iMyanmarHouse.com - Best Property Website for Myanmar
×

အသီးမွာ သရက္၊ အသားမွာ ဝက္၊ အရြက္မွာလက္ဖက္ပါတဲ့။ စားအေကာင္းဆံုးအစားအစားေတြကို ရည္ညႊန္းေျပာဆိုထားတဲ့ ေျပာစကားေလးတစ္ခုေပါ့။ ဘယ္အသီးေတြဘယ္ေလာက္ပဲေကာင္းပါတယ္ေျပာေျပာ ေရွးလူၾကီးေတြကေတာ့ အသီးေတြထဲမွာ သရက္သီးကအေကာင္းဆံုးလို႔ဆိုထားပါတယ္။ သရက္သီးက အနံ႔အရသာေရာ အေရာင္အဆင္းပါျပည့္စံုတဲ့အသီးတစ္မ်ိဳးပါ။ သရက္သီးအရသာကိုပဲ လူေတြက သိထားၾကျပီး သရက္သီးကဘယ္လိုမ်ိဳးအက်ိဳးအာနိသင္ေတြရႏိုင္လဲဆိုတာကိုေတာ့ သိသူရွားပါတယ္။

သရက္ပင္က လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄,၀၀၀ေက်ာ္ကတည္းက ကမာၻေျမေပၚမွာရွင္သန္ခဲ့တာျဖစ္ျပီး ဟိမဝႏၱာေဒသက သရက္ပင္ရဲ႕ မိခင္ေဒသပါ။ သရက္သီးအမ်ဳိးေပါင္း ၁,၀၀၀ ေက်ာ္ရွိတာျဖစ္ျပီး တစ္မ်ိဳးနဲ႔တစ္မ်ဳိး အရသာခ်င္းမတူၾကပါဘူး။ အရသာမတူၾကေပမယ့္ ခႏၶာကိုယ္ကို အက်ိဳးျပဳတာခ်င္းကေတာ့ အတူတူပါပဲ။ သရက္သီးကို အစိမ္းတို႔စားတာ၊ သုပ္စားတာ၊ ဆားရည္စိမ္စားတာမ်ိဳးရွိသလို ငံျပာရည္ငရုတ္သီးမႈန္႔နဲ႔နယ္စားတာ၊ ငရုတ္သီးမႈန္႔၊ဆားတို႔နဲ႔လုပ္ထားတဲ့ အရသာမႈန္႔နဲ႔တို႔စားတာလို႔လည္းရပါတယ္။ အမွည့္ခံျပီးစားတာမ်ိဳးလည္းရွိပါတယ္။ သရက္သီးမွည့္ ေဖ်ာ္ရည္ကလည္း ရင္ေအးေစတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးပါ။ ဘယ္လိုပဲစားစားသရက္သီးက ခံတြင္းေတြ႔တာေတာ့အမွန္ပါ။
သရက္သီးကေနရရွိႏိုင္မယ့္ အာဟာရဓာတ္ ေတြက

ခႏၶာကိုယ္အတြက္အက်ိဳးျပဳတဲ့ သရက္သီး တစ္ပန္းကန္စာမွာ

    ကယ္လ္လိုရီက ၁၀၅ ရာခိုင္ႏႈန္း၊
     ကိုယ္ခံအားကို ေကာင္းမြန္ေစႏိုင္တဲ့ ဗီတာမင္ C က ၇၆ ရာခိုင္ႏႈန္း၊
    ဓာတ္တိုးဆန္႔က်င္ ပစၥည္းတစ္ခုျဖစ္သလို အျမင္အာရံုကိုေကာင္းမြန္ေစႏိုင္တဲ့ ဗီတာမင္ A က ၂၅ ရာခိုင္ႏႈန္း၊
    ဦးေႏွာက္တြင္း ေဟာ္မုန္းထုတ္လႊတ္မႈကို ေကာင္းမြန္ေစျပီး ႏွလံုးေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ ဗီတာမင္ B က ၁၁ ရာခိုင္ႏႈန္း၊
    အစာအိမ္အူလမ္းေၾကာင္းကို က်န္းမာေစႏိုင္တဲ့ အမွ်င္ဓာတ္က ၉ ရာခိုင္ႏႈန္း
    ေသြးနီဥဆဲလ္ေတြ ျဖစ္ေပၚမႈကို အေထာက္အကူျပဳေပးႏိုင္တဲ့ copper က ၉ ရာခိုင္ႏႈန္း၊
    ကိုယ္တြင္းက အငန္ဓာတ္ပမာဏကိုထိန္းညွိေပးႏိုင္တဲ့ ပိုတက္ဆီယမ္ဓာတ္က ၇ရာခိုင္ႏႈန္း၊
    မဂၢနီဆီယမ္က ၄ ရာခိုင္ႏႈန္းပါဝင္ပါတယ္။

