iMyanmarHouse.com - Best Property Website for Myanmar
×

အညာေျမမွာ အျမဲစိမ္းေနတဲ့ တမာေတြက အရိပ္တင္ရတာမဟုတ္ဘဲ ေဆးဖက္လည္းဝင္သတဲ့။ အညာေဒသကိုအလည္သြားတဲ့အခါ ေန႔လည္ပိုင္းမွာ ေနေတြပူတယ္ဆိုေပမယ့္ ညဘက္ေရာက္လာတဲ့အခါ အိမ္ေရွ႕ ကြပ္ပ်စ္ေလးထြက္ လက္ဖက္စား ေရေႏြးၾကမ္းေသာက္ရင္းႏွာေခါင္းထဲမွာ သင္းသင္းေလးေမႊးလာတဲ့ အနံ႔ေလးတစ္ခုရွိတတ္တာသတိထားမိၾကလား။ အဲ့ဒါကတျခားမဟုတ္ပါဘူး။ အညာေျမမွာမွရႏိုင္တဲ့ တမာနံ႔သင္းသင္းေလးပါ။

တမာကို ေဆးဝါးေတြအတြက္အသံုးျပဳသလို အစားလည္းေဆး ေဆးလည္းအစာဆိုတဲ့အတိုင္း အခ်ဥ္တည္စားတာမ်ိဳးလည္းရွိပါတယ္။ အခုေဆာင္းပါးေလးထဲမွာ အညာေျမရဲ႕ အေငြ႔အသက္တစ္ခုျဖစ္တဲ့ တမာပင္ရဲ႕ ေဆးဖက္ဝင္တဲ့အေၾကာင္းေလးေျပာျပပါရေစ။
တမာဆိုတာ

တမာပင္က အပူပိုင္းအျမဲစိမ္းအပင္တစ္မ်ိဳးပါ။ လြန္ခဲ့တဲ့ ရာစုႏွစ္မ်ားစြာကတည္းက အာရွေဒသကႏိုင္ငံေတြမွာ ေဆးဝါးအျဖစ္အသံုးျပဳလာခဲ့ၾကပါတယ္။ တမာက တစ္ပင္လံုးလိုလိုေဆးဖက္ဝင္တာပါ။ တမာရြက္နဲ႔ အျခားအပင္အစိတ္အပိုင္းေတြကို အစာအိမ္နဲ႔အူလမ္းေၾကာင္းေရာဂါေတြအတြက္ အသံုးျပဳလို႔ရသလို ကူးစက္ေရာဂါေတြကာကြယ္ဖို႔အတြက္လည္းအသံုးျပဳၾကပါတယ္။ ေနာက္တစ္မ်ိဳးအသံုးျပဳလို႔ရတာကေတာ့ အင္းဆက္ေတြနဲ႔ ပိုးမႊားေတြကို ႏွိမ္နင္းတိုက္ထုတ္ေပးတဲ့အရာအျဖစ္ပါ။ တမာကအရိပ္ရရံုတင္မဟုတ္ပါဘူး။ ေဆးဖက္လည္းဝင္ပါေသးတယ္။
တမာရဲ႕ အသံုးဝင္ပံုေတြက

တမာရြက္ကို အနာၾကီးေရာဂါ၊ မ်က္လံုးမွာျဖစ္တဲ့ေဝဒနာေတြ၊ႏွာေခါင္းေသြးလွ်ံတာ၊ အစာအိမ္ေဝဒနာ၊ အစားစားခ်င္စိတ္ေလ်ာ့နည္းတာ၊ အေရျပားအနာ၊ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြ၊ အဖ်ား၊ဆီးခ်ိဳ၊သြားဖံုးေရာဂါနဲ႔အသည္းေရာဂါေတြအတြက္ အသံုးျပဳလို႔ရပါတယ္။ အမ်ိဳးသမီးေတြမွာဆိုရင္လည္ တမာကို သဘာဝသားဆက္ျခားေဆးအျဖစ္အသံုးျပဳႏိုင္ပါတယ္။

တမာပင္အေခါက္ကိုေတာ့ ငွက္ဖ်ားေရာဂါ၊ အစာအိမ္ နဲ႔ အူလမ္းေၾကာင္းေရာဂါေတြကို သက္သာေစဖို႔အတြက္ အသံုးျပဳလို႔ရပါတယ္။

တမာသီး တစ္ပင္လံုးအသံုးဝင္တဲ့ တမာပင္ရဲ႕ အသီးကိုေတာ့ လိပ္ေခါင္းေဝဒနာ၊ အူလမ္းေၾကာင္းမွာျဖစ္တဲ့ သန္ေကာင္တုတ္ေကာင္ေတြကိုေခ်ဖ်က္ဖို႔၊ ဆီးလမ္းေၾကာင္းပိုးဝင္ကူးစက္တာ၊ႏွာေခါင္းေသြးလွ်ံတာ၊ ခၽြဲသလိပ္ေတြ၊ မ်က္လံုးနဲ႔သက္ဆိုင္တဲ့ေဝဒနာေတြ၊ ဆီးခ်ိဳ၊ အနာေတြ နဲ႔ အနာၾကီးေရာဂါေတြအတြက္ အသံုးျပဳလို႔ရပါတယ္။

