iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းမ တစ္ေယာက္က ေယာက်ာ္း တစ္ေယာက္ကို အမွန္တကယ္ ခ်စ္တဲ့အတြက္သာ ထိုေယာက်ာ္းနဲ႕ တစ္ဘ၀သာ ျဖတ္သန္းဖုိ႕အတြက္ လက္ထပ္ လုိက္ၾကတာပါ။

လက္ထပ္ လုိက္တဲ့အခါ သူမ အပ်ိဳဘ၀က ၀တ္ခဲ့တဲ့ ေဒါက္ျမင့္ ဖိနပ္ကိုလည္း ခြ်တ္ခ်သြားႏုိင္ၿပီး ဖိနပ္ပါးေလးနဲ႕လည္း လမ္းၾကမ္းၾကမ္းမွာ ေလွ်ာက္ရဲပါတယ္။

မ်က္ႏွာျပင္မွာ မိတ္ကပ္မရွိ ႏႈတ္ခမ္းနီလည္း မရွိပဲ အဆီ တ၀င္း၀င္းနဲ႕ မီးဖိုေခ်ာင္ထဲမွာ တကုပ္ကုပ္ အလုပ္ရႈပ္ရင္း သူမရဲ႕ ေယာက်ာ္း အိမ္ျပန္လာခ်ိန္ကို ထမင္း၀ိုင္းျပင္ၿပီး ေစာင့္ေမွ်ာ္ေန မိပါလိမ့္မယ္။

လက္မထပ္ခင္က အိမ္က မင္းသမီးတစ္ပါးလုိ ဖူးဖူး မႈတ္ခံခဲ့ရၿပီး ဘာမွ မလုပ္တတ္ခဲ့ရင္ေတာင္ သူမရဲ႕ေယာက်ား္ကို ခ်စ္တဲ့အတြက္ အိမ္အလုပ္ေတြကို သင္ယူၿပီး အိမ္ေဖၚ တစ္ေယာက္လို က်ိဳးႏြံစြာ ျပဳစုၾကပါလိမ့္မယ္။

သူမဟာ ခ၀ါသည္ တစ္ေယာက္ မဟုတ္ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းရဲ႕ အ၀တ္စားကို ကိုယ္တိုင္ကိုယ္က် ေလွ်ာ္ဖြတ္ မီးပူတုိက္ ျပင္ဆင္ေပးပါလိမ့္မယ္။

အပ်ိဳဘ၀က ၀မွာစိုးလုိ႕ ထိန္းထိန္းသိမ္းသိမ္းျပဳစု ဂရုစိုက္ခဲ့တဲ့ ပိန္သြယ္ေနတဲ့ ခႏၶာကိုယ္ကိုေတာင္ ပံုပ်က္သြားမွာကိုလည္း မမႈပဲ သူခ်စ္တဲ့ ေယာက်ာ္းအတြက္ သားသမီး ရတနာေလးေတြ ေမြးဖြားေပးပါလိမ့္မယ္။

နာနီတစ္ေယာက္လုိ လခေတြ မရေပမဲ့လည္း သူမခ်စ္တဲ့ ေယာက်ား္နဲ႕ေမြးဖြားလားတဲ့ ရင္ေသြးအတြက္ ေန႕မအိပ္ညမအိပ္ ပိုးေမြးသလို ေကြ်းေမြးေစာင့္ေရွာက္ ေပးပါလိမ့္မယ္။


သားသမီးေတြကို ထိန္းေက်ာင္းရင္း အလွျပင္ခ်ိန္ မရွိေတာ့လုိ႕ သူမ်ားမိန္းမေတြေလာက္ မလွေတာ့ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းနဲ႔ ကေလးေတြအတြက္ ေက်နပ္ေနမိတာက မိန္းမေတြပါ။

မိန္းမေတြ ဒီလို အစြန္႔လႊတ္ အနစ္နာခံ ေပးလုိက္ရတာက သူမတို႔မွာ ေယာက်ာ္းရွားလုိ႔ မဟုတ္ပါဘူး။ သူမခ်စ္တဲ့ ေယာက်ာ္းတစ္ဦး တစ္ေယာက္အတြက္သာ ဒီလုိမ်ိဳး ေဆာင္ရြက္ အနစ္နာခံ ေပးႏုိင္တာပါ။

ဒါကိုမွ ပံုပ်က္လို႔ ၊ မလွေတာ့လုိ႔ ၊ အိုလာလုိ႔ ၊ တျခား ေကာင္မေလးေတြေလာက္ မလွေတာ့လို႕ စိတ္ကုန္သြားလုိ႕ ကိုယ့္ကို ပစ္သြားခဲ့ရင္ စိတ္မပ်က္ၾကပါနဲ႕ ။


