iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္ဆီတိုင္းမွာ ေဒါက္ျမင့္ဖိနပ္တစ္ရံေလာက္ေတာ့ အနည္းဆုံးရွိသင့္ပါတယ္။ ပြဲလမ္းသဘင္ေတြကို သြားတဲ့အခါမွာပဲျဖစ္ျဖစ္ စတိုင္က်ၿပီးလွပေနေစဖို႔ဆိုရင္ ေဒါက္ဖိနပ္ေလးတစ္ရံေတာ့ ရွိထားသင့္တာက အမွန္ပါပဲ။ ေဒါက္ဖိနပ္စီးတာက လမ္းေလွ်ာက္ရတာကို ယုံၾကည္မႈရွိေစၿပီး စတိုင္လည္းက်ေစတယ္ဆိုေပမယ့္ မလြယ္ကူလြန္းလွပါဘူး။  ေဒါက္ဖိနပ္စီးၿပီးသြားရင္ ခံစားရတဲ့နာက်င္မႈေတြကိုလည္း မိန္းကေလးခ်င္းခ်င္းပဲ ကိုယ္ခ်င္းစာၾကည့္လို႔ရႏိုင္တာပါ။ ဒါေၾကာင့္ ေဒါက္ဖိနပ္စီးၿပီးနာက်င္မႈေတြကို သက္သာေစမယ့္နည္းလမ္းေလးေတြကို ပ်ိဳေမတို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေျခက်င္းဝတ္ကိုလွည့္ေပးပါ

ေဒါက္ဖိနပ္စီးတဲ့အခါမွာ ေျခက်င္းဝတ္ကိုအားျပဳေပးရတာေၾကာင့္ ေျခက်င္းဝတ္မွာအနာတရမျဖစ္ေအာင္လို႔ လမ္းေလွ်ာက္ၿပီးသြားတဲ့အခ်ိန္ေတြမွာ ေျခက်င္းဝတ္ကိုနာရီလက္တံလွည့္သလိုမ်ိဳး လွည့္ေပးမယ္ဆိုရင္ေတာ့ နာက်င္တာေတြကို သက္သာေစမွာပါ။

တင္းနစ္ေဘာလုံးလဲ လိုအပ္တယ္

ေျခေထာက္ေတြနာက်င္လာၿပီဆိုရင္ တင္းနစ္ေဘာလုံး၊ ဒါမွမဟုတ္ အေအးဘူးနဲ႔လွိမ့္ၿပီး ႏွိပ္နယ္ေပးမယ္ဆိုရင္ သင့္ေျခေထာက္မွာခံစားေနရတဲ့ ေညာင္းညာမႈေဝဒနာေတြကို သက္သာသြားေစမွာပဲျဖစ္ပါတယ္။

ေျခေခ်ာင္းေလးေတြကို ကားေပးပါ

တစ္ေန႔လုံးေဒါက္ဖိနပ္စီးေနတဲ့အခ်ိန္မွာ ေျခဖ်ားေလးေတြကိုလည္း အားျပဳရတာျဖစ္တဲ့အတြက္ေၾကာင့္ နာက်င္မႈေတြကိုလည္းခံစားရမွာေပါ့။ ဒါေၾကာင့္ ေဒါက္ဖိနပ္ကိုခြၽတ္ၿပီးသြားတဲ့အခါမွာ ေျခေခ်ာင္းေလးေတြကို အေၾကာေလ်ာ့တဲ့အေနနဲ႔ ေလ့က်င့္ခန္းေလးလုပ္ေပးသင့္ပါတယ္ေနာ္။

ေရေႏြးေလးစိမ္ေပးပါ

အိမ္ျပန္ေရာက္ၿပီဆိုရင္ ဇလုံတစ္ခုထဲကို ေရေႏြးေႏြးေလးထည့္ၿပီး သင့္ေျခေခ်ာင္းေတြကို အခ်ိန္ခဏေလာက္စိမ္ထားေပးလိုက္ပါ။ ေရေႏြးကခႏၶာကိုယ္မွာရွိေနတဲ့ ေညာင္းညာကိုက္ခဲမႈေတြ ေျပေလ်ာ့သြားေစတာေၾကာင့္ ေဒါက္ဖိနပ္စီးလို႔နာက်င္ေနတဲ့ သင့္ေျခေခ်ာင္းေလးေတြကိုလည္း ေပါ့ပါးလန္းဆန္းသြားေစမွာပါ။

ပလာစတာေဆာင္ထားပါ

ေဒါက္ဖိနပ္စီးလို႔ ေျခေထာက္ေပါက္တာေတြ ျဖစ္လာမယ္ဆိုရင္ ဘယ္လိုမွာနာက်င္မႈကို မွိတ္ႀကိတ္ၿပီးဆက္ခံေနလို႔မရပါဘူး။ ဒါေၾကာင့္ လိုအပ္သည္ျဖစ္ေစ၊ မလိုအပ္သည္ျဖစ္ေစ ပလာစတာေလးေတာ့ အိတ္ထဲမွာေဆာင္ထားဖို႔လိုပါတယ္။

