပြီး ကျန်းမာပေါ့ပါး သွက်လက်စေပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေသူတွေ ကန်းစွန်းဥကို မဖြစ်မနေ စားသုံးသင့်ပါတယ်။

(၄) Antioxidants ကြွယ်ဝစွာပါဝင်ခြင်း

ခန္ဓာကိုယ်တွင်းက အောက်ဆီဂျင်၊ အန်တီအောက်စီးဒန့်တွေကို ပုံမှန်အတိုင်း လည်ပတ်နေမှ ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ တကယ်လို့ ခန္ဓာကိုယ်တွင်းက အောက်ဆီဂျင် အလုံအလောက် မရှိဘူးဆိုရင် စိတ်ဖိစီး မှုများပြီး တစ်ဖန် စိတ်ဖိစီးမှုကြောင့် အဝလွန်လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Antioxidants ကြွယ်ဝစွာ ပါဝင်တဲ့ ကန်စွန်းဥကို စားသုံးပေးသင့်ပါတယ်။

Credit : myanmaplatform

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top