သူထြက္ခြာသြားတာနဲ႕ အရင္လုိ ေဒါက္ဖိနပ္ေလး စီးၿပီး လွလွပပ ျပန္ေနထိုင္ခြင့္ ကိုယ့္မွာ ရွိပါေသးတယ္။ ကိုယ္ျပန္လည္လွပ ေနတဲ့အခ်ိန္မွာ သူ႕အနားရွိေနတဲ့ မိန္းမကေရာ ကိုယ့္ေလာက္ အိမ္ေထာင့္တာ၀န္ ေက်ပြန္ေနပါ့မလား၊ သူ႕ေပၚ ဂရုစိုက္ရဲ႕လားလုိ႔ ပူမေနပါနဲ႕။ မနာလုိလည္း မျဖစ္ပါနဲ႕။

တကယ္တမ္း ေနာင္တရမွာက တကယ္ ကိုယ့္ေပၚခ်စ္တဲ့ မိန္းမတစ္ေယာက္ကို စြန္႕လႊတ္လုိက္တဲ့ ေယာက်ာ္းပါ။ ကိုယ္ကေတာ့ ဒီအတြက္ ၀မ္းနည္းစရာမလုိပါဘူး။

Credit : Original
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းမ တစ်ယောက်က ယောကျာ်း တစ်ယောက်ကို အမှန်တကယ် ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့ တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ် လိုက်ကြတာပါ။

လက်ထပ် လိုက်တဲ့အခါ သူမ အပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့် ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီး ဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။

မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်း မရှိပဲ အဆီ တဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ် အလုပ်ရှုပ်ရင်း သူမရဲ့ ယောကျာ်း အိမ်ပြန်လာချိန်ကို ထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေ မိပါလိမ့်မယ်။

လက်မထပ်ခင်က အိမ်က မင်းသမီးတစ်ပါးလို ဖူးဖူး မှုတ်ခံခဲ့ရပြီး ဘာမှ မလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ် တစ်ယောက်လို ကျိုးနွံစွာ ပြုစုကြပါလိမ့်မယ်။

သူမဟာ ခဝါသည် တစ်ယောက် မဟုတ်ပေမဲ့ သူမချစ်တဲ့ ယောကျာ်းရဲ့ အဝတ်စားကို ကိုယ်တိုင်ကိုယ်ကျ လျှော်ဖွတ် မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။

အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ ယောကျာ်းအတွက် သားသမီး ရတနာလေးတွေ မွေးဖွားပေးပါလိမ့်မယ်။

နာနီတစ်ယောက်လို လခတွေ မရပေမဲ့လည်း သူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ်ညမအိပ် ပိုးမွေးသလို ကျွေးမွေးစောင့်ရှောက် ပေးပါလိမ့်မယ်။


သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန် မရှိတော့လို့ သူများမိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ။

မိန်းမတွေ ဒီလို အစွန့်လွှတ် အနစ်နာခံ ပေးလိုက်ရတာက သူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး။ သူမချစ်တဲ့ ယောကျာ်းတစ်ဦး တစ်ယောက်အတွက်သာ ဒီလိုမျိုး ဆောင်ရွက် အနစ်နာခံ ပေးနိုင်တာပါ။

ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ ၊ တခြား ကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားလို့ ကိုယ့်ကို ပစ်သွားခဲ့ရင် စိတ်မပျက်ကြပါနဲ့ ။


သူထွက်ခွာသွားတာနဲ့ အရင်လို ဒေါက်ဖိနပ်လေး စီးပြီး လှလှပပ ပြန်နေထိုင်ခွင့် ကိုယ့်မှာ ရှိပါသေးတယ်။ ကိုယ်ပြန်လည်လှပ နေတဲ့အချိန်မှာ သူ့အနားရှိနေတဲ့ မိန်းမကရော ကိုယ့်လောက် အိမ်ထောင့်တာဝန် ကျေပွန်နေပါ့မလား၊ သူ့ပေါ် ဂရုစိုက်ရဲ့လားလို့ ပူမနေပါနဲ့။ မနာလိုလည်း မဖြစ်ပါနဲ့။

တကယ်တမ်း နောင်တရမှာက တကယ် ကိုယ့်ပေါ်ချစ်တဲ့ မိန်းမတစ်ယောက်ကို စွန့်လွှတ်လိုက်တဲ့ ယောကျာ်းပါ။ ကိုယ်ကတော့ ဒီအတွက် ဝမ်းနည်းစရာမလိုပါဘူး။

Credit : Original

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top