iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရး စစ္တမ္းေကာက္ခ်က္တစ္ခုအရ အသက္ (၈၅) ႏွစ္နဲ႔ အထက္ရွိသူမ်ားရဲ့ ၅၀% က ဒူးနာေဝဒနာကို ခံစားေနရတယ္လို႔ သိရပါတယ္။ ေန႔စဥ္ ကိုယ္လက္လႈပ္ရွားမႈ မလုပ္ဘူးဆိုရင္ အသက္အရြယ္ႀကီးလာတာနဲ႔အမွ် သင့္ အရုိး၊ အဆစ္ေတြကို ေကာင္းေကာင္းမြန္မြန္ ေကြးလို႔ ဆန္႔လို႔ မရျဖစ္လာမွာပါ။ အရုိး တစ္ခုနဲ႔ တစ္ခုကို ခ်ိတ္ဆက္ေပးထားတဲ့ အရြတ္ေတြကလည္း ေခ်ာေခ်ာေမြ႕ေမြ႕ မရွိေတာ့ပါဘူး။

ဒူးနာတဲ့ ေဝဒနာခံစားရတာ ေတာ္ေတာ္ႀကီးကို ေနရထိုင္ရတာ အဆင္မေျပတာပါ။ ဒူးဆစ္က တဆစ္ဆစ္နဲ႔ ကိုက္ခဲတာေၾကာင့္ ထိုင္ေနရာကေန ခ်က္ခ်င္း ထလို႔မရ၊ ထ ေနရာကေန ခ်က္ခ်င္း မထိုင္ႏိုင္ ျဖစ္လာပါတယ္။  ကိုယ္တိုင္ခံစားေနရတာ၊ အသိမိတ္ေဆြေတြထဲမွာ ဒူးေခါင္း အဆစ္ေတြ နာက်င္တာ ရွိေနရင္ အျမန္ဆံုးနဲ႔ အလြယ္ဆံုး သက္သာ ေျပေလ်ာ့ေစမယ့္ နည္းလမ္းေလးတစ္ခု ရွိပါတယ္။

အရင္ဦးဆံုး ပဝါတစ္ထည္ (သို႔) တဘက္တစ္ထည္ လိုပါမယ္။ ပဝါကို ႏွစ္ေခါက္ သံုးေခါက္ ေသခ်ာ ေခါက္လိုက္ပါ။ လူက ခံု (သို႔) ဆိုဖာေပၚမွာ ေျခႏွစ္ဖက္ခ်ၿပီး ထိုင္ေနရပါမယ္။ ဒူးနာေဝဒနာ ခံစားေနရတာ ဘယ္ဘက္ဒူး ဆိုရင္ ေခါက္ထားတဲ့ပဝါကို ဘယ္ဘက္ဒူးေခါင္းအတြင္းဘက္မွာ ညွပ္လိုက္ပါ။ ပဝါအေခါက္ေလးကို ညွပ္ထားရင္းနဲ႔ ထိုင္ေနတဲ့ ခံုေပၚထိ ေျခဖဝါးကို မတင္ၿပီး ဒူူးတစ္ေခ်ာင္းေထာင္ ထိုင္လိုက္ရပါမယ္။ ေကြးၿပီး ေထာင္ထားတဲ့ ဒူးကို လက္ႏွစ္ဖက္နဲ႔ ပိုက္လိုက္ၿပီး ေျခဖေနာင့္ကို ခံုေပၚမွာ အားစိုက္ဖိထားေပးပါ။ ေျခဖေနာင့္ကို ဖိထားေပးရင္းက ေပါင္ၾကြက္သားနဲ႔ ေျခသလံုးၾကြက္သားေတြကို ညွစ္လိုက္၊ ျပန္ေလ်ာ့လိုက္ တတ္ႏိုင္သေလာက္ လုပ္ေပးရပါမယ္။ ဒူးေခါင္းကေန တင္းမာလာတာကို ခံစားရတာနဲ႔ သတိေလး နည္းနည္းထားၿပီး ညွစ္တာ ေလ်ာ့ေပးပါ။

ဒူးေခါင္းၾကားထဲမွာ အဝတ္စကို ညွပ္ေပးထားျခင္းက ဒူးေကြးတဲ့အခါမွာ ကူရွင္သေဘာမ်ိဳးျဖစ္သြားၿပီး ဒူးေကြးရ ဆန္႔ရလုပ္ရတာကို သက္သာသြားေစမွာပါ။ ဒီ ဒူးေခါင္းၾကားမွာ အဝတ္ညွပ္ၿပီး ေကြးညွစ္ေပးရတဲ့ ေလ့က်င့္ခန္းကို ပံုမွန္လုပ္ေပးမယ္ဆိုရင္ ဒူးေခါင္းအရြတ္ေတြ ေပ်ာ့ေပ်ာင္းလာႏိုင္ေစၿပီး ဒူးဆစ္ကေန တဆစ္ဆစ္နာက်င္တဲ့ေဝဒနာကို သက္သာေစႏိုင္မွာ ျဖစ္ပါတယ္။ ဒီလို ညွစ္ေပးရတာအက်င့္ျဖစ္လာၿပီဆိုရင္ ညွပ္ထားတ့ဲပဝါကို ဒူးေခါင္းၾကားထဲ ေရာက္ႏိုင္သမွ် ေရာက္ေအာင္ ညွစ္ၿပီး ပို႔ေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။

