iMyanmarHouse.com - Best Property Website for Myanmar
×

သံလြင္ဆီကအလွအပအတြက္ဆိုရင္ အဘက္ဘက္ကေန ေကာင္းက်ိဳးေတြျပဳေနတယ္ဆိုတာေတာ့ လူတိုင္းသိၿပီးျဖစ္ပါတယ္။ သံလြင္ဆီက ဆံသားအတြက္လည္း ေကာင္းက်ိဳးေတြရွိတယ္ဆိုေတာ့ ပိုၿပီးေကာင္းက်ိဳးေတြမ်ားေအာင္ တစ္ျခားအရာေတြနဲ႔ေပါင္းစပ္ၿပီး ဆံသားကိုျပင္ဆင္မယ္ဆိုရင္ အက်ိဳးပိုထူးတာေပါ႔။ ဘယ္လိုအရာေတြနဲ႔ ေရာစပ္ၿပီးပ်က္စီးေနတဲ့ ဆံသားေတြကို ျပန္ျပဳျပင္ေပးႏိုင္မလဲဆိုတာကို ပ်ိဳေမတို႔သိေစဖို႔ ေျပာျပေပးမယ္ေနာ္။

ေထာပတ္သီးကိုသံလြင္ဆီနဲ႔ ေရာၿပီးဆံသားေတြကို ေပါင္းတင္ေပးမယ္ဆိုရင္ ဆံသားေတြကိုႏူးညံ့ၿပီး ေရဓာတ္ျပန္လည္ျပည့္ဝေစတာေၾကာင့္လည္း ေျခာက္ေသြ႕မႈေတြကိုေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္။ ေထာပတ္သီးအႏွစ္ကို သံလြင္ဆီစားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ေရာၿပီးအႏွစ္ေတြျဖစ္ေအာင္ထိ ေမႊေပးလိုက္ပါ။ ဆံသားေတြမွာ ႏွံ႔စပ္ေအာင္လိမ္းေပးၿပီး Shower Cap နဲ႔ ၄၅ မိနစ္ အခ်ိန္ရရင္ ၁ နာရီေလာက္ထားေပးလို႔လည္းရပါတယ္။ အခ်ိန္ျပည့္သြားၿပီဆိုရင္ေတာ့ ေရေအးေလးနဲ႔ပဲ ပုံမွန္တိုင္းေခါင္းေလွ်ာ္ေပးလိုက္ေပါ့။ တစ္ပတ္တစ္ႀကိမ္ေလာက္ ပုံမွန္လုပ္ေပးမယ္ဆိုရင္ တစ္လေလာက္ဆိုရင္ သိသာတဲ့ရလဒ္ကို ရရွိမွာပဲျဖစ္ပါတယ္။

အုန္းဆီကလည္း ဆံသားအတြက္ေကာင္းက်ိဳးေတြ အမ်ားႀကီးပဲရွိေစတဲ့အရာတစ္ခုပါပဲေနာ္။ အေအးခံထားတဲ့ အုန္းဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကို သံလြင္ဆီလက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ ေသခ်ာေရာေမႊၿပီး ဆံသားေတြမွာႏွံစပ္ေအာင္လိမ္းေပးရမွာပဲျဖစ္ပါတယ္။ ဆံသားေတြမွာလိမ္းေပးၿပီး ၁၀ မိနစ္ေလာက္ဦးေရျပားေတြကို ႏွိပ္နယ္ေပးတာမ်ိဳးလုပ္ၿပီး ေရေႏြးစိမ္ထားတဲ့သဘက္နဲ႔ ဆံသားေတြကို ပတ္ထားေပးလိုက္ပါ။ ဒါမွ ဆံသားအတြင္းပိုင္းထဲထိ အာနိသင္ေရာက္မွာျဖစ္ပါတယ္။ မိနစ္ ၃၀ ေလာက္အုပ္ထားၿပီးရင္ ပုံမွန္တိုင္းပဲေခါင္းေလွ်ာ္ေပးလိုက္႐ုံပါပဲ။ ဒီနည္းလမ္းကလည္း တစ္ပတ္ကိုႏွစ္ႀကိမ္ေလာက္ျပဳလုပ္ေပးရင္ ရပါၿပီေနာ္။

အခုနည္းလမ္းေလးကေတာ့ လြယ္ကူလြန္းလို႔ လူတိုင္းလိုက္လုပ္ဖို႔ အဆင္ေျပလိမ့္မယ္လို႔ထင္ပါတယ္။ ပ်ားရည္ကို သံလြင္ဆီနဲ႔ေရာၿပီး ဆံသားေတြမွာႏွံ႔စပ္ေအာင္ သုတ္လိမ္းေပးထားရမွာပဲျဖစ္ပါတယ္။ ေခါင္းေလွ်ာ္မယ့္ အခ်ိန္တိုင္းမွာလုပ္ေပးလို႔ရၿပီး မိနစ္ ၃၀ ေလာက္ပဲထားၿပီး ေခါင္းေလွ်ာ္ရမွာဆိုေတာ့ သိပ္လည္းအခ်ိန္ေပးစရာမလိုေတာ့ဘူးေပါ့။ ေခါင္းေလွ်ာ္မယ့္ေန႔တိုင္းမွာ ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ တစ္လေလာက္ဆိုရင္ေတာ့ သိသာတဲ့ရလဒ္မ်ိဳးကိုရရွိမွာပဲျဖစ္ပါတယ္။

