iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္ဒမီ ဆုရရွိၿပီးေနာက္ပိုင္း ရုပ္ရွင္ဇာတ္ကားေတြ ဆက္တိုက္ဆိုသလုိ ရိုက္ကူးရလာတဲ့ ထြန္းထြန္းဟာ လက္ရွိမွာ ခ်စ္သူေခ်ာေခ်ာေလး တစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားသူပါ။သူရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြကို ေဖ့စ္ဘြတ္၊ အင္စတာဂရမ္တို႕ကေန အၿမဲတမ္း ေျပာျပေလ့ရွိတဲ့ ထြန္းထြန္းဟာ အသက္အရြယ္အလိုက္ ေျပာင္းလဲလာတဲ့ အခ်စ္ေရး ခံစားခ်က္ကိုလည္း ယခုလို ေျပာျပလာပါတယ္ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းေျပာျပလာသူ တစ္ဦးပါ။

“ကၽြန္ေတာ့္အခ်စ္ေရးက အမ်ားႀကီး ေျပာျပေနစရာမလိုေတာ့ပါဘူး။ ကၽြန္ေတာ့္ရဲ႕ ေဖ့စ္ဘြတ္နဲ႕ အင္စတာဂရမ္ကိုသာ Follower လုပ္ထားပါ။ အဲ့ဒီမွာ အားလံုးကို ပြင့္ပြင့္လင္းလင္းသိရပါမယ္။အခ်စ္နဲ႕ ပတ္သက္ၿပီး ခံစားခ်က္တို႕ စိတ္အေနအထားတို႕ဆိုတာ အသက္အရြယ္ အလုိက္ေတာ့ လူတိုင္းေျပာင္းလဲတာပဲဆိုေတာ့ ကၽြန္ေတာ္လည္း လူထဲက လူျဖစ္တဲ့အတြက္ေတာ့ ပိုၿပီးေတာ့ တည္ၿငိမ္ရင့္က်က္ခ်င္လာတယ္။ ပိုၿပီးေတာ့ တည္ၿငိမ္ခ်င္တယ္။ အလုပ္ဆိုလည္း အရင္တုန္းကလို မ်ိဳးကေလးလို မလုပ္ေတာ့ဘူး။ ကိုယ္ခ်ိန္းထာရင္လညး္ ေနာက္က်ခ်င္လည္း ေနာက္က်တယ္။ အခုကအဲ့လိုမ်ိဳး လုပ္ခြင့္မရွိေတာ့ဘူး။” လို႕ ထြန္းထြန္းက Media ကို ေျဖဆိုေပးခဲ့ပါတယ္။

အကယ္ဒမီရၿပီးေနာက္ပိုင္းမွာ အိုက္ရွင္ဒရာမာကားေတြ ပိုၿပီးေတာ့ ရိုက္ကူးခြင့္ရလာတဲ့ ထြန္းထြန္းဟာ အလုပ္ျပန္လုပ္လာခ်ိန္ (၂)ႏွစ္အေတာအတြင္းမွာ လုပ္ခ်င္တာေတြ အမ်ားႀကီး ရွိေပမယ့္ ေျဖေျဖခ်င္းနဲ႕ အေကာင္အထည္ေဖာ္သြားမယ္လို႕ ဆုိပါတယ္။ သူ႕အေနနဲ႕ ယခုလုိမ်ိဳး ေအာင္ျမင္လာတာဟာ အားေပးတဲ့ ပရိသတ္ေတြ အခိုင္အမာရွိထားသလို သူ႕ကို ပံ့ပိုးေပးတဲ့ ပတ္ဝန္းက်င္ေကာင္း ေတြရထားတာေၾကာင့္ပါလို႕ အင္တာဗ်ဴးမွာ ေျဖဆုိေပးခဲ့ပါတယ္။

အခုဆိုရင္ ထြန္းထြန္းနဲ႕ သူရဲ႕ ေကာင္မေလးတို႕ရဲ႕ ခ်စ္သူသက္တမ္းက (၁၀)လ ေက်ာ္သြားခဲ့ပါၿပီ။ ခ်စ္သူေကာင္မေလးနဲ႕ ခ်စ္သူစျဖစ္တဲ့ ေန႕ကစၿပီး တစ္ရက္မွ အဆက္အသြယ္ မျပတ္္ခဲ့ဘူးလို႕ ထြန္းထြန္းက သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာဖူးပါတယ္။ ထြန္းထြန္းက ေကာင္မေလးနဲ႕ ရိုက္ထားတဲ့ ပံုေလးေတြကို အင္စတာဂရမ္မွာသာမက အခုဆိုရင္ ေဖ့စ္ဘြတ္အေကာင့္မွာပါ တင္လာတာေတြ႕ရပါတယ္။ထြန္းထြန္းကေတာ့ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေအးေအးေဆးေဆး ျဖစ္ေနခဲ့တာ ၾကာပါၿပီ။ အခုေတာ့ သူ႕ရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားလို႕ ေနပါတယ္။