သရက္သီးစားသံုးေပးမႈကေနရရွိမယ့္ အက်ိဳးေက်းဇူးေတြက

သရက္သီးမွာ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြပါဝင္ေနတာေၾကာင့္ အူမၾကီးကင္ဆာ၊ ရင္သားကင္ဆာ၊ ေသြးကင္ဆာ နဲ႔ ဆီးက်ိတ္ကင္ဆာ ေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ေနာက္တစ္ခ်က္က သရက္သီးဟာ အမွ်င္ဓာတ္ၾကြယ္ဝတဲ့အသီးျဖစ္တာေၾကာင့္ ေသြးတြင္းကိုလက္စထေရာပမာဏ က်ဆင္းေအာင္လည္းလုပ္ေဆာင္ေပးပါေသးတယ္။

အသားအေရလွခ်င္သူေတြအေနနဲ႔လည္း သရက္သီးစားသံုးေပးသင့္ပါတယ္။ သရက္သီးက အသားအေရကို ေခ်ာေမြ႔ေစျပီး ဝက္ျခံေတြကို သက္သာေစႏိုင္ပါတယ္။ သရက္သီးကို စားေပးရံုတင္မဟုတ္ဘဲ မ်က္ႏွာေပၚမွာ ေပါင္းတင္ဖို႔အတြက္လည္း အသံုးျပဳလို႔ရပါတယ္။ မ်က္ႏွာေပၚက ေခၽြးေပါက္ေတြကိုလည္း ပြင့္ေစပါတယ္။ ေနာက္ထပ္တစ္ခ်က္က ေန႔စဥ္ ကြန္ပ်ဴတာေတြ၊ ဖုန္းေတြသံုးေနတဲ့သူေတြအေနနဲ႔ အျမင္အာရံုေကာင္းမြန္ေစျပီး ၾကက္မ်က္သင့္တာနဲ႔ မ်က္လံုးေျခာက္ေသြ႔တာေတြကို ဘုိင့္ဘိုင္လို႔ႏႈတ္ဆက္နိုင္ေစဖို႔အတြက္ သရက္သီးမွည့္ေလးစားေပးပါ။

ေနာက္တစ္ခုေျပာျပခ်င္တာကေတာ့ သရက္ရြက္အေၾကာင္းပါ။ သရက္ရြက္ရဲ႕ အေမႊးနံ႔က ခပ္သင္းသင္းေလးရွိျပီး အရြက္ႏုေလးေတြကို တို႔စားၾကတာမ်ိဳးလည္းရွိပါတယ္။ သရက္ကရြက္ကို ေရေႏြးဆူဆူထဲထည့္ျပဳတ္ျပီး ျပဳတ္ရည္ကို တစ္ညသိပ္ အရြက္ကိုစစ္ျပီး အရည္ကိုသံုးေဆာင္ေပးမယ္ဆိုရင္လည္း ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစတယ္လို႔ ဆိုပါတယ္။

သရက္သီးမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့အတြက္ အစာေၾကခ်က္မႈကို ေကာင္းမြန္ေစတဲ့အသီးတစ္မ်ိဳးပါ။ ဒါေတြတင္လားဆိုေတာ့ မဟုတ္ပါဘူး။ သရက္သီးအစိမ္းကိုေဖ်ာ္ေသာက္ေပးမယ္ဆိုရင္လည္း ရာသီဥတုပူျပင္းမႈေၾကာင့္ ခႏၶာကိုယ္မွာျဖစ္လာနုိင္တဲ့ အပူလွ်ပ္တာလိုမ်ိဳး ေဝဒနာေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ကေတာ့ သရက္သီးမွာ ဗီတာမင္ C၊ ဗီတာမင္ A နဲ႔ carotenoids ၂၅ မ်ိဳးအထိပါဝင္တာေၾကာင့္ ကိုယ္ခံအားကိုေကာင္းမြန္ေစျပီး အျမဲက်န္းမာေနေစမွာ အေသအခ်ာပါ။ လတ္တေလာမွာလိႈင္လိႈင္ေပါေနတဲ့ သရက္သီးကို အရသာရွိရွိေလးစားသံုးရင္း အေပၚမွာေျပာခဲ့တဲ့ အာဟာရဓာတ္ေတြနဲ႔က်န္းမာေရးအက်ိဳးေက်းဇူးေတြကို လက္မလႊတ္တမ္းရယူလိုက္ပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံးအစားအစားတွေကို ရည်ညွှန်းပြောဆိုထားတဲ့ ပြောစကားလေးတစ်ခုပေါ့။ ဘယ်အသီးတွေဘယ်လောက်ပဲကောင်းပါတယ်ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးကအကောင်းဆုံးလို့ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါပြည့်စုံတဲ့အသီးတစ်မျိုးပါ။ သရက်သီးအရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးကဘယ်လိုမျိုးအကျိုးအာနိသင်တွေရနိုင်လဲဆိုတာကိုတော့ သိသူရှားပါတယ်။

သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။ အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့် ဖျော်ရည်ကလည်း ရင်အေးစေတဲ့ ဖျော်ရည်တစ်မျိုးပါ။ ဘယ်လိုပဲစားစားသရက်သီးက ခံတွင်းတွေ့တာတော့အမှန်ပါ။
သရက်သီးကနေရရှိနိုင်မယ့် အာဟာရဓာတ် တွေက

ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ သရက်သီး တစ်ပန်းကန်စာမှာ

    ကယ်လ်လိုရီက ၁၀၅ ရာခိုင်နှုန်း၊
     ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် C က ၇၆ ရာခိုင်နှုန်း၊
    ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်သလို အမြင်အာရုံကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင် A က ၂၅ ရာခိုင်နှုန်း၊
    ဦးနှောက်တွင်း ဟော်မုန်းထုတ်လွှတ်မှုကို ကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် B က ၁၁ ရာခိုင်နှုန်း၊
    အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်က ၉ ရာခိုင်နှုန်း
    သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုကို အထောက်အကူပြုပေးနိုင်တဲ့ copper က ၉ ရာခိုင်နှုန်း၊
    ကိုယ်တွင်းက အငန်ဓာတ်ပမာဏကိုထိန်းညှိပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ၇ရာခိုင်နှုန်း၊
    မဂ္ဂနီဆီယမ်က ၄ ရာခိုင်နှုန်းပါဝင်ပါတယ်။

သရက်သီးစားသုံးပေးမှုကနေရရှိမယ့် အကျိုးကျေးဇူးတွေက

သရက်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ နောက်တစ်ချက်က သရက်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့် သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်းလုပ်ဆောင်ပေးပါသေးတယ်။

အသားအရေလှချင်သူတွေအနေနဲ့လည်း သရက်သီးစားသုံးပေးသင့်ပါတယ်။ သရက်သီးက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ သရက်သီးကို စားပေးရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာ ပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်က ချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်။ နောက်ထပ်တစ်ချက်က နေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးနေတဲ့သူတွေအနေနဲ့ အမြင်အာရုံကောင်းမွန်စေပြီး ကြက်မျက်သင့်တာနဲ့ မျက်လုံးခြောက်သွေ့တာတွေကို ဘိုင့်ဘိုင်လို့နှုတ်ဆက်နိုင်စေဖို့အတွက် သရက်သီးမှည့်လေးစားပေးပါ။

နောက်တစ်ခုပြောပြချင်တာကတော့ သရက်ရွက်အကြောင်းပါ။ သရက်ရွက်ရဲ့ အမွှေးနံ့က ခပ်သင်းသင်းလေးရှိပြီး အရွက်နုလေးတွေကို တို့စားကြတာမျိုးလည်းရှိပါတယ်။ သရက်ကရွက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး ပြုတ်ရည်ကို တစ်ညသိပ် အရွက်ကိုစစ်ပြီး အရည်ကိုသုံးဆောင်ပေးမယ်ဆိုရင်လည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာကြေချက်မှုကို ကောင်းမွန်စေတဲ့အသီးတစ်မျိုးပါ။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ သရက်သီးအစိမ်းကိုဖျော်သောက်ပေးမယ်ဆိုရင်လည်း ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အပူလျှပ်တာလိုမျိုး ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ သရက်သီးမှာ ဗီတာမင် C၊ ဗီတာမင် A နဲ့ carotenoids ၂၅ မျိုးအထိပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပြီး အမြဲကျန်းမာနေစေမှာ အသေအချာပါ။ လတ်တလောမှာလှိုင်လှိုင်ပေါနေတဲ့ သရက်သီးကို အရသာရှိရှိလေးစားသုံးရင်း အပေါ်မှာပြောခဲ့တဲ့ အာဟာရဓာတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို လက်မလွှတ်တမ်းရယူလိုက်ပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top