iMyanmarHouse.com - Best Property Website for Myanmar
×


ဝက်ခြံအတွက် Face Mask


ဝက်ခြံအမာရွတ်


နေလောင်ဒဏ်


Moisturizer


Makeup Remover


Eyebrow Gel


Hair Conditioner


Hand Lotion


Shaving Gel


Credit : Mystyle

ရှားစောင်းလတ်ပတ်ဟာဆိုရင် အလှအပရေးရာအဖြာဖြာအတွက် အရမ်းကိုကောင်းကျိုးပေးပြီး အသုံးဝင်တယ်ဆိုတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အလှအပကိုချစ်မြတ်နိုးတဲ့ မိန်းကလေးတိုင်းအတွက် ရှားစောင်းလက်ပတ်ရဲ့ ခေါင်းအစခြေအဆုံး အသုံးဝင်တဲ့အချက်လေးတွေနဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဝက်ခြံအတွက် Face Mask

ဝက်ခြံရှိတဲ့သူတွေအတွက်တော့ ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး Brush နဲ့ယူကာ မျက်နှာမှာလိမ်းပေးပြီး Face Mask အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဝက်ခြံအမာရွတ်

ဝက်ခြံကြောင့်ဖြစ်တဲ့ မျက်နှာပေါ်ကအမာရွတ်တွေကို ပျောက်ကင်းသက်သာဖို့အတွက် ရှားစောင်းလက်ပတ်ရဲ့အထဲက ဂျယ်လ်အတုံးလေးတွေနဲ့ မျက်နှာကိုပွတ်ပြီးလိမ်းပေးမယ်ဆိုရင်တော့ သက်သာပျောက်ကင်းစေပါတယ်။

နေလောင်ဒဏ်

အသားအရေကနေလောင်ထားတဲ့အခါမျိုးမှာဆိုရင် ရှားစောင်းလက်ပတ်ဂျယ်လ်ကို နေလောင်နေတဲ့နေရာမှာလိမ်းပေးပါ။ သူက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့အရာတွေကို သက်သာစေပါတယ်။

Moisturizer

ရှားစောင်းလက်ပတ်ဂျယ်လ်ကိုမျက်နှာမှာလိမ်းပေးပြီး Moisturizer အဖြစ်နဲ့လည်း အသုံးပြုလို့ရပါတယ်။

Makeup Remover

ရှားစောင်းလက်ပတ်ဂျယ်လ်ကို မိတ်ကပ်ဖျက်တဲ့ဂွမ်းစလေးနဲ့ယူပြီး Makeup Remover အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။

Eyebrow Gel

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ကျေသွားအောင်ချေပေးပြီး မျက်တောင်ကော့တဲ့အတံလေးနဲ့ယူကာ Eyebrow Gel အဖြစ်နဲ့ အသုံးပြုလို့ရပါတယ်။

Hair Conditioner

ရှားစောင်းလက်ပတ်ဂျယ်လ်ကိုချေပြီး ဆံပင်မှာနေရာအနှံ့လိမ်းပေးကာ Hair Conditioner အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။

Hand Lotion

Blander ထဲကိုအုန်းဆီနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ထည့်ကာရောမွှေပြီး ရလာတဲ့အရာကိုမှ Hand Lotion အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။

Shaving Gel

ရှားစောင်းလက်ပတ်ဂျယ်ကို Shaving Gel အဖြစ်နဲ့ အရင်လိမ်းပြီးမှ Shaving လုပ်လို့လည်းရပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top