ထြန္းထြန္းကေတာ့ အခုေနာက္ပိုင္းမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ဆိုသလုိ ရိုက္ကူးလာရသလို မၾကာခင္ရက္ပိုင္းမွာလည္း ဒလန္ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္ဖို႕ ရွိေနပါေသးတယ္။ဂီတေလာကမွာ Examplez ဆုိတဲ့ နာမည္နဲ႕ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ထြန္းထြန္းဟာ သရုပ္ေဆာင္ပိုင္းသို႕ ဝင္ေရာက္လာခဲ့ပါတယ္။

သရုပ္ေဆာင္ဘက္မွာလည္း က်ရာဇာတ္ ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ထြက္ရွိခဲ့ပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြနဲ႕ ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္ထဲမွာ ဆက္တိုက္ရိုက္ကူးလာရသလို သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္အားေပးသူ တစ္ဦးျဖစ္လာခဲ့ပါတယ္။

၂၀၁၆ခုႏွစ္အကယ္ဒမီ စာရင္းဝင္ ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ခိုးဆိုးလုႏႈိက္ ရုပ္ရွင္ဇာတ္ကား၊ အုတ္ၾကားျမတ္ေပါက္ ရုပ္ရွင္ဇာတ္ကားတို႕မွာ ပါဝင္ခဲ့သူ တစ္ဦးျဖစ္ၿပီး အုတ္ၾကားျမက္ေပါက္ ဇာတ္ကားနဲ႕ အကယ္ဒမီရရွိသြားခဲ့တာလည္း ျဖစ္ပါတယ္။

Photo : ထြန္းထြန္း အင္စတာဂရမ္

Credit : Hlataw
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အကယ်ဒမီ ဆုရရှိပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးရလာတဲ့ ထွန်းထွန်းဟာ လက်ရှိမှာ ချစ်သူချောချောလေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူပါ။သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့ကနေ အမြဲတမ်း ပြောပြလေ့ရှိတဲ့ ထွန်းထွန်းဟာ အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ အချစ်ရေး ခံစားချက်ကိုလည်း ယခုလို ပြောပြလာပါတယ်ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာသူ တစ်ဦးပါ။

“ကျွန်တော့်အချစ်ရေးက အများကြီး ပြောပြနေစရာမလိုတော့ပါဘူး။ ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ကိုသာ Follower လုပ်ထားပါ။ အဲ့ဒီမှာ အားလုံးကို ပွင့်ပွင့်လင်းလင်းသိရပါမယ်။အချစ်နဲ့ ပတ်သက်ပြီး ခံစားချက်တို့ စိတ်အနေအထားတို့ဆိုတာ အသက်အရွယ် အလိုက်တော့ လူတိုင်းပြောင်းလဲတာပဲဆိုတော့ ကျွန်တော်လည်း လူထဲက လူဖြစ်တဲ့အတွက်တော့ ပိုပြီးတော့ တည်ငြိမ်ရင့်ကျက်ချင်လာတယ်။ ပိုပြီးတော့ တည်ငြိမ်ချင်တယ်။ အလုပ်ဆိုလည်း အရင်တုန်းကလို မျိုးကလေးလို မလုပ်တော့ဘူး။ ကိုယ်ချိန်းထာရင်လည်း နောက်ကျချင်လည်း နောက်ကျတယ်။ အခုကအဲ့လိုမျိုး လုပ်ခွင့်မရှိတော့ဘူး။” လို့ ထွန်းထွန်းက Media ကို ဖြေဆိုပေးခဲ့ပါတယ်။

အကယ်ဒမီရပြီးနောက်ပိုင်းမှာ အိုက်ရှင်ဒရာမာကားတွေ ပိုပြီးတော့ ရိုက်ကူးခွင့်ရလာတဲ့ ထွန်းထွန်းဟာ အလုပ်ပြန်လုပ်လာချိန် (၂)နှစ်အတောအတွင်းမှာ လုပ်ချင်တာတွေ အများကြီး ရှိပေမယ့် ဖြေဖြေချင်းနဲ့ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ယခုလိုမျိုး အောင်မြင်လာတာဟာ အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာရှိထားသလို သူ့ကို ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်ကောင်း တွေရထားတာကြောင့်ပါလို့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။

အခုဆိုရင် ထွန်းထွန်းနဲ့ သူရဲ့ ကောင်မလေးတို့ရဲ့ ချစ်သူသက်တမ်းက (၁၀)လ ကျော်သွားခဲ့ပါပြီ။ ချစ်သူကောင်မလေးနဲ့ ချစ်သူစဖြစ်တဲ့ နေ့ကစပြီး တစ်ရက်မှ အဆက်အသွယ် မပြတ်ခဲ့ဘူးလို့ ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောဖူးပါတယ်။ ထွန်းထွန်းက ကောင်မလေးနဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို အင်စတာဂရမ်မှာသာမက အခုဆိုရင် ဖေ့စ်ဘွတ်အကောင့်မှာပါ တင်လာတာတွေ့ရပါတယ်။ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့ နေပါတယ်။

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရသလို မကြာခင်ရက်ပိုင်းမှာလည်း ဒလန်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပါသေးတယ်။ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။

သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ် ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo : ထွန်းထွန်း အင်စတာဂရမ်

Credit : Hlataw

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top