Source : Oprah own tv

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျန်းမာရေး စစ်တမ်းကောက်ချက်တစ်ခုအရ အသက် (၈၅) နှစ်နဲ့ အထက်ရှိသူများရဲ့ ၅၀% က ဒူးနာဝေဒနာကို ခံစားနေရတယ်လို့ သိရပါတယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု မလုပ်ဘူးဆိုရင် အသက်အရွယ်ကြီးလာတာနဲ့အမျှ သင့် အရိုး၊ အဆစ်တွေကို ကောင်းကောင်းမွန်မွန် ကွေးလို့ ဆန့်လို့ မရဖြစ်လာမှာပါ။ အရိုး တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်ပေးထားတဲ့ အရွတ်တွေကလည်း ချောချောမွေ့မွေ့ မရှိတော့ပါဘူး။

ဒူးနာတဲ့ ဝေဒနာခံစားရတာ တော်တော်ကြီးကို နေရထိုင်ရတာ အဆင်မပြေတာပါ။ ဒူးဆစ်က တဆစ်ဆစ်နဲ့ ကိုက်ခဲတာကြောင့် ထိုင်နေရာကနေ ချက်ချင်း ထလို့မရ၊ ထ နေရာကနေ ချက်ချင်း မထိုင်နိုင် ဖြစ်လာပါတယ်။  ကိုယ်တိုင်ခံစားနေရတာ၊ အသိမိတ်ဆွေတွေထဲမှာ ဒူးခေါင်း အဆစ်တွေ နာကျင်တာ ရှိနေရင် အမြန်ဆုံးနဲ့ အလွယ်ဆုံး သက်သာ ပြေလျော့စေမယ့် နည်းလမ်းလေးတစ်ခု ရှိပါတယ်။

အရင်ဦးဆုံး ပဝါတစ်ထည် (သို့) တဘက်တစ်ထည် လိုပါမယ်။ ပဝါကို နှစ်ခေါက် သုံးခေါက် သေချာ ခေါက်လိုက်ပါ။ လူက ခုံ (သို့) ဆိုဖာပေါ်မှာ ခြေနှစ်ဖက်ချပြီး ထိုင်နေရပါမယ်။ ဒူးနာဝေဒနာ ခံစားနေရတာ ဘယ်ဘက်ဒူး ဆိုရင် ခေါက်ထားတဲ့ပဝါကို ဘယ်ဘက်ဒူးခေါင်းအတွင်းဘက်မှာ ညှပ်လိုက်ပါ။ ပဝါအခေါက်လေးကို ညှပ်ထားရင်းနဲ့ ထိုင်နေတဲ့ ခုံပေါ်ထိ ခြေဖဝါးကို မတင်ပြီး ဒူူးတစ်ချောင်းထောင် ထိုင်လိုက်ရပါမယ်။ ကွေးပြီး ထောင်ထားတဲ့ ဒူးကို လက်နှစ်ဖက်နဲ့ ပိုက်လိုက်ပြီး ခြေဖနောင့်ကို ခုံပေါ်မှာ အားစိုက်ဖိထားပေးပါ။ ခြေဖနောင့်ကို ဖိထားပေးရင်းက ပေါင်ကြွက်သားနဲ့ ခြေသလုံးကြွက်သားတွေကို ညှစ်လိုက်၊ ပြန်လျော့လိုက် တတ်နိုင်သလောက် လုပ်ပေးရပါမယ်။ ဒူးခေါင်းကနေ တင်းမာလာတာကို ခံစားရတာနဲ့ သတိလေး နည်းနည်းထားပြီး ညှစ်တာ လျော့ပေးပါ။

ဒူးခေါင်းကြားထဲမှာ အဝတ်စကို ညှပ်ပေးထားခြင်းက ဒူးကွေးတဲ့အခါမှာ ကူရှင်သဘောမျိုးဖြစ်သွားပြီး ဒူးကွေးရ ဆန့်ရလုပ်ရတာကို သက်သာသွားစေမှာပါ။ ဒီ ဒူးခေါင်းကြားမှာ အဝတ်ညှပ်ပြီး ကွေးညှစ်ပေးရတဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင် ဒူးခေါင်းအရွတ်တွေ ပျော့ပျောင်းလာနိုင်စေပြီး ဒူးဆစ်ကနေ တဆစ်ဆစ်နာကျင်တဲ့ဝေဒနာကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ညှစ်ပေးရတာအကျင့်ဖြစ်လာပြီဆိုရင် ညှပ်ထားတဲ့ပဝါကို ဒူးခေါင်းကြားထဲ ရောက်နိုင်သမျှ ရောက်အောင် ညှစ်ပြီး ပို့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

Source : Oprah own tv

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top