တမာပြင့္ကိုေတာ့ သည္းေျခရည္အထြက္မ်ားတာ၊ ခၽြဲသလိပ္ေတြျဖစ္တာနဲ႔ သန္ေကာင္တုတ္ေကာင္ေတြကို ေခ်ဖ်က္တာေတြအတြက္အသံုးျပဳလို႔ရပါတယ္။

တမာပင္ရဲ႕ အကိုင္းအခက္ေတြကိုေတာ့ ေခ်ာင္းဆိုးတာ၊ ပန္းနာရင္က်ပ္၊ လိပ္ေခါင္း၊သန္ေကာင္တုတ္ေကာင္ေတြကို ေခ်ဖ်က္တာ၊ အမ်ိဳးသားေတြမွာ မ်ိဳးေအာင္ႏိုင္စြမ္းက်ဆင္းတာကို သက္သာေစဖို႔အသံုးျပဳႏိုင္သလို ဆီးခ်ိဳေဝဒနာအတြက္လည္း အသံုးဝင္ပါတယ္။ သြားနဲ႔သြားဖံုးေရာဂါေတြအတြက္ပါအသံုးျပဳလို႔ရပါတယ္။

တမာေစ့နဲ႔တမာေစ့ဆီကုိေတာ့ အစာအိမ္အူလမ္းေၾကာင္းေဝဒနာေတြနဲ႔ အနာၾကီးေရာဂါေတြအတြက္အသံုးျပဳလို႔ရပါတယ္။ တမာကို ခႏၶာကိုယ္ကိုယ္ခံအားကို တိုးေစဖို႔အတြက္အသံုးျပဳႏိုင္တဲ့ အျပင္ အနာေသြးတိတ္ေစဖို႔အတြက္လည္း အသံုးျပဳလို႔ရပါတယ္။

ဦးေရျပားနဲ႔ဆံသားအတြက္လည္းတမာကို အသံုးျပဳလို႔ရပါတယ္။ ဦးေရျပားေပၚက သန္းေတြကိုဖယ္ရွားဖို႔၊အေရျပားေပၚကအနာေတြကို သက္သာေစဖို႔အတြက္ အသံုးျပဳလို႔ရပါတယ္။ ျခင္မကိုက္ေအာင္ကာကြယ္ဖို႔အတြက္ တမာဆီကိုအသံုးျပဳႏိုင္သလို မ်က္ႏွာေပၚက ဝက္ျခံေတြသက္သာေစဖို႔နဲ႔ အသားအေရႏူးညံ႔စိုျပည္ေစဖို႔အတြက္လည္း တမာရြက္ကို အသံုးျပဳလို႔ရပါတယ္။

တမာရြက္မွာပါတဲ့ ဓာတုဓာတ္ေတြက ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစျပီး အစာေခ်လမ္းေၾကာင္းမွာျဖစ္တဲ့ အနာေတြကို သက္သာေစနိုင္တဲ့အျပင္ ဝမ္းခ်ဳပ္တာမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ခံတြင္းထဲမွာျဖစ္တဲ့ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးႏိုင္ျပီး သြားေတြကိုၾကံ႕ခိုင္က်န္းမာေစပါတယ္။ ကိုယ္ခံအားေကာင္းေစျပီး အသညး္ကို လုပ္ေဆာင္နိုင္စြမ္းျမင့္တက္ေစႏိုင္တာေၾကာင့္ ေသြးသန္႔ေစႏိုင္ျပီး အသက္ရႈလမ္းေၾကာင္းနဲ႔ အစာေျခစနစ္ေတြကို က်န္းမာေစႏုိင္ပါတယ္။ ငွက္ဖ်ားေရာဂါ ကုသရာမွာလည္း တမာရြက္ကေတာ္ေတ္ာေလး အသံုးတည့္တာပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အညာမြေမှာ အမြဲစိမ်းနေတဲ့ တမာတွေက အရိပ်တင်ရတာမဟုတ်ဘဲ ဆေးဖက်လည်းဝင်သတဲ့။ အညာဒေသကိုအလည်သွားတဲ့အခါ နေ့လည်ပိုင်းမှာ နေတွေပူတယ်ဆိုပေမယ့် ညဘက်ရောက်လာတဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စား ရေနွေးကြမ်းသောက်ရင်းနှာခေါင်းထဲမှာ သင်းသင်းလေးမွှေးလာတဲ့ အနံ့လေးတစ်ခုရှိတတ်တာသတိထားမိကြလား။ အဲ့ဒါကတခြားမဟုတ်ပါဘူး။ အညာမြေမှာမှရနိုင်တဲ့ တမာနံ့သင်းသင်းလေးပါ။

