iMyanmarHouse.com - Best Property Website for Myanmar
×

လူပ်ိဳၾကီးဆိုတာ …


လူပျိုကြီးဆိုတာ …

မိန်းမယူတယ်ဆိုတာက …
တကယ်တော့ အာဏာရှင်ကို


အိမ်ထောင်သည်တွေလို …

လူပျိုကြီးကျတော့ …

ဆေးပေးမီးယူတဲ့ …


ပြောမယ့်သာပြောတာ …
...........
-ခွက်ဒစ်

ပို့သပေးပါတယ်။

လူပျိုကြီးဆိုတာ …
သော့ခလောက်တိုင်းကို ဖွင့်ခွင့်ရှိတဲ့ …
မာစတာကီးဆိုတာ ဘယ်သူမှငြင်းလို့မရဘူး …

မှောက်ထားတဲ့ ဖဲချပ်လိုပဲ …
လူတိုင်းက စိတ်ဝင်စားနေကြတာ …

လူပျိုကြီးဆိုတာ …
အရာမယွင်းသေးတဲ့ ပတ္တမြားတလုံးပဲ …
ဒါကိုသိလို့ ကဖိုးနီ လူပျိုကြီးလုပ်ခဲ့တာဖြစ်တယ် …

မိန်းမယူတယ်ဆိုတာက …
ကြက်တူရွေးတစ်ကောင်မွေးလိုက်တာ …
မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ …
လွပ်လပ်ခွင့်ကို စစ်တပ်ကိုအပ်လိုက်တာ …
တကယ်တော့ အာဏာရှင်ကို
အုပ်ချုပ်ခွင့်ပေးလိုက်တာနဲ့တူတူပဲ …

လက်ထပ်စာချုပ်ဆိုတာကျတော့ …
လက်နက်ချကြောင်း သဘောတူညီမှုစာချုပ်
ချုပ်လိုက်တာ …တနည်းအားဖြင့် …
ရန်သူကို သေနတ်နဲ့ချိန်ခွင့်ပေးလိုက်တာ …

နောက်ပြီး လူပျိုကြီးဆိုတာ …
အိမ်ထောင်သည်တွေလို …
ကိုယ့်ပိုက်ဆံကိုယ် ခိုးသုံးစရာမလိုဘူး …
ကိုယ့်အလုပ်ချိန်ကိုယ် လိမ်ပြောစရာမလိုဘူး …

အိမ်ထောင်သည်ဆိုတာမျိုးက …
ချိန်ကိုက်ဗုံးတစ်လုံးကို ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး …
လူပျိုကြီးကျတော့ …
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့ တူတယ် …

ဆေးပေးမီးယူတဲ့ …
ဆေးခတ် မီးရှို့သွားရင်ရော ??
မိန်းမတိုင်းမြတ်နေရင် …
စူဠသုဘဒ္ဒါဆိုတာ ရှိလာမှာမဟုတ်ဘူး …

ဒါကြောင့် လူပျိုကြီးဆိုတာ …
လွပ်လပ်ခြင်းကို ကန့်သတ်မခံရတဲ့သူ …
အိမ်ပြန်ချိန်တွေကို ပေတံမတားခံရတဲ့သူ …
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …
အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ …
အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …
လူပျိုလေးတွေရဲ့ အတုယူစရာ …
အိမ်ထောင်သည်တွေရဲ့ မနာလိုခံရသူ …

ပြောမယ့်သာပြောတာ …
လူမိုက်တွေများတဲ့ခေတ်မှာ လူလိမ္မာ(လူနည်းစု)တွေပဲ
အိမ်ထောင်မပြုသင့်မှန်း သိကြတာပါလေ …
...........
-ခွက်ဒစ်
လူပျိုကြီးတွေShakeလိုက်တော့ဟေ့....

Credit : နည်းစနစ်ကျကျအတွေးအခေါ်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top