ဒီအခ်က္ေတြကေတာ့ ေဒါက္ဖိနပ္စီးတဲ့မိန္းကေလးတိုင္း သက္ေတာင့္သက္သာျဖစ္ေစဖို႔ မျဖစ္မေနသိထားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ ေျခလွမ္းတိုင္းကိုယုံၾကည္မႈရွိရွိနဲ႔ ေလွ်ာက္လွမ္းႏိုင္ၿပီး စတိုင္က်လွပေနေစဖို႔ဆိုရင္ ဒါေတြကိုသိထားသင့္တယ္ေနာ္။

Photo Source: Pinterest

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတစ်ယောက်ဆီတိုင်းမှာ ဒေါက်မြင့်ဖိနပ်တစ်ရံလောက်တော့ အနည်းဆုံးရှိသင့်ပါတယ်။ ပွဲလမ်းသဘင်တွေကို သွားတဲ့အခါမှာပဲဖြစ်ဖြစ် စတိုင်ကျပြီးလှပနေစေဖို့ဆိုရင် ဒေါက်ဖိနပ်လေးတစ်ရံတော့ ရှိထားသင့်တာက အမှန်ပါပဲ။ ဒေါက်ဖိနပ်စီးတာက လမ်းလျှောက်ရတာကို ယုံကြည်မှုရှိစေပြီး စတိုင်လည်းကျစေတယ်ဆိုပေမယ့် မလွယ်ကူလွန်းလှပါဘူး။  ဒေါက်ဖိနပ်စီးပြီးသွားရင် ခံစားရတဲ့နာကျင်မှုတွေကိုလည်း မိန်းကလေးချင်းချင်းပဲ ကိုယ်ချင်းစာကြည့်လို့ရနိုင်တာပါ။ ဒါကြောင့် ဒေါက်ဖိနပ်စီးပြီးနာကျင်မှုတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခြေကျင်းဝတ်ကိုလှည့်ပေးပါ

ဒေါက်ဖိနပ်စီးတဲ့အခါမှာ ခြေကျင်းဝတ်ကိုအားပြုပေးရတာကြောင့် ခြေကျင်းဝတ်မှာအနာတရမဖြစ်အောင်လို့ လမ်းလျှောက်ပြီးသွားတဲ့အချိန်တွေမှာ ခြေကျင်းဝတ်ကိုနာရီလက်တံလှည့်သလိုမျိုး လှည့်ပေးမယ်ဆိုရင်တော့ နာကျင်တာတွေကို သက်သာစေမှာပါ။

တင်းနစ်ဘောလုံးလဲ လိုအပ်တယ်

ခြေထောက်တွေနာကျင်လာပြီဆိုရင် တင်းနစ်ဘောလုံး၊ ဒါမှမဟုတ် အအေးဘူးနဲ့လှိမ့်ပြီး နှိပ်နယ်ပေးမယ်ဆိုရင် သင့်ခြေထောက်မှာခံစားနေရတဲ့ ညောင်းညာမှုဝေဒနာတွေကို သက်သာသွားစေမှာပဲဖြစ်ပါတယ်။

ခြေချောင်းလေးတွေကို ကားပေးပါ

တစ်နေ့လုံးဒေါက်ဖိနပ်စီးနေတဲ့အချိန်မှာ ခြေဖျားလေးတွေကိုလည်း အားပြုရတာဖြစ်တဲ့အတွက်ကြောင့် နာကျင်မှုတွေကိုလည်းခံစားရမှာပေါ့။ ဒါကြောင့် ဒေါက်ဖိနပ်ကိုချွတ်ပြီးသွားတဲ့အခါမှာ ခြေချောင်းလေးတွေကို အကြောလျော့တဲ့အနေနဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးသင့်ပါတယ်နော်။

ရေနွေးလေးစိမ်ပေးပါ

အိမ်ပြန်ရောက်ပြီဆိုရင် ဇလုံတစ်ခုထဲကို ရေနွေးနွေးလေးထည့်ပြီး သင့်ခြေချောင်းတွေကို အချိန်ခဏလောက်စိမ်ထားပေးလိုက်ပါ။ ရေနွေးကခန္ဓာကိုယ်မှာရှိနေတဲ့ ညောင်းညာကိုက်ခဲမှုတွေ ပြေလျော့သွားစေတာကြောင့် ဒေါက်ဖိနပ်စီးလို့နာကျင်နေတဲ့ သင့်ခြေချောင်းလေးတွေကိုလည်း ပေါ့ပါးလန်းဆန်းသွားစေမှာပါ။

ပလာစတာဆောင်ထားပါ

ဒေါက်ဖိနပ်စီးလို့ ခြေထောက်ပေါက်တာတွေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုမှာနာကျင်မှုကို မှိတ်ကြိတ်ပြီးဆက်ခံနေလို့မရပါဘူး။ ဒါကြောင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ပလာစတာလေးတော့ အိတ်ထဲမှာဆောင်ထားဖို့လိုပါတယ်။

ဒီအချက်တွေကတော့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတိုင်း သက်တောင့်သက်သာဖြစ်စေဖို့ မဖြစ်မနေသိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ခြေလှမ်းတိုင်းကိုယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနိုင်ပြီး စတိုင်ကျလှပနေစေဖို့ဆိုရင် ဒါတွေကိုသိထားသင့်တယ်နော်။

Photo Source: Pinterest

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top