တမာကို ဆေးဝါးတွေအတွက်အသုံးပြုသလို အစားလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း အချဉ်တည်စားတာမျိုးလည်းရှိပါတယ်။ အခုဆောင်းပါးလေးထဲမှာ အညာမြေရဲ့ အငွေ့အသက်တစ်ခုဖြစ်တဲ့ တမာပင်ရဲ့ ဆေးဖက်ဝင်တဲ့အကြောင်းလေးပြောပြပါရစေ။
တမာဆိုတာ

တမာပင်က အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အာရှဒေသကနိုင်ငံတွေမှာ ဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလိုဆေးဖက်ဝင်တာပါ။ တမာရွက်နဲ့ အခြားအပင်အစိတ်အပိုင်းတွေကို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုလို့ရသလို ကူးစက်ရောဂါတွေကာကွယ်ဖို့အတွက်လည်းအသုံးပြုကြပါတယ်။ နောက်တစ်မျိုးအသုံးပြုလို့ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့အရာအဖြစ်ပါ။ တမာကအရိပ်ရရုံတင်မဟုတ်ပါဘူး။ ဆေးဖက်လည်းဝင်ပါသေးတယ်။
တမာရဲ့ အသုံးဝင်ပုံတွေက

တမာရွက်ကို အနာကြီးရောဂါ၊ မျက်လုံးမှာဖြစ်တဲ့ဝေဒနာတွေ၊နှာခေါင်းသွေးလျှံတာ၊ အစာအိမ်ဝေဒနာ၊ အစားစားချင်စိတ်လျော့နည်းတာ၊ အရေပြားအနာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အဖျား၊ဆီးချို၊သွားဖုံးရောဂါနဲ့အသည်းရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည် တမာကို သဘာဝသားဆက်ခြားဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

တမာပင်အခေါက်ကိုတော့ ငှက်ဖျားရောဂါ၊ အစာအိမ် နဲ့ အူလမ်းကြောင်းရောဂါတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။

တမာသီး တစ်ပင်လုံးအသုံးဝင်တဲ့ တမာပင်ရဲ့ အသီးကိုတော့ လိပ်ခေါင်းဝေဒနာ၊ အူလမ်းကြောင်းမှာဖြစ်တဲ့ သန်ကောင်တုတ်ကောင်တွေကိုချေဖျက်ဖို့၊ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ၊နှာခေါင်းသွေးလျှံတာ၊ ချွဲသလိပ်တွေ၊ မျက်လုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေ၊ ဆီးချို၊ အနာတွေ နဲ့ အနာကြီးရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။

တမာပွင့်ကိုတော့ သည်းခြေရည်အထွက်များတာ၊ ချွဲသလိပ်တွေဖြစ်တာနဲ့ သန်ကောင်တုတ်ကောင်တွေကို ချေဖျက်တာတွေအတွက်အသုံးပြုလို့ရပါတယ်။

တမာပင်ရဲ့ အကိုင်းအခက်တွေကိုတော့ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်၊ လိပ်ခေါင်း၊သန်ကောင်တုတ်ကောင်တွေကို ချေဖျက်တာ၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်းကျဆင်းတာကို သက်သာစေဖို့အသုံးပြုနိုင်သလို ဆီးချိုဝေဒနာအတွက်လည်း အသုံးဝင်ပါတယ်။ သွားနဲ့သွားဖုံးရောဂါတွေအတွက်ပါအသုံးပြုလို့ရပါတယ်။

တမာစေ့နဲ့တမာစေ့ဆီကိုတော့ အစာအိမ်အူလမ်းကြောင်းဝေဒနာတွေနဲ့ အနာကြီးရောဂါတွေအတွက်အသုံးပြုလို့ရပါတယ်။ တမာကို ခန္ဓာကိုယ်ကိုယ်ခံအားကို တိုးစေဖို့အတွက်အသုံးပြုနိုင်တဲ့ အပြင် အနာသွေးတိတ်စေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။

ဦးရေပြားနဲ့ဆံသားအတွက်လည်းတမာကို အသုံးပြုလို့ရပါတယ်။ ဦးရေပြားပေါ်က သန်းတွေကိုဖယ်ရှားဖို့၊အရေပြားပေါ်ကအနာတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ ခြင်မကိုက်အောင်ကာကွယ်ဖို့အတွက် တမာဆီကိုအသုံးပြုနိုင်သလို မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့နဲ့ အသားအရေနူးညံ့စိုပြည်စေဖို့အတွက်လည်း တမာရွက်ကို အသုံးပြုလို့ရပါတယ်။

တမာရွက်မှာပါတဲ့ ဓာတုဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး အစာချေလမ်းကြောင်းမှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်တဲ့အပြင် ဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာဖြစ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး သွားတွေကိုကြံ့ခိုင်ကျန်းမာစေပါတယ်။ ကိုယ်ခံအားကောင်းစေပြီး အသည်းကို လုပ်ဆောင်နိုင်စွမ်းမြင့်တက်စေနိုင်တာကြောင့် သွေးသန့်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းနဲ့ အစာခြေစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ငှက်ဖျားရောဂါ ကုသရာမှာလည်း တမာရွက်ကတော်တေ်ာလေး အသုံးတည့်တာပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top