ဒီနည္းလမ္းေလးေတြကေတာ့ ဆံသားေျခာက္ေသြ႕တဲ့သူေတြအတြက္ ႐ိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးေတြျဖစ္ၿပီး ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ လွပတဲ့ဆံသားေလးေတြကို ရရွိၿပီး အၿမဲတမ္းလွပေနႏိုင္ေတာ့မွာေပါ့။

Photo Source: Pinterest

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သံလွင်ဆီကအလှအပအတွက်ဆိုရင် အဘက်ဘက်ကနေ ကောင်းကျိုးတွေပြုနေတယ်ဆိုတာတော့ လူတိုင်းသိပြီးဖြစ်ပါတယ်။ သံလွင်ဆီက ဆံသားအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတော့ ပိုပြီးကောင်းကျိုးတွေများအောင် တစ်ခြားအရာတွေနဲ့ပေါင်းစပ်ပြီး ဆံသားကိုပြင်ဆင်မယ်ဆိုရင် အကျိုးပိုထူးတာပေါ့။ ဘယ်လိုအရာတွေနဲ့ ရောစပ်ပြီးပျက်စီးနေတဲ့ ဆံသားတွေကို ပြန်ပြုပြင်ပေးနိုင်မလဲဆိုတာကို ပျိုမေတို့သိစေဖို့ ပြောပြပေးမယ်နော်။

ထောပတ်သီးကိုသံလွင်ဆီနဲ့ ရောပြီးဆံသားတွေကို ပေါင်းတင်ပေးမယ်ဆိုရင် ဆံသားတွေကိုနူးညံ့ပြီး ရေဓာတ်ပြန်လည်ပြည့်ဝစေတာကြောင့်လည်း ခြောက်သွေ့မှုတွေကိုလျော့နည်းစေမှာပဲဖြစ်ပါတယ်။ ထောပတ်သီးအနှစ်ကို သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီးအနှစ်တွေဖြစ်အောင်ထိ မွှေပေးလိုက်ပါ။ ဆံသားတွေမှာ နှံ့စပ်အောင်လိမ်းပေးပြီး Shower Cap နဲ့ ၄၅ မိနစ် အချိန်ရရင် ၁ နာရီလောက်ထားပေးလို့လည်းရပါတယ်။ အချိန်ပြည့်သွားပြီဆိုရင်တော့ ရေအေးလေးနဲ့ပဲ ပုံမှန်တိုင်းခေါင်းလျှော်ပေးလိုက်ပေါ့။ တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် တစ်လလောက်ဆိုရင် သိသာတဲ့ရလဒ်ကို ရရှိမှာပဲဖြစ်ပါတယ်။

အုန်းဆီကလည်း ဆံသားအတွက်ကောင်းကျိုးတွေ အများကြီးပဲရှိစေတဲ့အရာတစ်ခုပါပဲနော်။ အအေးခံထားတဲ့ အုန်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သံလွင်ဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သေချာရောမွှေပြီး ဆံသားတွေမှာနှံစပ်အောင်လိမ်းပေးရမှာပဲဖြစ်ပါတယ်။ ဆံသားတွေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ဦးရေပြားတွေကို နှိပ်နယ်ပေးတာမျိုးလုပ်ပြီး ရေနွေးစိမ်ထားတဲ့သဘက်နဲ့ ဆံသားတွေကို ပတ်ထားပေးလိုက်ပါ။ ဒါမှ ဆံသားအတွင်းပိုင်းထဲထိ အာနိသင်ရောက်မှာဖြစ်ပါတယ်။ မိနစ် ၃၀ လောက်အုပ်ထားပြီးရင် ပုံမှန်တိုင်းပဲခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကလည်း တစ်ပတ်ကိုနှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ရပါပြီနော်။

အခုနည်းလမ်းလေးကတော့ လွယ်ကူလွန်းလို့ လူတိုင်းလိုက်လုပ်ဖို့ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ ပျားရည်ကို သံလွင်ဆီနဲ့ရောပြီး ဆံသားတွေမှာနှံ့စပ်အောင် သုတ်လိမ်းပေးထားရမှာပဲဖြစ်ပါတယ်။ ခေါင်းလျှော်မယ့် အချိန်တိုင်းမှာလုပ်ပေးလို့ရပြီး မိနစ် ၃၀ လောက်ပဲထားပြီး ခေါင်းလျှော်ရမှာဆိုတော့ သိပ်လည်းအချိန်ပေးစရာမလိုတော့ဘူးပေါ့။ ခေါင်းလျှော်မယ့်နေ့တိုင်းမှာ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ တစ်လလောက်ဆိုရင်တော့ သိသာတဲ့ရလဒ်မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေဖြစ်ပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ လှပတဲ့ဆံသားလေးတွေကို ရရှိပြီး အမြဲတမ်းလှပနေနိုင်တော့မှာပေါ့။

Photo Source: Pinterest

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top